👩🏫 ဒီဆွေးနွဲပွဲကို Mekong Institute ရဲ့ ပံ့ပိုးကူညီမှုနဲ့ Dekina Agri-Business Management Institute , Green Way - အစိမ်းရောင်လမ်း , Myanmar Innovative Life Sciences , Myanmar Fruit, Flower and Vegetable Producer and Exporter Association တို့က ပူးပေါင်းပြီး စီစဉ်တာပဲ ဖြစ်ပါတယ်။
ဒီ Campaign ရဲ့ရည်ရွယ်ချက်တွေကတော့ ငရုတ်သီးမှာပါနိုင်တဲ့ Aflatoxin မှိုဆိပ်ရဲ့ ကျန်းမာရေး အန္တရာယ်များကို လူတိုင်း သိရှိစေရန်၊ ရိတ်သိမ်းချိန်လွန်နှင့် ပြုပြင်ထုတ်လုပ်မှုဆိုင်ရာ ဘေးကင်းသည့် အလေ့အကျင့်များကို မြှင့်တင်ရန်နှင့် စားသုံးသူများအတွက် ကျန်းမာရေးကို ကာကွယ်ရန် လိုက်နာသင့်တဲ့ အချက်အလက်တွေကို ပြောပြဆွေးနွေးကြဖို့ ဖြစ်ပါတယ်။
ဒီ Campaign မှာ
🔰 အယူအဆမှားများ၊ အချက်အလက်မှန်များနဲ့ သိကောင်းစရာများအကြောင်း ဆောင်းပါးများ
🔰 ပုံနှိပ် ဖြန့်ဝေနိုင်သည့် နှစ်မျက်နှာပါ Factsheet တစ်ခု
🔰 ငရုတ်သီးစိုက်သူ၊ ထုတ်လုပ်သူ၊ စားသုံးသူများအတွက် ပညာပေး ဗီဒီယိုအတိုတစ်ပုဒ်နဲ့
🔰 Online ဆွေးနွေးပွဲ အခမဲ့ Webinar (၂) ခု ပါဝင်တာပဲ ဖြစ်ပါတယ်။

💻 ယခုစတင်ကျင်းပတဲ့ online webinar ဟာဆိုရင်
ငရုတ်သီးမှာပါတဲ့ Aflatoxin မှိုဆိပ်ကိုလျှော့ချပြီး ဖြစ်ပေါ်လာနိုင်တဲ့ အသည်းကင်ဆာလိုမျိုး ရောဂါတွေကို ကာကွယ်ဖို့နဲ့
ငရုတ်သီးကို ဘေးကင်းစွာ ဝယ်ယူသိုလှောင်သိမ်းဆည်းနည်း၊ အခြောက်ခံ ကြိတ်ခွဲနည်းနဲ့ အသေးစား ထုတ်လုပ်သူ လုပ်ငန်းများအတွက် Alflatoxin မှို ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို ဆွေးနွေးရှင်းပြသွားဖို့အတွက်
MI Alumni တစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်လည်း မှိုကင်းတဲ့ ငရုတ်သီး ထုတ်ကုန်တွေထုတ်နေသူတစ်ဦးဖြစ်တဲ့ ဦးနေဦးကြည်နဲ့ Global Food Safety Institute က ဆရာမဒေါ်စိမ့်ရည်ထက်တို့ကို ဖိတ်ခေါ်ထားတာမို့
💚 အစားအစာချက်ပြုတ်ပြင်ဆင်နေကြသူများ
💚 စားသောက်ဆိုင် ပိုင်ရှင်များ
💚 အသေးစား စီးပွားရေးလုပ်ငန်းရှင်များ
💚 ဟင်းခတ်အမွှေးအကြိုင် ကြိတ်ခွဲသူများနဲ့ ငရုတ်သီး လက်လီလက်ကား ရောင်းချနေသူများအနေနဲ့ အထူးပါဝင်သင့်ပါတယ်။
တက်ရောက်နားထောင်ဆွေးနွေးလိုသူတွေအနေနဲ့ အောက်ပါလင့်ခ်ကနေ အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီရှင်
အချိန်ကတော့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲ ဒီဇင်ဘာ ၁၃ ရက်နေ့ပါနော် ⏰
https://us06web.zoom.us/meeting/register/ISEecn1sTiyRKpSlSHND9w

ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်