ကျောက်ကပ်၊ နှလုံးနဲ့ အဆစ်အမြစ်ကို ကျန်းမာစေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးမယ့် နံနံဖျော်ရည်

11/11/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

       ရိုးရိုးနံနံပင်ပဲဖြစ်ဖြစ် တရုတ်နံနံပင်ပဲဖြစ်ဖြစ် ကျောက်ကပ်အတွက် ကောင်းမွန်ပါတယ်။ ကျောက်ကပ်ဟာ ကျွန်မတို့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အင်္ဂါတစ်ခုပါ။ ခန္ဓာကိုယ်ထဲက မကောင်းတဲ့အညစ်အကြေးတွေကို ဆီးအဖြစ် အပြန်ကို ပြန်စွန့်ပေးတတ်ပါတယ်။

       ဒါ့အပြင် ကျောက်ကပ်ဟာ သွေးထဲမှာပါဝင်တဲ့ ဓာတုကွန်ပေါင်းဒြပ်ကို တိုင်းတာပေးပြီး ညီမျှအောင် ထိန်းပေးပါတယ်။

       နံနံပင်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အပြင် ရေဓာတ်မြင့်မားစွာပါဝင်လို့ ကျောက်ကပ်လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။

       ဒါတင်မကသေးပါဘူး သွေးဖိအားကျစေပြီး အဆစ်အမြစ်နာကျင်တာကို သက်သာစေသလို၊ ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးကိုလည်း ကျန်းမာစေပါတယ်။

       သွေးတွင်းက အဆိပ်အတောက်တွေကိုသန့်စင်ပေးပြီး၊ သင့်ကိုကျန်းမာစေမှာပါ။

       ပန်းသီး(၁)လုံး

       နံနံပင် (၁)ပင်

       လတ်ဆတ်တဲ့ပူစီနံရွက် လက်ဖက်ရည်ဇွန်း(၁)ဇွန်းစာ

       တရုတ်နံနံ ၂ချောင်း

ပြင်ဆင်ခြင်း

       ပါဝင်ပစ္စည်းတွေအားလုံးကို အတူတူထည့်ပြီး ကြိတ်စက်ထဲထည့်ကြိတ်လိုက်ပါ။ ပြီးရင် မနက်စာစားပြီး သောက်ပေးပါ။ တစ်ပတ်ကို ၃ ကြိမ်သောက်ပါ။

နောက်ထပ်နည်းလမ်းတစ်ခုကတော့

       တရုတ်နံနံရိုး ၃ ချောင်း၊ နံနံပင် ၃ ပင်၊ နာနတ်သီး ၂ စိတ်ကို ကြိတ်စက်ထဲထည့်ပြီး သေချာဖျော်လိုက်ပါ။ ပြီးရင် သံပုယိုရည်နည်းနည်းညှစ်ထည့်ပါ။ အရမ်းပျစ်နေရင် ရေနည်းနည်းထည့်ပါ။ ပြီးရင် မနက်တစ်ခွက်၊ ညနေတစ်ခွက်သောက်ပေးပါ။

MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်