ကော်ဖီစိုက်ပျိုးရာဒေသများဖြစ်သည့် ပြင်ဦးလွင်နှင့် ရွာငံမြို့နယ်အတွင်းရှိ ကော်ဖီစိုက်တောင်သူများကို အမေရိကန်နိုင်ငံသား ကော်ဖီပညာရှင်များမှ ကော်ဖီကြိတ်ခွဲထုတ်လုပ်ခြင်း သင်တန်းများ ကွင်းဆင်းပို့ချပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ အတွင်းရေးမှူး ဦးမင်းလှိုင်က ပြောသည်။
အဆိုပါ သင်တန်းတွင် ကော်ဖီကြိတ်ခွဲသည့် သူများနှင့် ကော်ဖီစိုက် တောင်သူများကို ကော်ဖီကြိတ်ခွဲ ထုတ် လုပ်ခြင်း တစ်ပတ်ကြာ သင်တန်းပေးမည်ဖြစ်ပြီး ၊ သင်တန်းသားအရေအတွက်အား လူဦးရေ ၂၀ ခန့်သာ သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါသင်တန်းမှ ကော်ဖီကို မကြိတ်ခွဲပဲ သဘာဝအတိုင်း အခြောက်ခံထုတ်လုပ်နည်း၊ ကော်ဖီကို ကြိတ်ခွဲပြီး အချဉ်မဖောက်၊ ရေမဆေးပဲ အခြောက်ခံထုတ်လုပ်နည်း၊ ကော်ဖီကို ကြိတ်ခွဲပြီး အချဉ်ဖောက် ရေဆေးကာ အခြောက်ခံ ထုတ်လုပ်နည်းများကို အရည်အသွေး အာမခံချက်ရှိစေရန်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
" ဒီသင်တန်းကို တက်ရောက်လို့ ရရှိတဲ့ သင်တန်းဆင်းလက်မှတ်ကြောင့် ပြည်ပကို တင်ပို့တဲ့အခါမှာ အခွင့်အလမ်းကောင်းတွေ ရရှိစေမှာပါ " ဟု ၎င်းကပြောသည်။
၎င်းသင်တန်းကို ယခု ဇန်နဝါရီလ ၂၂ ရက်မှ ဖေဖဝါရီလအတွင်း ၂၈ ရက်နေ့ (မနက် ၉ နာရီမှ ညနေ ၅ နာရီ) အထိ မန္တလေးကော်ဖီအုပ်စု ကော်ဖီစက်ရုံ၊ အနီးစခန်း၊ ပြင်ဦးလွင်တွင် ပထမအကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်နေ့ (မနက် ၉ နာရီမှ ညနေ ၅ နာရီ) အထိ ရွာငံမြို့နယ်ရှိ အမရာကော်ဖီစက်ရုံတွင် ဒုတိယအကြိမ် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
AMIA
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more