ရွှေဝါငါးကြင်း ဆေးထိုးသားဖောက်ခြင်း (သဘာဝအတိုင်းမဟုတ်သော) သင်တန်း

20/03/2020 13:30 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

    သမိုင်းကြောင်းအရ ရွှေဝါငါးကြင်း (Cyprinus carpio) ကို တရုတ်နိုင်ငံတွင် မွေးမြူနေသည်မှာ နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပြီ ဖြစ်ပါသည်။ ၎င်းသည် ရေ၏အပူချိန် ၃ – ၃၅°C(Froese and Pauly, 2011)ကြား ကျယ်ပြန့်စွာ ရှင်သန်နိုင်ပြီး တရုတ်ပြည်မြောက်ပိုင်းမှ ဩစတြေးလျ၊ အာဖရိကနှင့် မြောက်အမေရိက၊ တောင်အမေရိကအထိ ကမ္ဘာပေါ်တွင် အများဆုံးပြန့်နှံ့လျက် တည်ရှိသော ငါးမျိုးစိတ်တစ်ခုဖြစ်သည်။ သဘာဝအလေ့အထအရ ရွှေဝါငါးကြင်းသည် မြစ်များ၏ ရေအလယ်နှင့် ရေအောက်ပိုင်းများတွင်လည်းကောင်း၊ ရေလွှမ်းမိုးသည့်ဒေသနှင့် ရေကြီး ရေလျှံ လွင်ပြင်ဒေသများ၊ ရေနည်းပြီး ရေတိမ်ပိုင်းနှင့် အောက်ပိုင်းရွှံ့နွံများရှိသော လွင်ပြင်ဒေသများတွင် တွေ့ရသည်။ FAO(၂၀၁၈) အစီရင်ခံစာအရ တစ်ကမ္ဘာလုံး ၂၀၁၆ ခုနှစ်တွင် မက်ထရစ်တန်ပေါင်း ၄ ဒသမ ၆ သန်း ထုတ်လုပ်ခဲ့ပြီး၊ မြက်စားငါးကြင်းများနှင့် ငွေရောင်ငါးကြင်းများပြီးနောက် တတိယအဆင့် အများဆုံးမွေးမြူသည့် ငါးမျိုးစိတ်ဖြစ်ကြောင်း အစီရင်ခံခဲ့ပါသည်။

ငါးမွေးတောင်သူသစ်များအနေဖြင့် ရွှေဝါငါးကြင်းသည် အခြားငါးကြင်းမျိုးစိတ်များနှင့်အတူ ရောနှောမွေးမြူရန်ကောင်းသည့် ငါးမျိုးစိတ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရွှေဝါငါးကြင်းသည် အစုံစားသတ္တဝါဖြစ်ပြီး၊ အစားအစာမူကွဲများစွာအား စားသုံးသည်။ ၎င်းတို့တွင် ပိုးမွှားများ၊ သဘာဝမျှောလှေးများ၊ အပင်အဆွေးအမြေ့များနှင့် ကန်အောက်ခြေ အနီးအနားတွင်ရှိသော တိရိစ္ဆာန်၏အပိုင်းအစ ဝတ္ထုပစ္စည်းများ ပါဝင်ပါသည်။ သို့သော် ၎င်းသည် ငါးစာအမျိုးအစားမျိုးစုံအား စားတတ်စေရန် သင်ပေးနိုင်သော အခွင့်အလမ်းရှိသည့် ငါးအမျိုးအစားဖြစ်သည်။ ရွှေဝါငါးကြင်း၏ နောက်ထပ်အားသာချက်မှာ မှန်ကန်သော ပတ်ဝန်းကျင်အခြေအနေများအောက်တွင် ရွှေဝါငါးကြင်းသည် ရေကန်များအတွင်း အလိုအလျောက် ဥချနိုင်ပြီး ရွှေဝါငါးကြင်းသည် ဥ ဥချစေရန် လွယ်ကူစွာ လုပ်ဆောင်ပေးနိုင်သော ငါးမျိုးလည်း ဖြစ်ပါသည်။

၂၀၂၀၊ ဇန်နဝါရီလနှောင်းပိုင်းတွင် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီဌာန (DoF)နှင့် ညှိနှိုင်းပြီး ဌာန၏ပံ့ပိုးမှုဖြင့် ဥရောပသမဂ္ဂ (EU)နှင့် ဂျာမနီစီပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းဝန်ကြီးဌာန (BMZ)တို့မှ ငွေကြေးထောက်ပံ့သော မြန်မာ့ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MYSAP) Inland သည် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် ရွှေဝါငါးကြင်း ဆေးထိုးသားဖောက်ခြင်းသင်တန်းအား စီစဥ်ခဲ့သည်။ ငါးလုပ်ငန်းဦးစီးဌာနမှ ရွေးချယ်သော ငါးမွေးတောင်သူများ၊ MYSAP Inland ၏ တိုက်ရိုက်အကျိုးခံစားခွင့်ရှိသော အိမ်ထောင်စုများနှင့် ကျိုင်းတုံတက္ကသိုလ် သတ္တဗေဒဌာနမှ BSc ကျောင်းသားများ အပါအဝင် စုစုပေါင်း လယ်သမား (၂၃)ဦး (အမျိုးသမီး ()ဦး) တက်ရောက်ခဲ့ပါသည်။

ဦးမင်းမင်းဦး၊ ခရိုင်ဦးစီးမှူး (ကျိုင်းတုံ)မှ သင်တန်းကို ဦးဆောင်ကာ ငါးမွေးမြူသည့် တောင်သူများအား ရွှေဝါငါးကြင်း ဆေးထိုးသားဖောက်ခြင်းသင်တန်းအား ပို့ချခဲ့ပါသည်။ ၎င်းသင်တန်းတွင် သင်တန်းသားများအား ရွှေဝါငါးကြင်း ဆေးထိုးသားဖောက်ခြင်းနှင့် ပတ်သက်သည့် လုပ်ဆောင်ရမည့် အရေးကြီးသည့် အဆင့်များအား တဆင့်ခြင်း အသေးစိတ် လက်တွေ့လုပ်ဆောင် သင်ကြားပို့ချခဲ့ပါသည်။ တောင်သူလယ်သမားများသည် ငါးမျိုး အထီး/အမ များအား မည်သို့ပြုစုရမည်၊ ငါးဥ ဥချနိင်မည့် အရွယ်ရောက်ပြီး မျိုးငါး အထီးနှင့် အမ ရွေးချယ်ပုံ၊ ထိုးသွင်းရမည့် ဟော်မုန်းပမာဏအား တွက်ချက်ပုံ၊ ငါးများအား ဟော်မုန်းထိုးခြင်းအားဖြင့် သားပေါက်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ဥ ဥချခြင်း၊ ငါးဥမျိုးများအောင်ခြင်း ထို့နောက် ဥများအားစုဆောင်း ရယူပြီး အကောင်ဖောက်ခြင်း စသည်တို့ကို တို့ကို အသေးစိတ် လက်တွေ့လုပ်ဆောင် လေ့လာခဲ့ကြပါသည်။ ၎င်းလုပ်ငန်းစဉ်အတွင်း တောင်သူများသည် ငါးဥများ မည်သို့ ဖွံ့ဖြိုးလာသည်နှင့် ဥအိတ်တွဲလျက် ငါးသားပေါက်လေးများ မည်သို့ ပေါက်ပွားလာသည်တို့ကိုလည်း အသေးစိတ် လေ့လာသင်ယူခဲ့ကြပါသည်။

 

မွန်းလွဲပိုင်းတွင် ဟော်မုန်းထိုးပြီးသည့်  ငါးအထီးနှင့် အမများအား လှောင်ကန်အတွင်းရှိ ဟာပါထဲသို့ အတူတကွ ထည့်သွင်းပြီး ဗေဒါပင်များအား ဟာပါအတွင်း ရေမျက်နှာပြင်ပေါ်တွင် ထည့်သွင်းပြီး ပေါလော ပေါ်နေစေရန်စီစဉ်ပါသည်။ ထို့နောက်မိုးရွာသည့် ပုံစံဖြစ်စေရန် အထက်မှ ရေဖျန်းခေါင်းများဖြင့်  ရေဖြန်းပေးထားပါသည်။  ညနေခင်းရောက်သည့်အခါ မျိုးငါးများ ဥ ဥချပြီး ၎င်းတို့၏ စီးကပ်သည့် ဥများအား ဗေဒါပင်၏ အမြစ်များတွင် တွယ်ကပ်စေပါသည်။ အပူပိုင်းနှင့် သမပိုင်းဇုံ ရာသီဥတုတွင် ရွှေဝါငါးကြင်း၏ ဥများသည် ရေ၏ အပူချိန်ပေါ်မူတည်ပြီး  ၃-၅ ရက်အတွင်း ဥပေါက်နိုင်ပါသည်။ အောင်မြင်သောဥ ဥခြင်းနှင့် ဥပေါက်ခြင်းပြီးပါက ပေါက်ဖွားလာသည့် ငါးသားလောင်းများအား ကြက်ဥပြုတ်အနှစ်နှင့် ရောနှောထားသည့် အစာအား အစောပိုင်းကာလ ပြုစုပျိုးထောင်သည့်  အဆင့်များတွင် ကျွေးမွေးရန်ဖြစ်ပါသည်။ MYSAP Inland ပံ့ပိုးမှုဖြင့်  ပို့ချခဲ့သည့် ယခုသင်တန်း၏ ရလာဒ်တစ်ခုအဖြစ် ထောင်ပေါင်းရာနှင့်ချီသည့် ရွှေဝါငါးကြင်းသားပေါက်များ ရရှိခဲ့ပါသည်။ ၎င်းတို့သည် အသားတိုးကန်အတွင်းသို့ထည့်သွင်းနိုင်သည့်အရွယ်သို့ ရောက်ပြီး အဆင်သင့်ဖြစ်ရန် ငါးသားပေါက်များအား ခုအချိန်တွင် သင်တန်းလက်ခံ ကျင်းပပေးခဲ့သည့်  တောင်သူများမှတာဝန်ယူပြီး ပြုစုပေးလျက်ရှိပါသည်။    

 

 ယခုဆောင်းပါးအား MYSAP Inland မှ ပူးပေါင်းပါဝင်ပံ့ပိုးပေးထားပါသည်။

ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်