ကောက်ရိုး(သို့) ဗေဒါအခြေခံမြေဆွေးပုံခြင်း

28/05/2021 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြေပေါ်ပုံနည်း

၁။ အရွယ်အစား၅ မီတာ၊ ၁.၅ မီတာကောက်ရိုးပြတ် သို့ ဗေဒါ (၁၀) စင်တီိမီတာ ဖြန့်၍ပုံပါ။ မြေဆွေးပုံကို အရိပ်အောက်တွင်ပုံပါ။

၂။ ရေဝအောင်ဖျန်းပေးပါ။ (ကောက်ရိုး ၊ ရေ= ၁း၂)

၃။ ကောက်ရိုးပုံအမြင့် (၁၀) စင်တီမီတာရောက်လျှင် လူတက်နင်းပေးပါ။ ထို့နောက် ကယ်လ်စီယမ်စိုင်နမိုက်နှင့် ယူရီးယား (နွားချေး) ညီညီညာညာဖြူးပေးပါ။

၄။ ဤနည်းအတိုင်း ကောက်ရိုးပုံအမြင့် လူတစ်ရပ်ခန့်အထိ ပြုလုပ်နိုင်ပါသည်။

၅။ စုပုံပြီးလျှင်အပေါ်တွင် ပလပ်စတစ်သို့မဟုတ် ဝါးကပ်ဖြင့်ဖုံးအုပ်ထားပါ။

၆။ (၂-၃)ပတ်ကြာလျှင် ပထမအကြိမ် အထက်အောက်လှန်ပေးပါ။ (အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်ခန့်ရှိမည်)

၇။ ဒုတိယအကြိမ်ကို အပူချိန် (၄၀) ဒီဂရီစင်တီဂရိတ်ခန့်ရှိလျှင် ပြုလုပ်နိုင်ပါသည်။ (ရေလောင်းရန်မလိုပါ)

၈။ တတိယ၊ စတုတ္ထအကြိမ်ကို (၅-၇) ရက်ခြားပြုလုပ်ပေးနိုင်ပါသည်။ 

၉။ (၅) လခန့်ကြာလျှင်အသုံးပြုနိုင်ပါသည်။

သတိပြုရန်အချက်များ

ရေကိုအလွန်အကျွံမလောင်းမိစေရန် သတိပြုပါ။ ရေများပါကညီညာစွာဆွေးမြည့်မှုကို ထိခိုက်စေပါသည်။ အထူးသဖြင့် အောက်ပိုင်းလွှာကိုထိခိုက်ပါသည်။ သစ်ကိုင်းကြီးများကို အများအပြားမထည့်မိရန်သတိပြုပါ။ သစ်ကိုင်းကိုအချင်း(၀.၅)လက်မအရွယ်ခုတ်ပိုင်းပေးပါ။ သစ်ရွက်ခြောက်များလည်း အလွန်အကျွံအသုံးမပြုသင့်ပါ။ ဆွေးပြီးမြေကို နေရောင်အောက်တွင်မထားရပါ။ အလားတူ စိုက်ခင်းထဲ မြေဆွေးကို အပေါ်ယံဖြန့်မထားရပါ။ နိုက်ထရိုဂျင်ဓာတ်များ ပျောက်ဆုံးမှုရှိပါသည်။ စိုက်ခင်းထဲချပြီးတာနဲ့ ထွန်နဲ့ချက်ချင်းမွှေပေးရမည်။

ကျင်းဖြင့်ပုံနည်း

မြေဆွေးကျင်းထဲ ရေစီးဆင်းဝင်ရောက်မှု မရှိစေရန်ကာကွယ်ထားပါ။ အချို့တောင်သူများအနေနဲ့ ကျင်းနှစ်ကျင်းမတူးလိုဘူးဆိုရင် တစ်ကျင်းတည်းတူးပြီး အထက်အောက်လှန်တဲ့အခါ ကျင်းနှုတ်ခမ်းမှာ ယာယီပုံပြီးကျင်းထဲကိုပဲ ပြန်ထည့်နိုင်ပါသည်။ ကျင်းအရေအတွက်ကိုများများမတူးလိုဘူးဆိုလျှင် အရွယ်အစားကြီးပြီး တူးနိုင်ပါသည်။ အဲဒီအခါ (၄) ပေထက်လျော့ပြီး မထားသင့်ပါ။ ဗေဒါပေါ်မှမြေကြီးဖုံးပေးခြင်းသည် အဏုဇီဝသက်ရှိများ၏ကြီးထွားမှုကို အားပေးသည်။ ကျင်းတူးရတာခက်ခဲတယ်ဆိုလျှင် ကျင်းအစားပဲစင်းငုံ၊ ပြောင်း၊ သစ်ကိုင်းစတာတွေနဲ့ကာရံပြီး မြေပေါ်မှာလည်းပုံထားနိုင်ပါသည်။ ကျင်းအရေအတွက်ကို များများတူးနိုင်လျှင် ပိုကောင်းပါသည်။ 

နည်းပညာများကို ရေတင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ၏ “အိမ်နှင့်ကျောင်း ဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်