တက္ကသိုလ်ဝင်တန်းအောင်ပြီးသူတွေအတွက် ထိုင်နိုင်ငံမှာ ပညာသင်နိုင်မည့် အခွင့်အရေး

28/01/2014 11:06 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တက္ကသိုလ်ဝင်တန်းအောင်ပြီး မြန်မာ က တက္ကသိုလ်တွေ တက်ရောက်ဘို့ အခက်အခဲရှိနေတဲ့ကလေး တို့ကို သတင်းတစ်ပုဒ် မျှဝေချင်ပါတယ်..။ ထိုင်းနိုင်ငံ မှာ ပညာသင်ဆုတွေယူပြီး ပညာသင်နိုင်တဲ့အခွင့်အလမ်းတစ်ခု ပါ..။
Undergrad Scholarship for Myanmar Students to attend in Thai University
မြန်မာ ဘွဲ့ ကြို ကျောင်းသားများ အတွက် ပညာသင်ဆုများကို ထိုင်းနိုင်ငံအခြေစိုက် Child Dream Association က ထိုင်းနိုင်ငံ ရှိ တက္ကသိုလ် ၁၀ ခု မှာတက်ရောက်ဘို့ ပညာသင်ဆု ၁၀၀% ပေးသွားမှာ ဖြစ်ပါတယ်..။ ဒီပညာသင်ဆုကို တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးသူ များသာမက လက်ရှိတက္ကသိုလ် တက်နေသော သူများပါလျှောက်ထားနိုင်ပါတယ်။
တက်ရောက်နိုင်တဲ့တက္ကသိုလ်တွေကတော့
Bangkok University
Ramkhnhaeng University
Chiang Mai University
Mahidol University
Chulalongkorn University
Tharmasat University
တွေ ပါဝင်ပါတယ်..။
တက်ရောက်ရွေးချယ် နိုင်တဲ့ဘာသာရပ်တွေကတော့
- Communication Arts
- Mass Communication Technology
- Social Science
- South East Asian Studies
- Environmental Science
- Public Health
- Education Philosophy
- Politics and Economics
- International Relations and Development
- Economics
- Civil Engineering
- Mechanical Engineering
- Nursing Science တို့ဖြစ်ပါတယ်..။

ပညာသင်ထောက်ပံ့ကြေး ထဲ မှာ....

  • ကျောင်းလခ
  • ဗီဇာကြေး
  • ကျောင်းဝတ်စုံ
  • စာရွက်စာတမ်းကြေး
  • နေထိုင်စရိတ် (အိမ်ငှားခ၊အစားအစာ၊ လမ်းစရိတ်)
  • အခြားအရေးပေါ်သောကိစ္စ များ အတွက်ထောက်ပံ့ ပေးမှာဖြစ်ပါတယ်။

ဒီပညာသင်ဆု ကိုလျှောက်ထားလို သူတွေဟာ ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး

klo@childsdream.org
Ms. Klo Say Wah ( University Scholarship Coordinator )
Child Dreams Association
No. 238/3 Wualai Road ? T. Haiya, A. Muang
Chiang Mai 50100,
Thailand
သို့လိပ်မူလျှောက်ထားနိုင်ပါတယ်..။

တခြားသောသိလုျတဲ့အချက်အလက်တွေ ရှိခဲ့ရင်လည်း ဒီ Website
http://childsdream.org/home မှာလည်း သွားရောက်လေ့လာ နိုင်ပါတယ်..။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်