ဆားကြမ်းစျေးများ မြင့်တက်နေသဖြင့် ဧရာဝတီတိုင်း ဆားစက်များ အခက်တွေ့နေ

24/07/2018 09:43 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် ဆားကြမ်းဈေးနှုန်း စံချိန်တင် မြင့်တက်နေမှုကြောင့် ဆားစက်များ အနေဖြင့် ဆားချောကြိတ် ခွဲထုတ်လုပ်ရန် အခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

ဆားကြမ်း ဈေးနှုန်းများမှာ ဇူလိုင် လဆန်းပိုင်းမှ စတင်၍ ၁၀ နှစ် အတွင်း အမြင့်ဆုံး ဈေးနှုန်းဖြစ်သည့် တပိဿာလျှင် ၂၃၀ ကျပ်ဈေး အထိ စံချိန်တင်မြင့်တက်နေသည့် အတွက် ပုသိမ်မြို့နှင့် မြောင်းမြမြို့မှ ဆားစက်များ အနေဖြင့် ဆားကြမ်းများ ဝယ်ယူ ကြိတ်ခွဲရန် အခက်တွေ့နေခြင်း ဖြစ်ကြောင်း ဆားစက်လုပ်ငန်းရှင်များက ဆိုသည်။

ပုသိမ်မြို့ရှိ ရွှေပြည်တန် ဆားစက်ပိုင်ရှင် ဦးထွန်းထွန်းက “ဆားကြမ်းအဆင့်ကနေ ဆားချော ထုတ်ရောင်းဖို့က အနည်းဆုံး ဈေးနှုန်းက ၆၀၊ ၇၀ ကျပ်လောက် ခွာထားမှ ကိုက်တယ်။ အခုကျတော့ ဆားကြမ်းဈေးက ၂၃၀ အထိ ဖြစ်တော့ အချော လုပ်ရောင်းမယ်ဆို တပိဿာ ၃၀၀ လောက် ရောင်းမှ ကိုက်မယ်။ ဝယ်သူတွေ ဘက်ကလည်း ဈေးတက်တော့ ဝယ်တဲ့နှုန်း ကျသွားတယ်။ ဆားစက်တွေမှာ ကြိတ်ခွဲဖို့တောင် အခက်အခဲ ဖြစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။

ဧရာဝတီတိုင်း၌ ယခုနှစ် ဆားကြမ်း စတင် ထွက်ရှိချိန်က တပိဿာလျှင် ၉၀ ကျပ် ဈေးနှုန်းသာ ရှိခဲ့သော်လည်း ဝယ်လို အားများသည့် အတွက် ဆားဈေးနှုန်း တရိပ်ရိပ် မြင့်တက်ခဲ့ပြီး ဇူလိုင်လ ဆန်းပိုင်းတွင် ဆား တပိဿာ ၂၃၀ ကျပ်အထိ ရောက်ရှိခဲ့ကာ လက်ရှိ၌ အဆိုပါ ဈေးနှုန်း အတိုင်း ဆက်လက် တည်ရှိနေသည်။

ဧရာဝတီတိုင်းရှိ ငပုတောနှင့် လပွတ္တာ မြို့နယ်များတွင် နေလှန်းဆားချက် လုပ်ငန်းများ အဓိက လုပ်ကိုင်ကြပြီး နာဂစ် မုန် တိုင်းတိုက်ခတ်သည့် ၂၀၀၈ ခုနှစ် နောက်ပိုင်း ဆားကြမ်းဈေး ကျဆင်းမှုကြောင့် ဆားထုတ်လုပ် ဧရိယာများ လျော့ကျလာ ခြင်း၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် ဆားအထွက်နှုန်း ယခင်နှစ်များထက် ၃ ပုံ ၁ ပုံခန့် လျော့ကျခဲ့ခြင်း၊ ရောင်း လိုအား နည်းနေပြီး ဝယ်လိုအားများ နေခြင်းကြောင့် စံချိန်တင် ဈေးမြင့်တက်ရခြင်း ဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။

“ဆားကြမ်းဈေးကတော့ လက်ကျန် ပစ္စည်းလည်း နည်းနေတော့ လက်ရှိ တပိဿာ ၂၃၀ ဈေးထက် ပြန်ကျဖို့တော့ ခဲယဉ်း လိမ့်မယ်ထင်တယ်။ ဆားဈေးမြင့်နေတော့ ဆားချောအမှာ (ဝယ်လိုအား) ကတော့ တော်တော်လေး လျော့သွားတယ်။ ဒီလို ဈေးတက်ပုံမျိုးနဲ့ဆိုရင် အိမ်နီးချင်း နိုင်ငံတွေက ဆားတွေ ပြည်တွင်းထဲ ပြန်ဝင်လာမှာ စိုးရိမ်ရတဲ့ အနေအထားတောင် ရှိတယ်” ဦးထွန်းထွန်းက သုံးသပ်ပြောဆိုသည်။

ငပုတောနှင့် လပွတ္တာမြို့နယ်တို့မှ ဆားတောင်သူများမှာ နှစ်စဉ် အောက်တိုဘာလမှ စတင်၍ နေလှန်းဆားချက် လုပ်ငန်း လုပ်ကိုင်ကြပြီး နောင်နှစ် ဖော်ဖော်ဝါရီလနှင့် မတ်လများတွင် ဆားကျုံးလေ့ ရှိကြသည်။

ယင်းဒေသများမှ ထွက်ရှိသည့် ဆားကြမ်းများကို ပုသိမ်မြို့နှင့် မြောင်းမြမြို့ရှိ ဆားအချော ထုတ်လုပ်သည့် ဆားစက်ရုံများ က ဝယ်ယူ၍ အိုင်အိုဒင်းဆား ချောထုတ်လုပ်ကာ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများသို့ တင်ပို့ ရောင်း ချကြောင်း သိရသည်။

ဧရာဝတီတိုင်း ဆားစက် လုပ်ငန်းရှင်များ အသင်း နာယကလည်း ဖြစ်သူ ဦးထွန်းထွန်းက “ဧရာဝတီတိုင်းမှာက နာဂစ် မုန် တိုင်းတုန်းကလည်း လူတွေသေ၊ ဆားဖိုတွေ ပျက်ခဲ့ကြတယ်။ နောက်တော့ ဆားဈေးတွေ ကျပြီး ထုတ်လုပ်မှု စရိတ် အောက် ရောက်တော့ တောက်လျောက် ရှုံးကြတယ်။ ပြီးခဲ့တဲ့ ၂၀၁၇နဲ့ ၂၀၁၈ ရာသီမှာ ဈေးတက်လာတော့ ဆားထုတ် တဲ့သူတွေ အဆင်ပြေပြီး အကြွေးကျေတဲ့လူတွေ ကျေကုန်ကြတယ်။ ဒါပေမယ့် ဆားချော ထုတ်လုပ်တဲ့ ဆားစက်တွေမှာ ကျတော့ အရင်းအနှီးများပြီး ကြိတ်ခတောင် မကျန်ချင်ဘူး ဖြစ်နေတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ နေလှန်းဆားချက်လုပ်ငန်း၏ ၇၅ ရာခိုင်နှုန်းမှာ လပွတ္တာနှင့် ငပုတောမြို့နယ်တွင် တည်ရှိပြီး ဆားကွင်း ဧရိ ယာ ဧက ၃ သောင်းကျော် တည်ရှိကာ ဆားတောင်သူပေါင်း ၉၀၀ ကျော် လုပ်ငန်း လုပ်ကိုင်လျက်ရှိကြောင်း ဧရာဝတီ တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး စာရင်းများ၌ ဖော်ပြထားသည်။

ပုသိမ်မြို့နှင့် မြောင်းမြမြို့တို့တွင် ဆားချောထုတ်လုပ်သည့် စက်ရုံပေါင်း ၃၀ ကျော် လည်ပတ် လုပ်ကိုင်နေကြောင်း အဆို ပါ ရုံးမှ သိရသည်။

Source - irrawaddy news


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်