ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှုမဖြစ်အောင် ဘယ်လိုထိန်းသိမ်းကာကွယ်ကြမလဲ??

12/10/2021 20:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှု (Biodiversity loss) ဖြစ်စေတဲ့ အကြောင်းရင်းခံတွေ ဖြစ်လာမယ့်အကျိုးဆက်တွေနဲ့ ထိန်းသိမ်းကာကွယ်ရမယ့်နည်းတွေကို အချက်လေးတွေနဲ့ပြောပြပေးသွားပါမယ်။

ဇီဝမျိုးစုံမျိုးကွဲ (Biodiversity) ဟုဆိုရာတွင် သစ်ပင်၊ အပင်တွေ၊ သက်ရှိလူသားများ၊ တိရစ္ဆာန်များ နှင့် ဘက်တီးရီးယားများအားလုံးပါဝင်ပါတယ်။ 

ဇီဝမျိုးစုံမျိုးကွဲများက အဘယ်ကြောင့် အရေးပါတာလဲ?

၁။ အပင်၊ သစ်ပင်မျိုးစိတ်များစွာကို အထောက်အပံ့ပေးနိုင်ခြင်း။

၂။ ပတ်ဝန်းကျင်ဂေဟစနစ် (ecosystem) ကိုထိန်းညှိပေးခြင်း။

၃။ ရေချိုရေသန့်များရရှိစေခြင်း။

၄။ လူသားတွေအတွက် အရေးကြီးလိုအပ်တဲ့ အာဟာရ (Nutrient) များအလုံအလောက်ရရှိစေခြင်း။

၅။ မြေဆီလွှာကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း။

၆။ ညစ်ညမ်းမှုဖြစ်စေသည့် pollutant များကိုဖြိုကွဲပေးနိုင်ခြင်း။

၇။ သက်ရှိများအတွက် လုံလောက်သော အစာအာဟာရများထောက်ပံ့ပေးနိုင်ခြင်း။

၈။ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်များကို ထိန်းသိမ်းကာကွယ်ပေးခြင်း။

၉။ ရေမြေတောတောင်သဘာဝတရားများကို ရှင်သန်စေခြင်း။

၁၀။ သဘာဝဆေးမြစ်သစ်ဖုများရရှိစေခြင်း စတာတွေကြောင့် Biodiversity က အရေးပါလှပါတယ်။

ဒီလောက်အရေးပါတဲ့ Biodiversity တွေ ဘာကြောင့်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေရတာလဲ?

UN Report တစ်ခု၏ ပြောပြချက်အရ ယနေ့ကမ္ဘာမှာ သဘာဝပတ်ဝန်းကျင် နှင့် ဂဟစနစ် (ecosystem) များက အကျဘက်ရောက်ရှိနေပြီး မျိုးစိတ်ပေါင်း တစ်သန်းလောက်က မျိုးသုဥ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပါတယ်။ 

ဒါတွေက ဘာကြောင့်ဖြစ်နေရတာလဲ ဆိုတာကိုလေ့လာကြည့်ရအောင်-

၁။ မိုးခေါင်ရေရှားပါးမှုတွေကြောင့်။

၂။ ရေကြီးရေလျှံမှုတွေကြောင့်။

၃။ သစ်တောမီးလောင်ကျွမ်းမှုတွေ။

၄။ ငလျင်လှုပ်ခက်မှုတွေ။

၅။ အစာကွင်းဆက် (Food Chain) ပျက်စီးလာမှု။

၆။ မျိုးစိတ်( Species ) အသစ်များဖြစ်ပေါ်လာမှု။

၇။ တိရစ္ဆာန်နေထိုင်ကျက်စားရာ နေရာများ ရှားပါးလာမှု။

၈။ လူသားများကြောင့် ဖြစ်ပေါ်လာသည့် လေထုညစ်ညမ်းမှု၊ ရေညစ်ညမ်းမှု၊ စွန့်ပစ်ပစ္စည်း ညစ်ညမ်းမှုတို့ကြောင့်။

၉။ သဘာဝရင်းမြစ်များကို အလွန်အကျွံထုတ်ယူသုံးစွဲမှု။

၁၀။ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်။

၁၁။ အလွန်အကျွံ အမဲလိုက်သတ်ဖြတ်မှု။ 

၁၂။ တားမြစ် မျိုးစိတ် (species) များကို သတ်ဖြတ်မှုတို့။ (ဥပမာ - ဧရာဝတီလင်းပိုင်များ)

၁၃။ ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးများ၊ ဓာတုလက်နက်များအသုံးများလာမှု။

၁၄။ ပြင်ပမျိုးစိတ်သစ်များ ထိုးဖောက်ပြန့်ပွားနှောင့်ယှက်ခြင်းတို့ကြောင့် ရှိရင်းစွဲမျိုးစိတ်များ ဆုံးရှုံးလာမှု။ ကျူးကျော်မျိုးစိတ်များ (invasive species) စတာတွေကြောင့် Biodiversity loss များနှင့်ရင်ဆိုင် နေကြရပါတယ်။

ဇီဝမျိူးစုံမျိုးကွဲဆုံးရှုူံးမှုတွေကြောင့် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်သလဲ?

၁။ အပင်သတ္တဝါနှင့်ပတ်ဝန်းကျင်ဂေဟဗေဒတို့အပေါ် သက်ရောက်နိုင်ခြင်း။ (Ecological effects)

၂။ Biodiversity တွေဆုံးရှုံးလာသည်နှင့်ကူးစက်ရောဂါများ ဖြစ်နိုင်ချေ များလာပါတယ်။ (Spread of diseases)

၃။ စိုက်ပျိုးရေးနှင့်မွေးမြူရေးများ လုပ်ကိုင်လို့မရတော့ဘဲ သီးနှံများ၊ အသားငါးများရှားပါလာခြင်း။ (Loss of livelihood)

၄။ ထို့ကြောင့် အစားအစာကွင်းဆက် (food chain) အရ ထုတ်လုပ်သူ (Producer) များရှားပါးလာသည်နှင့်အညီ Primary/ Secondary Consumer များနှင့် သားရဲကောင် (Predator) များ၏ အသက်အန္တရာယ်ပါခြိမ်းခြောက်လာခြင်း။ (Effect on food production)

၅။ တောတောင်ရေမြေသဘာဝအလှတရာများပျက်စီးယိုယွင်းလာခြင်း။ (Loss of recreational space)

၆။ လူသားတွေရဲ့ လူမှုအဖွဲ့အစည်း (society) မှာပါထိခိုက်နိုင်ပါတယ်။ သဘာဝဖြစ်စဥ်တွေ မရှိတော့တဲ့အတွက် နေရာတကာ artificial (ပကတိမဟုတ် လူလုပ်သောအတု) တွေအစားထိုးလာခြင်းကြောင့် စိတ်မလုံမခြုံခံစားရခြင်း (feel something is missing) စတဲ့ ဆိုးကျိုးများဖြစ်ပေါ်စေပါတယ်။

ဒီလိုဆိုးကျိုးတွေမဖြစ်ပေါ်အောင် ဇီဝမျိုးစုံမျိုးကွဲများ Biodiversity နှင့် ဂေဟစနစ်များ ecosystem မပျက်ဆီးအောင် ဘယ်လိုတားဆီး ထိန်းသိမ်းကြမလဲ?

၁။ တာဝန်ရှိသူများမှ ဥပဒေများပြဌာန်းခြင်း - ပြဌာန်ရုံနှင့်မလုံလောက်သေးပါဘူး။ ဥပဒေတို့နှင့်အညီ စောင့်ကြပ်အရေးယူမှုတွေလည်း ပြုလုပ်ရမှာဖြစ်ပါတယ်။

၂။ ပညာပေးခြင်း - ပညာပေးခြင်း (awareness) တို့က ထိရောက်တဲ့ ဖြေရှင်းချက် (solution) တစ်ခုဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

၃။ ရှားပါးမျိုးစိတ်၊ မျိုးနွယ်များကို (လုံးဝ) ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ပါတယ်။ (ဥပမာ - Afzelia xylocarpa)

၄။ တိရစ္ဆာန်များအတွက် စားကျက်မြေနေရာများ ချန်လှပ် ပေးထားရပါမယ်။

၅။ သစ်တောပြုန်းတီးမှုတွေ မဖြစ်အောင်ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ပါတယ်။

၆။ အလွန်အကျွံ အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းတို့ကို ထိရောက်စွာ တားမြစ်ရန်။

၇။ Species invasion မဖြစ်အောင် စောင့်ကြပ်ရပါမယ်။

၈။ ညစ်ညမ်းမှုများ (pollution) ကိုအတက်နိုင်ဆုံး လျှော့ချဖို့လိုပါမယ်။

၉။ သဘာဝရင်းမြစ်များကို စနစ်တကျ ထုတ်ယူသုံးစွဲပြီး EIA/ SIA များကို ထည့်သွင်းစဥ်းစားရပါမယ်။

၁၀။ လျှပ်စစ်စွမ်းအင်ကိုချွေတာပြီး ပြန်လည်အသုံးပြုနိုင်သော စွမ်းအင် (Renewable energy) များကို အားပေးရပါမယ်။

၁၁။ သဘာဝအရင်းအမြစ်များကို အလေအလွင့်မရှိစေဖို့လဲလိုပါတယ်။ (ဥပမာ - မြေအောက်ရေ နှင့် အစားအစာလေလွှင့်ဆုံးရှုံးမှု (food waste) များ) စတဲ့ ဖြေရှင်းချက်များကို လူသားတို့အားလုံး ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုလျှင် ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှု (Biodiversity loss) နှင့် ဂေဟစနစ်ထိခိုက်မှု (ecosystem impact) တို့ကို လျှော့ချနိုင်မှာဖြစ်တယ်လို့ လေ့လာသိရှိခဲ့ရပါတယ်။

Ref: EHS Myanmar.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်