ငါး/ပုစွန်မွေးမြူရေးမှာ ဖြည့်တင်းပေးသင့်တဲ့ ကယ်လ်ဆီယမ်ဓာတ်

31/10/2023 15:00 PM တွင် သက်နိုင်(ငါးဦးစီး - ငြိမ်း) သက်နိုင်(ငါးဦးစီး - ငြိမ်း) မှ ရေးသား

ငါး/ပုစွန်မွေးမြူရေးတွင် ပိုမိုကောင်းမွန် အရည်အသွေးပြည့်ဝသည့် အစာဖြစ်စေရန် ငါး၊ပုစွန်အလိုက်လိုအပ်သည့် သတ္တုဓာတ်နှင့်ဗီတာမင် ဓာတ်များ ပေါင်းစပ်ဖြည့်စည်းပေးခြင်းပင် ဖြစ်သည်။

သတ္တုဓာတ် (Mineral) သည် ငါးပုစွန်မွေးမြူရေးတွင် မရှိမဖြစ် လိုအပ်သည့် အရာဖြစ် သည်။ ခန္ဓာကိုယ်နှင့် အရိုးများ ကြံ့ခိုင်သန်စွမ်းမှု၊ အကြေးခွံ (Scale) နှင့် အခွံ (Shell)များ တောက်ပသန်စွမ်းမှုတို့အတွက် လိုအပ်သောအရာဖြစ်သည်။ ယင်းသည် ကြီးထွားမှု အတွက်တဆင့်ခံ ထောက်ပံ့ပေးသည်။ ဥပမာ-အကြေးခွံရှိသောငါးများနှင့် ရေချိုရေငန်ပုစွန်များအတွက် သတ္တုဓာတ်တစ်မျိုးဖြစ်သည့် Calcium (Ca) သည် မရှိမဖြစ် လိုအပ်သည်။ ငါးများကြီးထွားမှုအတွက် အကြေးခွံသန်မာဖွံ့ဖြိုးရန်လိုသည်။ ရေချိုရေငန်ပုစွန်များသည်လည်း ကြီးထွားရန်အခွံလဲခြင်း (Moulting) ပြုလုပ်သဖြင့်အခွံများပြန်လည် မာလာစေရန် Calcium လိုအပ်သည်။ အခွံမကြာခဏလဲလေ ကြီးထွားမှုကောင်းလေ ဖြစ်သည်။ ယင်းအတွက် လိုအပ်သည့် Calcium ဓာတ်ကျွေးပေးရမည် ဖြစ်သည်။

ရေနေသတ္တဝါများတွင် ကယ်လစီယမ် (Ca) သည် အရေးကြီးဆုံး သတ္တုဓာတ်များထဲမှ တစ်ခု ဖြစ်သည်။ ရေနေမျိုးစိတ်များတွင် ဇီဝကမ္မဖြစ်စဉ်များစွာနှင့် ပုံမှန်ကြီးထွားမှု အရိုးဖွံ့ဖြိုးမှုတို့အတွက် မရှိမဖြစ် လိုပါသည်။ ငါးများသည် သဘာဝတွင် ပတ်ဝန်းကျင်ရေမှ Ca ကို စုပ်ယူကြသည်။ ဇီဝကမ္မဖြစ်စဉ်တစ်ခုလုံး Ca လိုအပ်ချက်ကြောင့် ရေတွင် Ca ဓါတ်မြင့်မားစွာ ပါဝင်ရန် လိုသည်။ Ca သည် အချို့သော ရေနေမျိုးစိတ်များအတွက် အရေးမကြီးသော်လည်း အချို့မျိုးစိတ်များအတွက် မရှိမဖြစ်လိုအပ်သည်။ မွေးမြူရေးတွင် သဘာဝမှ Ca ဓာတ်လုံလောက်စွာမရနိုင်သဖြင့် Ca ဓာတ်ကို Dietary Ca Supplement အဖြစ် ဖြည့်တင်းပေးရမည် ဖြစ်သည်။

Ca ကဲ့သို့ပင် ဖော့်စပရပ်စ် (P) ဓာတ်သည်လည်း Carps အုပ်စုဝင်ငါးများအတွက် မရှိမဖြစ် လိုအပ်သည်။ ပုစွန်များအတွက် အခွံလဲချိန် (Moulting) တွင် အခွံပြန်မာလာစေရန် Ca ပြန်လည်ဖြည့်တင်းရေး လိုအပ်သည်။ ယင်းကို “Calcification” ဟုခေါ်သည်။ ပတ်ဝန်း ကျင်ရေမှ Ca ကို ပုစွန်များက စုပ်ယူအသုံးပြုနိုင်‌သော်လည်း အစားအစာမှ တဆင့် Ca စုပ်ယူမှုမှာ ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ မဂ္ဂနီဆီယမ် (Mg) ကိုလည်း အစား အစာမှ အဓိကစုပ်ယူသည်။ ပုစွန်များသည် အခွံလဲပြီးပါက ပုံမှန်အားဖြင့် (၄) နာရီမှ (၆) နာရီ အတွင်း ပြန်လည်အခွံမာလာပြီး ပုံမှန်အတိုင်း သွားလာလှုပ်ရှားနိုင်ပြီ ဖြစ်သည်။ အခွံလဲချိန်တွင် ပုစွန်များသည် အကာအကွယ်နေရာများ၌ လဲလျောင်းပြီး ငြိမ်သက်စွာ နေလေ့ရှိသည်။ အခွံပြန်လည်မမာခင်အချိန်အတွင်း အခြားပုစွန်က တွေ့ရှိသွားလျှင် အကောင်ကြီးသော်လည်း ပြန်လည်တုန့်ပြန်နိုင်မှုမရှိသဖြင့် အချင်းချင်းစားသည့်ဓလေ့ရှိသည့်ပုစွန်ငယ်၏ စားခြင်းကိုခံရမည်ဖြစ်သည်။ Ca ပေါ်မှုတည်၍ အမြန်ဆုံး အခွံပြန်မာလာရေးသည် ထွက်နှုန်းကောင်းရေးအတွက် အထူးပင်အရေးကြီးပါသည်။ သို့ဖြစ်၍ မွေးမြူရေးငါးပုစွန်များအတွက် Dietary Supplement အဖြစ် အစာတွင် ဖြည့်စွက်ပေါင်းစပ်ကျွေးရခြင်း ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် မွေးမြူထားသည့် ငါးပုစွန်များ ရှင်သန်ကြီးထွားနှုန်း ကောင်းမွန်ရေးသည် မွေးမြူသည့် စနစ်အလိုက် အစာ၏ အရည်အသွေးနှင့် အစာကျွေးခြင်း စီမံခန့်ခွဲမှုများ ကောင်းမွန်ရုံမျှမက ကန်ရေ၏ အရည်အသွေးနှင့် ကန်ထိန်းသိမ်းပြုပြင် စီမံခန့်ခွဲမှုများ ရောဂါကာကွယ်ခြင်းဆိုင်ရာ ထိန်းသိမ်းစီမံခန့်ခွဲခြင်းများစသည်ဖြင့် ဘက်ပေါင်းစုံမှ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းနိုင်မှသာလျှင် မိမိလိုချင်သည့် ရည်မှန်းချက်သို့ ဆုံးရှုံးမှု အနည်းဆုံးဖြင့် အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ကြောင်း ရေးသားအကြံပြုအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်