ငါးရံ့‌ဆေးထိုးသားဖောက်မွေးမြူနည်း

30/05/2022 10:00 AM တွင် Rio Amora Rio Amora မှ ရေးသား

-ငါးရံ့သည်သဘာဝရေပြင်၌မျိုးပွားရာသီမတိုင်မှီ၊ ဥချရန် အသိုက်များကို ကြိုတင်ပြုလုပ်လေ့ရှိသည်။အပင်ငယ်လေးများ ဝိုင်းရံလျက်အသိုက်ပြုလုပ် ကြသည်။

 

-မုတ်သုန်ရာသီအစပိုင်း၌မြောင်း၊ ကန်နှင့်လယ်ကွင်းများ၌ မိတ်လိုက်ဥချလေ့ ရှိကြသည်။ ငါးသားပေါက်များကိုမိဘများက စောင့်ရှောက်လေ့ရှိကြသည်။ .

 

-မျိုးငါးမ/ ငါးထီးများကိုသဘာဝရေပြင်မှ သို့မဟုက် မွေးမြူရေးကန်များမှကြိုတင် စုဆောင်းယူပြီး မျိုးငါးပြုစုကန်ထဲ၌ ပရိုတိန်း၃၅% ရှိသောအစာကို ကျွေးပြီး ပြုစုထားရမည်။

 

-မျိုးပွားရာသီ၌ မျိုးပွားရန်အတွက်သင့်‌တော်သော မျိုးငါးမ/ငါးထီးများကို ရွေးချယ်ပြီး မြေပေါ်လှောင်ကန်များထဲ၌ ဆေးထိုးကာ မျိုးပွားယူနိုင်ပါသည်။

 

-ငါးလှောင်ကန်များ၌ ဗေဒါပင်များကိုရေမျက်နှာပြင်ထက်ဝက်ခန့် ဖုံးအုပ်ထား ပေးရသည်။ မျိုးငါးအမများကို Ova prim ဟော်မုန်းဆေး 0.5 mL / kg နှုန်းဖြင့် ထိုးပေးပြီးအထီးကို 0.25 ml/kg နှုန်းဖြင့်ထိုးပေးရမည်။ 

 

-ထို့နောက် မျိုးငါးများကို ဥချလှောင်ကန်ထဲသို့ထည့်ပေးရသည်။

 

-ဟော်မုန်းဆေးထိုးပြီး ၂၄နာရီမှ၂၆ နာရီခန့်အတွင်း မိတ်လိုက်ဥချကြသည်။ ဥများမှာရေထဲ၌ ပေါလောမျောနိုင်ပြီး၊ ရွှေဝါရောင် အဆင်းရှိသည်။ စေးကပ်မှုမရှိပါ။

 

- ထို့နောက်ဥများကိုဥဖောက်ကန်များနှင့် ရေလည်ကတော့ (Hatchig Jar) သို့ ပြောင်းရွှေ့ရမည်။

 

-ရေအပူချိန် 29°C ၌ ၂၃နာရီမှ၂၄ နာရီအတွင်းတွင် ဥမှငါးမှုန်များပေါက်ပါသည်။ ဥမှငါးမှုန်များရရှိနှုန်းမှာ၈ဝ-၈၅ % ခန့်ရှိပြီး၊အရွယ်အားဖြင့်0.2 mm ခန့်ရှိသည်။

 

- ၃ရက်အကြာတွင်၎င်းတို့တွင်ပါလာသော ဥအစာအိတ် (Yolk Sac) များ ကုန်ခမ်း လေ့ရှိသည်။

 

-နှစ်ရက်ခန့်အကြာ၌ငါးမှုန်များသည်အထက်‌မှအောက်သို့ ကူးခတ်နိုင်ကြသည်။ အစာအဖြစ်ကြက်ဥအနှစ်ကို ကြိတ်၍ရေနှင့်ဖျော်ကာစတင်ကျွေးရသည်။

 

- ထို့နောက်တဖြည်းဖြည်းချင်း ငါးကြိတ်သားနှင့် ရေတီများကိုလည်း ကျွေးနိုင် ပါသည်။၂၀ရက်ခန့်ပြုစုပြီး သားပေါက်ကန်သို့ထည့်သွင်း‌မွေးမြူ နိုင်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်