ကုလားပဲ ပင်ခြေပုပ်ရောဂါ (Collar Rot)

11/01/2018 11:32 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

ရောဂါလက္ခဏာမှာ အပင်ငယ်စဉ်တွင် (စိုက်ပြီး ၆ ပတ်အထိ) အစိုဓာတ်များသောမြေတွင် တွေ့ရှိရပါသည်။ ရောဂါဖြစ်သော အပင်မှာ အဝါရောင်ရှိပြီး အပင်ငယ်ပါက မြေပေါ်သို့ လဲကျပြီး အပင်ကြီးပါက အပင်ထောင်လျက် ခြောက်နေသည်ကို တွေ့ရသည်။ ရောဂါ ဖြစ်စေသော သက်ရှိမှာ Sclerotium rolfsii ဖြစ်သည်။

အပင်ငယ်၌ ပင်ခြေမှစ၍ အမြစ်အောက်ဘက်သို့ ဆက်၍ ပုပ်သည်။ ပုပ်သော အပိုင်းတွင် အဖြူရောင် မှိုမျှင်များဖြင့် ဖုံးအုပ်နေသည်ကို တွေ့ရတတ်သည်။ ထိုကဲ့သို့ အဖြူရောင် မှိုမျှင်များသည် အပင်ခြောက်ပြီး နောက်ပိုင်းအထိ ရှိနေသည်။

ဓာတ်ပုံ- အပင်ခြေတွင် အဖြူရောင် မှိုမျှင်များဖြင့် ဖုံးအုပ်နေပုံ

အစိုဓာတ်များသောမြေတွင် ရောဂါရ အပင်ကို နှုတ်ကြည့်ပါက အပင်ခြေတွင် မှိုမျှင်ဖြူများနှင့် အတူ မုန်ညင်းစေ့ကဲ့သို့သော (စကလိုရှား) အလုံးငယ်များကိုတွေ့နိုင်သည်။ ထိုနည်းတူ မြေကြီးထဲတွင်လည်း တွေ့နိုင်ပါသည်။ စိုက်ခင်းထဲတွင် အပင်သေများသည် အကွက်ငယ်များ အဖြစ် ပြန့်ကြဲအခြေအနေမျိုး တွေ့နိုင်ပါသည်။

ရောဂါ သံသရာ

မြေတွင်း အစိုဓာတ်များခြင်း၊ မဆွေးမြေ့သေးသော ပင်ကြွင်းကျန်များ ရှိနေခြင်း၊ မြေချဉ်ငံဓာတ်နိမ့်ခြင်း၊ အပူချိန် (၂၈-၃၀) ဒီဂရီ စင်တီဂရိတ် ရှိခြင်းတို့သည် ရောဂါ ဖြစ်ပွားရန် အကောင်းဆုံး အခြေအနေ ဖြစ်ပါသည်။ အပူချိန် မြင့်သော ဒေသတွင် ရေသွင်း စိုက်ပျိုးရသော ကုလားပဲခင်း၌ အပင်အရွယ် မရွေး ရောဂါ ဖြစ်ပေါ်နိုင်ပါသည်။ စပါးအပြီး ကုလားပဲ သီးထပ် စိုက်ပျိုးသောဒေသတွင် ရောဂါ ပိုမို တွေ့ရှိနိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်းများ

  • ရောဂါရ ပင်ကြွင်း၊ ပင်ကျန်များအား မီးရှို့ ဖျက်ဆီးပစ်ပါ။
  • မြေအစိုဓာတ်များမှု မဖြစ်စေရန် ထိန်းသိမ်းပါ။
  • (Azoxystrobin) အဇိုဇစ် စထရိုဘင်၊ (Tebuconazole) တက်ဗျူကိုနာဇိုး၊ (Benomyl) ဘီနိုမိုင်း၊ (Carbendazim) ကာဗင်ဒါဇင်၊ (Validamycin) ဗလစ်ဒါမိုက်စင် စသော မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းနိုင်ပါသည်။

မှတ်ချက်။ စိုက်ပျိုးရေး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် (www.doa.gov.mm) မှ နည်းပညာများအား ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်