Coffee mix ကော်ဖီမစ် နဲ့ ကျန်းမာရေး

16/01/2018 14:13 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Coffee Mix သောက်ခြင်းရဲ့ ကောင်းကျိုး ဆိုးပြစ်တွေ သိချင်ပါတယ် ဆရာ။

• Coffee Mix ‘ကော်ဖီမစ်’ ကို သုတေသနလုပ်ထားတာ မတွေ့သလောက်ဖြစ်တယ်။ တွေ့ရင်ရေးပါမယ်။ ကော်ဖီထဲမှာပါတဲ့ ‘ကေဖင်း’ အကြောင်းရေးထားတယ်။ အထားခံအောင် လုပ်တဲ့ဓာတ်၊ အနံ့-အရသာအတွက် ထည့်တာနဲ့ ထုပ်ပိုးစရာတွေကိုလဲ သတိထားရပါမယ်။ ‘ကယ်လိုရီ’ ကိုလဲ တွက်ချက်ရပါမယ်။ အဆီ ပါဝင်မှုကိုလဲ တွက်ရပါမယ်။

• Instant coffee mix ‘အင်းစတင့် ကော်ဖီမစ်’ နဲ့ Powdered creamer ‘ခရမ်မာ နို့မှုန့်’ နှစ်မျိုးလုံးထဲမှာ High fat levels အဆီပါဝင်မှု များတယ်။ Fatty pork အဆီများတဲ့ဝက်သားနဲ့ ဆတူရှိတယ်လို့ ၂၄-၅-၂ဝ၁၃ နေ့ထုတ် တောင်ကိုရီးယား ဆေးသုတေသန သတင်းမှာပါတယ်။

• သုတေသနအဖွဲ့ခေါင်းဆောင် ပါမောက္ခ Hwang Geum-taek ‘ဟွန် ဂွမ်-တိ’ ကနေပြောတာက အဲဒီ နှစ်မျိုးလုံးထဲမှာ လူတွေ ကျန်းမာရေး နဲ့မသင့်တဲ့ Saturated fat ပြည့်ဝဆီတွေ ပါနေတယ်လို့ဆိုပါတယ်။ သွေးထဲမှာ Cholesterol ‘ကိုလက်စထရောလ်’ ကို တက်စေပါမယ်။

• လေ့လာမှုလုပ်သူတွေကနေ ‘အင်းစတင့် ကော်ဖီမစ်’ ၁၁ မျိုးနဲ့ ‘ခရမ်မာ နို့မံ့’ ၁၄ မျိုးကို စမ်းသပ်ခဲ့တာပါ။

• ‘ခရမ်မာ နို့မှုန့်’ တွေထဲမှာ ၁၅့၄% ကနေ ၂၈့၅% ပါတယ်။ ၂၅% ဆိုတာ ဝက်သားအဆီနဲ့ဆတူတယ်။ ‘ကော်ဖီမစ်’ တွေထဲမှာ တမျိုးကလွဲရင် ၁ဝ% ပါတယ်။

• ‘ခရမ်မာ နို့မှုန့်’ ၁၂ မျိုးထဲမှာ ပြည့်ဝဆီ ၉ဝ% ပါတယ်။ ‘ကော်ဖီမစ်’ အားလုံးထဲမှာ ပြည့်ဝဆီ ၉၉% ပါတယ်။ ကြက်သားထဲမှာ ၂၉% နဲ့ အမဲသားထဲမှာ ၄ဝ% ပါတာနဲ့ယှဉ်ကြည့်သင့်တယ်။

• ‘ကိုလက်စထရောလ်’ များသူတွေဟာ နှလုံး-သွေးကြောရောဂါဖြစ်ဘို့ သတိထားကြပါတယ်။

• ၁၉-၂-၂ဝ၁၄ နေ့ကလာတဲ့ ဘီဘီစီကျန်းမာရေးသတင်းမှာ အစားအသောက်တွေကို ထုပ်ပိုးတဲ့ပစ္စည်းတွေရဲ့ ကျန်းမာရေး အန္တရာယ် အကြောင်းကို သိပ္ပံပညာရှင်တွေ သိထားတာ နည်းနည်းလေးသာ ရှိသေးတယ်လို့ ပါရှိခဲ့တယ်။

ကနေ့အထိ အစားအသောက်တွေကို ထုပ်ပိုးဘို့ ဓာတုပစ္စည်းအမယ်ပေါင်း ၄ဝဝဝ လောက် သုံးနေကြပါတယ်။

ဒါတွေနဲ့ လူကိုဝစေတာ၊ ဆီးချိုဖြစ်တာ၊ အာရုံကြောထိခိုက်တာတွေကို လေ့လာဘို့ အများကြီး လိုနေပါသေးတယ်။ Formaldehyde ‘ဖေါ်မယ်လဒီဟိုက်’ ပါနေရင် ကင်ဆာကို ဖြစ်စေနိုင်တယ်။ ရေအပါအဝင် သောက်စရာတွေထည့်တဲ့ ပလပ်စတစ်ထဲမှာ ပါတတ်တယ်။

1. Caffeine (ကေဖင်း) ရဲ့ဆေးစွမ်းသတ္တိများ http://dts-medicaleducation.blogspot.in/2013/08/caffeine.html
2. Caffeine in Tea (ကေဖင်း) နဲ့ လက်ဖက် http://dts-medicaleducation.blogspot.in/2013/08/caffeine-in-tea.html
3. Coffee and Your Health ကော်ဖီ နဲ့ ကျန်းမာရေး http://dts-medicaleducation.blogspot.com/2010/10/coffee-and-your-health.html

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၄


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်