လရောင်တော စိုက်ပျိုးအသက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသားများခေါ်ယူခြင်း

25/07/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သင်က 

⭐️အတန်းပညာ ရပ်နားထားတဲ့သူတစ်ယောက်လား?

⭐️နိုင်ငံခြားက ပြန်လာပြီး အိမ်မှာ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတဲ့သူလား?

⭐️မိရိုးဖလာစိုက်ပျိုးရေးကိုပဲ ခက်ခက်ခဲခဲ လုပ်နေရတဲ့သူလား?

??မိသားစုနဲ့ အိုးမကွာအိမ်မကွာ စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ချင်တယ်ဆိုရင်တော့ ဒီသင်တန်းကို တက်သင့်ပါတယ်။

အချိန်မီလျှောက်ထားနိုင်ဖို့ နှိုးဆော်လိုက်ပါတယ်ဗျို့...

လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း၏ သင်တန်းသား/သူ ဝင်ခွင့်လျောက်လွှာပုံစံ နှင့် လျှောက်လွှာပြန်လည်တင်ရန် နည်းလမ်းပါ။

** ၈တန်းအောင်မြင်ပြီး အခြေခံပညာ ဆက်မတက်သောသူများသာ လျောက်ထားရန် ဖြစ်ပါသည်**

၁။ ‌‌ လျှောက်လွှာအား မိတ္ထူဆိုင်တွင် Print ထုတ်ယူပါ။

၂။ လျှောက်လွှာထုတ်ယူပြီးပါက အောက်ပါအချက်အလက်များ လုပ်ဆောင်ပါ -

(က) လျှောက်လွှာပါ လိုအပ်သော အချက်အလက်များကိုဖြည့်သွင်းပြီး (၃)လ အတွင်းရိုက်ကူးထားသော ကျောင်းသား/သူ ၏ လိုင်စင်ပုံကပ်ပေးပါ။

(ခ) လျှောက်လွှာတွင် ပေးထားသော ခေါင်းစဉ်အားကြည့်၍ A4 စာရွက် အလွတ်တစ်ရွက်တွင် သင်တန်းသား/သူ၏ ကိုယ်ပိုင်လက်ရေးဖြင့် စာစီစာကုံးရေးသားပါ။

(ဂ) ကျောင်းသား/သူ ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း။

(ဃ) ကျောင်းသား/သူ ၏ ၈တန်းအောင်လက်မှတ် မူရင်း။

၃။ အမှတ်စဉ် (၂) ပါ အချက် ၄ ချက်(စာရွက် ၄ ရွက်ကို)မိတ္ထူဆိုင်တွင် Scan ဖတ်ပေးပါ။

၄။ Scan ဖတ်ပြီးသော ဖိုင် (Soft Copy) များကို Facebook Page (Horticulture Training Academy - La Yaung Taw), Viber (09787956447, 09797853373), Email (hta.layaungtaw@gmail.com)များသို့ ပြန်လည်ပို့ဆောင်ပေးပါရှင်။ 

(မိတ္ထူဆိုင်သွားရောက်ရန် အဆင်မပြေဖြစ်‌နေသူများအတွက် - စာရွက်များအား ဖုန်းဖြင့် ဓာတ်ပုံရိုက်ပြီးပို့မည်ဆိုလျှင်၊ ကြည်လင်ပြတ်သားသော ပုံများ ပေးပို့ရန်လိုအပ်ပါသည်။)

၅။ အမှတ်စဉ် (၂) ပါ အချက် ၄ ချက်အား မပြည့်စုံသူများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

အသေးစိတ်သိရှိလိုပါက - ဖုန်း - 09797853373, 09787956447

လျှောက်လွှာရယူရန်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်