ချောကလက်ပင် (ကိုကိုး) စိုက်ပျိုးနည်း

04/03/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် စိုက်ပျိုးဖြစ်ထွန်းသော သီးနှံဖြစ်သည်။ ကချင်ပြည်နယ်တွင်လည်း စိုက်ပျိုးလျှင်ဖြစ်ထွန်းသည့် ဥယျာဉ်ခြံသီးနှံပင် ဖြစ်ပါသည်။ မူရင်းဒေသ မှာ အမေရိကန်တိုက် အလယ်ပိုင်းဒေသဖြစ်သည်။

အမျိုးအစား

ကိုကိုးအမျိုးအစား ()မျိုး ရှိပါသည်။ () Criollo မျိုး () Forastero မျိုး၊ () Trinitario မျိုးတို့ ဖြစ်သည်။ Criollo မျိုးသည် မမှည့်မီ အနီရောင် (သို့) အစိမ်းရောင်ရှိပြီး ရင့်မှည့်သောအခါ အဝါရောင် (သို့) လိမ္မော်ရောင်ရှိုသည်။ အသီးတောင့်၏ မျက်နှာပြင်တွင် အဖုပါရှိပြီး၊ အမြောင်းများလည်း ထင်ရှားစွာပါရှိသည်။ Forastero မျိုးသည် မမှည့်မီ အစိမ်းရောင်ရှိပြီး၊ ရင့်မှည့်သောအခါ အဝါရောင်ရှိသည်။ အသီးခွံပြောင်ချောသည်။ Trinitario မျိုး၏ အသီးခွံမှည့်လျှင် အနီရောင်ရှိသည်။ Trinitario အနီမျိုးသည် အသီးထွက်ကောင်းပြီး ဈေးကွက်တွင် အရည်အသွေးကောင်းမွန်သဖြင့် စိုက်ပျိုးရန်အသင့်တော်ဆုံး ကိုကိုးပင်မျိုး ဖြစ်ပါသည်။

ရာသီဉတု

အပူချိန် (၆၀-၇၀) ဒီဂရီဖာရင်ဟိုက်ရှိ၍ မိုးရေချိန် (၅၀) လက်မအထက် ရွာသွန်းသော ရာသီဥတုမျိုးကို နှစ်သက်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၂၀၀၀) အထိ စိုက်ပျိုးနိုင်ပါသည်။

မြေအမျိုးအစား

ရေအစိုဓာတ်ထိန်းနိုင်သော မြေ၊ ရေမဝပ်ဘဲရေစီးဆင်းမှုကောင်းသည့် မြေ ၊ အပင်၏အမြစ်များကြီးထွားနိုင်သော သဲနုံးမြေ၊ နုံးမြေများ၊ မကျစ်လွန်း မပွလွန်းသောမြေကို လိုအပ်ပါသည်။ မြေချဉ်ငံဓာတ် (-) ရှိသောမြေကို နှစ်သက်သည်။

မြေပြုပြင်ခြင်း

ကိုကိုးပင်အပေါ်တွင် သစ်ပင်ကြီးများ ပေါက်သော၊ နေကာ၊ လေကာရှိနေသော နေရာ၊ စွတ်စိုထိုင်း မှိုင်းသောနေရာတွင်စိုက်ပျိုးမှ ဖြစ်ထွန်းပါသည်။ သို့ဖြစ်၍ အရိပ်ပင်ကြီးများကို မခုတ်လှဲဘဲ ချန်လှပ်ပြီး တောခုတ်ခြင်း၊ အခြောက်လှန်း၍ မီးရှို့ခြင်း၊ ကျွန်းခွေ တို့ကို ပြုလုပ်ပေးရမည်။ မြေပြန့်တောပါးသောနေရာတွင် တစ်နှစ်ခန့်မှကြိုတင်၍ မြေရှင်းခြင်း၊ အရိပ်ပင်စိုက်ခြင်းများ ပြုလုပ်ရမည်။ ကိုကိုးစိုက်သော စိုက်ကျင်းကို အကျယ် () ပေပတ်လည်၊ အနက် () ပေတူး၍ အပေါ်ယံမြေလွှာကို နွားချေးဆွေး၊ သစ်ရွက်ဆွေး၊ မြေဆွေးဆတူရောထည့်၍ ကျင်းကို မြေပြန်ဖို့ပေးပါ။

ပျိုးထောင်ခြင်း

အသီးများခူးပြီး ကြာကြာထားပါက အချဉ်ပေါက်၍ အစို့ထွက် ညံ့တတ်သည်။ သို့ဖြစ်၍ ခူးပြီး (၂၄) နာရီအတွင်း ပျိုးထောင်ရသည်။ ကိုကိုးသီးကို ခွဲကြည့်ပါက အထဲတွင် အစေ့ပေါင်း (၄၀) ခန့်ထိ ပါရှိသည်။ ထိုအစေ့များထဲမှ စိတ်ကြိုက်အစေ့ကို ရွေးချယ်ပြီး ချက်ခြင်းမီးဖိုမှရသော ပြာကိုလူးပြီး၊ အစိုဓာတ်အသင့်အတင့်တွင် နေလှမ်းပြီးမှ ပျိုးထောင်ကြရသည်။

ပျိုးခင်း (သို့မဟုတ်) ပျိုးအိတ်တွင် ထည့်၍ နွားချေးဆွေးကို ဆတူရောစပ်ရသည်။ ပျိုးသက်အနေဖြင့် အနည်းဆုံး ၆ လမှ တစ်နှစ်အတွင်း ထားလေ့ရှိ၍ ပျိုးအိတ် (သို့မဟုတ်) ပျိုးခြင်းမှာ အရွယ်အစားကြီးရန် လိုအပ်သည်။ ပျိုးထောင်စမှစ၍ ရေကို လိုအပ်သလို လောင်းပေးရသည်။ အမိုးအကာထားရန် လိုအပ်ပေသည်။ အပင်ကြီးလာ၍ နွေရာသီရောက်ပါက ပျိုးပင်များကို ချဲ့ပေးရန်နှင့် နေပူဒဏ်ခံနိုင်စေရန် အမိုးကိုခွာ၍ အကျင့်ပြုလုပ်ပေးရမည်။

စိုက်ပျိုးခြင်း

မိုးရာသီတွင် ပြောင်းရွေ့စိုက်ပျိုးကြသည်။ အပင်ကြီး အရိပ်ကျဲကျဲအောက်တွင် နေရောင်ပြရပြီး အပင်ငယ် (ပေ ၁၀ မှ ပေ ၂၀) အမြင့်သာရှိသော အပင် ဖြစ်သည်။ အရိပ်ပင် လလိုသည်။ တန်းကြား၊ ပင်ကြား (x) ပေ စနစ်ဖြင့် စိုက်ကြပြီး၊ တစ်ဧကအပင် (၆၀၅) ပင်ရရှိ သည်။ တချို့ခြံများသည် (၁၀x၁၀) ပေ (ဆယ်ပေပတ်လည်) စိုက်ပျိုးကြပြီး၊ တစ်ဧကအပင် (၄၀၀) ကျော် ရယူထားရှိကြသည်။ ကိုကိုးပင်များကို အုန်းပင်၊ ပိုးဇာပင်၊ ပေါက်ပန်းဖြူ၊ မဲဇာပင်၊ ဘောစကိုင်းပင် များကြား၌ စိုက်ပျိုးကြသည်။ ယာယီအရိပ်ပင်ကို ငှက်ပျောပင်ဖြင့် အရိပ်ပေးကြသည်။ ရေသောက်မြစ်နှင့် အပင်ရင်းမြေနှင့် ကပ်လျက် မြစ်မွှာများရှိသောကြောင့် စိုက်ပျိုးရာတွင် အမြစ်မနာရန် ဂရုပြုရသည်။

မြေဩဇာကျွေးခြင်း

စိုက်ပြီး ၄လမှ ၁၀လသားအထိ အပင်တစ်ပင်အတွက် ယူးရီးယား ၆ကျပ်သား၊ တီဆူပါ ၆ကျပ်သား၊ ပိုတက် ၂ကျပ်သား၊ ၁၈လသားကျော်သော အပင်အတွက် ယူရီးယား ၁၆ ကျပ်သား၊ တီဆူပါ ၁၆ကျပ်သား၊ ပိုတက် ၅ကျပ်သား တို့ကို တစ်နှစ်လျှင် မိုးဦးတစ်ကြိမ်၊ မိုးနှောင်းတစ်ကြိမ် ထည့်ပေးရပါမည်။

အပင်ပြုစုခြင်း

အပင်ငယ်များကို စိုက်ခင်းထဲတွင် စိုက်ပြီးနောက် (-) လခန့်ရှိလျှင် အပင်ခြေပတ်လည်၌ မြေအနည်းငယ် တူးဆွပေးရမည်။ အမြစ်များဘေးသို့ ပို၍ ဖြာထွက်နိုင်သည်။ ပင်ခြေပေါင်းမြက် ရှင်းပေးရမည်။ စိုက်ပျိုးပြီး ၂ နှစ်အတွင်း အပင်အသေအပျောက်များကို အစားထိုး စိုက်ပျိုးပေးရမည်။ စိုက်ပျိုးပြီးသည်မှ ၃ နှစ်အကြာတွင် ပထမအကြိမ် ဘေးကိုင်းဖြာထွက်လာပါက ပင်စည်ထိပ်ပိုင်းကို ဖြတ်ပစ်လေ့ရှိသည်။

နောက်ပိုင်းတွင် အဓိကပင်စည်မှ ထွက်ပေါ်လာသည့် အစို့အတက်များကို ဖယ်ရှားပစ်ရမည်။ အပင်၏ ဘေးဖြာကိုင်းများ အချင်းချင်းမကပ်စေရန် အဖျားပိုင်းကို အနည်းငယ်ဖြတ်ပေးရပါသည်။ သို့မှသာအပင်တွင် နေရောင်နှင့် လေဝင်လေထွက်ကောင်းစွာ ရရှိပြီး မှိုရောဂါကျရောက်မှုကို ဟန့်တားနိုင်မည် ဖြစ်ပါသည်။ ကိုကိုးပင်သည် ပင်စည်နှင့် ကိုင်းများမှသာ အသီးသီးသောကြောင့် ပင်စည်နှင့်ကိုင်းများ ဖြောင့်တန်းစေရန် ကိုင်းပို၊ ကိုင်းညှပ်များကို ဖြတ်တောက်ပေးရန် လိုသည်။

ပိုးမွှားရောဂါ

ပင်စည်းထိုးပိုး၊ ရွက်စားပိုးနှင့် သီးပုတ်ရောဂါများ ကျရောက်ဖျက်စီးတတ်သည်။ အပင်စတင်စိုက်ပျိုးချိန်တွင် ကျိုင်းကောင်ဖျက်သည်။ မိုးဦးနှင့် မိုးပြတ်စ ရွက်နုထွက်ချိန်တွင် ရွက်စားပုရစ်၊ ပိတုန်းများ ကျရောက်တတ်သည်။၊ အသီးမှည့်ချိန် ရှဉ့်၊ ကြွက်၊ ပူး ဖျက်သည်။ ခါချဉ်ကောင်သည် ဝတ်မှုန်ကူးပေးသော လုပ်ငန်းကူညီလုပ်ပေးသဖြင့် ကိုကိုးအပင်ကြီးများတွင် ခါချဉ်ထုပ်များ ထားရှိကြသည်။ ရောဂါနှင့် ပိုးမွှားကိုလည်း ဟန့်တားပေးသည်။ ကိုကိုးပင်တွင် ကျသော ရွက်စားပိုးများကို ခါချဉ်ကောင်များက ဆွဲယူဟန့်တား စားသောက် ဖျက်ဆီးကြသည်။ သီးပုပ်ရောဂါကို ထုံး၊ ဒုတ္ထာဖျော်ရည် (၅း၅း၅၀) အချိုးဖော်စပ်၍ ပက်ဖျန်းကာ ကာကွယ်နှိမ်နင်းပေးရသည်။ ပိုးမွှားများအတွက် မလာသီယွန် ပိုးသတ်ဆေးရည်ဖြင့် နှိမ်နင်းနိုင်သည်။

ခူးဆွတ်ခြင်း

ကိုကိုးပင်သည် စိုက်ပျိုးပြီး သက်တမ်း () နှစ်မှ စတင်သီးပါသည်။ () နှစ်ဆိုလျှင် အထွက်နှုန်းကောင်းပြီး သက်တမ်းရှည် ဥယျာဉ်ခြံသီးနှံမျိုး ဖြစ်ပါသည်။ နှစ် (၄၀) ကျော်သက်တမ်းရှည်ပြီး (၁၀) နှစ်ဆိုလျှင် အသီးဖြိုင်ဖြိုင်သီး၍ နှစ် (၂၀)၊ နှစ် (၃၀) ဆိုပါက အထွက်အကောင်းဆုံး ဖြစ်သည်။ ကိုကိုးပင် ပန်းပွင့်ချိန်မှ အသီးရင့်မှည့်ခူးချိန်အထိ () လကြာပြီး တစ်နှစ်လျှင် တစ်ပင်၌ အသီးလုံး (၈၀) ကျော်သီးသည်။ ကိုကိုးအစေ့ခြောက်များသည် အပင်သက်တမ်းလိုက်၍ အထွက်နှုန်း ကွာခြားသည်။ တစ်ဧကလျှင် ကိုကိုးအစေ့ခြောက် ပိဿာ (၅၀-၈၀) ခန့်အထိ ထွက်ရှိနိုင်သည်။ နှစ်တိုင်းအသီးခူးနိုင်ပြီး နှစ်တိုင်းဝင်ငွေရနိုင်သည့် အပင်ဖြစ်ပါသည်။

မျိုးပွားခြင်း

မျိုးပွားလျှင် ကိုင်းဖြတ်မျိုးယူ၍လည်း ရသည်။ အစေ့မှ မျိုးရနိုင်သည်။ နှစ်စဉ်အသီးသီး၍ သီးနှုန်းကောင်းသော အပင် (၁၀) နှစ်အထက် အပင်၊ အသီးကြီး၍ အရွယ်ညီသော အပင်၊ ရောဂါနှင့် ပိုးကင်းသော အပင်၊ အစေ့အရောင်ညီညာ၍ အနံ့အရသာကောင်းသော အပင်မှမျိုးယူကြသည်။

ကိုးကား- စိုက်ပျိုးရေးဦးစီးဌာန

-Shwe Myanmar Malay

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်