ပဲပုစွန်တွင်ကျရောက်တတ်သော ရောဂါများ

03/12/2025 12:57 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

 

၁။ မှည့်ပြောက်စွန်းရောဂါ (Collectotrichum lindimuthianum)

အရွက်မျက်နှာပြင်ပေါ်တွင် အနက်ရောင် အပြောက်များ၊ အနီ စက်များ ထင်ရှား ပြတ်သားစွာတွေ့ရသည်။ အရွက်အောက်မျက်နှာပြင်တွင်ဒေါင့်ကွက်ပုံစံ ဖြစ်ကာ အမဲရောင်ပြောင်းသွားသည်။ ပင်စည်နှင့် သီးတောင့်များပေါ်တွင်လည်း၊ သံချေးရောင် အစက်ပြောက်များ၊ အနက်ရောင် အနာချိုင့်များတွေ့ရသည်။

ရာသီဥတု စိုစွတ်သောအခြေနေတွင် ပင်စည်၊ အသီးဒဏ်ရာပေါ်မှ ပန်းဆီရောင် မှိုစပိုးပါသောအရည်များ ထွက်တတ်သည်။

အေးပြီး စိုစွတ်သောရာသီတွင် မှည့်ပြောက်စွန်းရောဂါ ကျရောက်တတ်သည်ကို့ တွေ့ရသည်။

ကာကွယ်/ကုသရန် မှိုသတ်ဆေး

ကော့ပါး မှိုသတ်ဆေးများ၊ သိုင်အိုဖီနိတ်မီသိုင်း၊ ပရိုပီကိုနာဇိုး

၂။ သံချေးရောဂါ(Rust )

ပဲရွက်၏ အောက်မျက်နှာပြင်တွင် သံချေးရောင်အစက်ပြောက်များ တွေ့ရသည်။ ပင်စည်နှင့်အသီးတောင့်များသို့လည်း ကူးစက်နိုင်ပါသည်။

ရာသီဥတုစိုစွတ်နေချိန်တွင် ပဲပင်များတွင်လည်းကောင်း မြေကြီးပေါ်ရှိ အပင်ကြွင်းကျန်များတွင်လည်းကောင်း teolia sporeများအဖြစ် အသက်ရှင်သန်နိုင်သည်။ ထိုမှတဆင့် လေထဲသို့ urediosporeအဖြစ် တနေရာမှ တနေရာသို့ ပျံ့နှံ့ကူးစက်စေပါသည်။

နေ့အပူချိန်၂၅-၃၀ဒီဂရီ စင်တီဂရိတ်အတွင်း ပတ်ဝန်းကျင်လေထု စိုစွတ်ပါက ပဲသံချေးရောဂါ ကူးစက်လွယ်စေပါသည်။

ကာကွယ်/ကုသဆေး

သိုင်အိုဖိနိတ်မီသိုင်း၊ ဟက်ဇာကိုနာဇိုးလ်၊ အဇိုဇီစထရိုဘင်

၃။ ဖားဥမှိုရောဂါ(Powdery mildew)

ပဲရွက်အပေါ်မျက်နှာပြင်တွင် အဖြူရောင်၊ မီးခိုးရောင် ပေါင်ဒါမှုန့်ဖြူးထားသကဲ့သို့ အမှုန်များ ဖုံးအုပ်ထားသည်ကိုတွေ့ရသည်။

ပဲပင်စိပ်စိပ်စိုက်ခြင်း၊ အပင်အုံထူခြင်း၊ မြေကြီးစိုစွတ်ခြင်း၊ ညအချိန်အရွက်များစွတ်စိုနေခြင်းသည် ဖားဥမှိုရောဂါကျရောက်လွယ်စေပါသည်။

ရောဂါပြင်းထန်လာပါက အရွက်နုများကောက်ကွေးခြင်း ၊အရွက်ဝါပြီး ကြွေကျခြင်း၊ ပဲသီးတောင့်များ သေးကာ ပုံပျက်ခြင်းများ ဖြစ်နိုင်ပါသည်။

ကာကွယ်/ကုသဆေး

မန်ကိုဇက်၊ ဆာလဖာ ၈၀ ဒဗလူဒီဂျီ၊ ပရိုပီကိုနာဇိုးလ်၊ ပိုင်ရာကလိုစထရိုဘင်

၄။ ဘက်တီးရီးယားရွက်‌ပြောက်ရောဂါ (Bacterial leaf spot)

ပဲပုဇွန်အပါအဝင် ပဲမျိုးနွယ်အားလုံးနီးပါးတွင် ကျရောက်တတ်သော ဘက်တီးရီးယားရွက်ပြောက်ရောဂါ ၂ မျိုးရှိပါသည်။ ၎င်းတို့မှာ - 

Bacterial leaf blight (Xanthomonas campestris PV phaseoli) နှင့် Bacterial  halo blight (Pseudomonas syringae pathovar phaseolicola)

ရောဂါ၂မျိုးလုံးသည် အရွက်၊ ပင်စည်၊ အသီးများတွင် ကျရောက်နိုင်ပါသည်။ မိုးသည်းထန်စွာရွာပြီး ရုတ်တရက်နေပူခြင်း၊ သို့မဟုတ် နေပူပြီး ရုတ်တရက်မိုးရွာခြင်းသည် ဘက်တီးရီးယားရောဂါကို ကျရောက်စေပါသည်။

Bacterial halo blight သည် အပူချိန်နိမ့်ပြီး အေးသော ဆောင်းရာသီမျိုးတွင် ပိုမိုကျရောက်သည်။ အရွက်ပေါ်တွင် အညိုစက် သို့မဟုတ်  စိမ်းဝါဖျော့ရောင်ရှိသော ပွေးကွက်ကဲ့‌သို့ အဝိုင်းပုံအကွက်များတွေ့ရသည်။ ရောဂါပြင်းထန်ပါက တရွက်လုံးဝါပြီး အပင်သေသည်အထိဖြစ်နိုင်ပါသည်။

Common bacterial leaf blight သည် ပူနွေးသောရာသီဥတု ဆောင်းနှောင်းကာလတွင် ဖြစ်တတ်သည်။

အရွက်ပေါ်တွင် haloအကွက်မတွေ့ရဘဲ အညိုရောင်၊ အမဲရောင်အကွက်များ ပုံစံမမှန်သော အမဲစက်များ တွေ့ရတတ်သည်။

ရောဂါပြင်းထန်လာပါက အရွက်များခြောက်စေပါသည်။

ဘက်တီးရီးယားများသည် အပင်တစ်သျှူးအတွင်း တိုက်ရိုက်မဝင်ရောက်နိုင်ပါ။ စတိုမာတာများ၊ ရောဂါဒဏ်ရာများ၊ ပိုးကိုက်ရာများနှင့် နေလောင်ဒဏ်ရာများမှတဆင့် ကူးစက်တတ်ပါသည်။

ကာကွယ်/ကုသဆေး

ကော့ပါး အုပ်စုများ၊ ဘစ်စမာသိုင်ယာဇိုး၊ အောက်ဇိုလင်းနစ် အက်ဆစ်၊ ဖို့စတိုင်း AL

၅။ ပဲမိုဇိတ်ဗိုင်းရပ်(Bean mosaic virus)

ဗိုင်းရပ်စ် ကူးစက်ခံရသော ပဲရွက်များတွင် ပုံမှန်မဟုတ်သော အရောင်အသွေး၊ ပုံသဏ္ဌာန် တွေ့မြင်နိုင်ပါသည်။ အဝါရောင်မိုဇိတ်နှင့်မတူသော ရောင်မညီ ကွက်ကြား ပုံစံတွေ့ရပါသည်။

အာဟာရမညီမျှခြင်း၊ ပေါင်းသတ်ဆေးထိထားသောဒဏ်ရာများ၊ အခြားဗိုင်းရပ်ရောဂါများကြောင့်လည်း ရောဂါဖြစ်စေနိုင်ပါသည်။

Bean mosaic virus ရောဂါသည် လှေး thrips များမှတဆင့် တစ်ပင်မှတစ်ပင် ကူးစက်စေနိုင်ပါသည်။

ကာကွယ်ဆေး

အဆီတာမီပရစ်၊ ကလိုဖန်နပိုင်ယာ၊ ဖစ်ပရိုနေး၊ စပီနိုဆက်

၆။ ကြပ်ခိုးမှိုရောဂါ (Macrophomina phaseolina)

အပူချိန်မြင့်မားပြီး အစိုဓာတ်ခမ်းခြောက်သော ရာသီဥတုအခြေနေမျိုးတွင် ရောဂါကျရောက်တတ်သည်။ အပင်စဉ်တွင် ပင်စည်ပုပ်ခြင်း၊ အမြစ်ပုပ်ခြင်း ဖြစ်တတ်ပါသည်။ အထူးသဖြင့် အရွက်စစ်ထွက်ချိန် မြေကြီးနှင့်ထိစပ်ရာ ပင်စည်နေရာတွင် နီညိုရောင်ဒဏ်ရာ အစက်အပြောက်ဖြစ်ကာ အပင်ညှိုးသေသည်အထိဖြစ်နိုင်ပါသည်။

အပွင့်အသီးဝင်ချိန်တွင် ရေငတ်လက္ခဏာမျိုး အပင်ညှိုးကာ အရွက်ဝါပြီး အပင်သေစေနိုင်ပါသည်။

ပင်စည်၊ အသီးများပေါ်တွင်လည်း အမဲရောင်အနက်စက်များတွေ့ရတတ်သည်။

ကာကွယ်/ကုသဆေး

မြေဆောင်ရောဂါဖြစ်သဖြင့် မျိုးစေ့လူးဆေး အသုံးပြုခြင်းသည်သာ အထိ‌ရောက်ဆုံးကာကွယ်နည်းဖြစ်ပါသည်။

သီရန်၊ ကာဘောက်ဇင်၊ မက်တလက်ဇီး လူးနယ်စိုက်သင့်ပါသည်။

မှိုသတ်ဆေးအနေဖြင့် အဇိုဇီစထရိုဘင်၊ ဖို့စတိုင်းအလူမီနီယံ၊ သိုင်အိုဖနိတ်မီသိုင်းတို့ကို အသုံးပြုပါ။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်