ပြောင်းတွင်ကျရောက်သော ဖောငမြှောင်တောင်အား ကြိုတင်ကာကွယ်နှိမ်နင်းနည်း

20/02/2025 15:00 PM တွင် မဟော် (သုတေသီ) မဟော် (သုတေသီ) မှ ရေးသား

မြန်မာအမည် - ဖောငမြှောင်တောင်

 

ကျရောက်ဖျက်စီးတတ်သည့် အဆင့်များ - အပင်ပေါက်နှင့် ပင်ပိုင်းကြီးထွားမှုအဆင့်၊ ကတော့ထိုးအဆင့်၊ အနှံထွက်အဆင့်၊ ပြောင်းဖူးသားကပ်အဆင့်။

လောက်ကောင်အဆင့် - လောက်ကောင်၏ မျက်လုံးနှစ်ခုကြား ဦးခေါင်းခွံသည် “Y” အက္ခရာပြောင်းပြန် အနေအထားပုံစံဖြစ်သည်။ ခန္ဓာကိုယ်အဆစ်များ၏ ဒုတိယနောက်ဆုံးအဆစ်တွင် ပါရှိသော အစက်အပြောက် (၄)ခုသည် စတုရန်းသဏ္ဍာန် ဖြစ်သည်။ ပန်းရောင်မှ အညိုရောင်ရင့်ရင့်ရှိကြပြီး ၄၀ မီလီမီတာထိ ကြီးထွားကြသည်။

ရုပ်ဖုံးအဆင့် - တောက်ပသည့် အညိုရောင်ရှိပြီး ၁၃-၁၇ မီလီမီတာ ရှည်လျားသည်။ လက်ခံပင်ဝန်းကျင်ရှိ မြေကြီးအတွင်း ရှိကြသည်။

အကောင်ကြီးဖလံအဆင့် - ညအချိန်မှ လှုပ်ရှားလေ့ရှိပြီး အတောင်အရှည် ၃၂-၄၀ မီလီမီတာခန့် ရှိသည်။ အရှေ့အတောင်-မီးခိုးညိုရောင် နှင့် အနောက်အတောင်-မိတ်ကပ်ရောင် ရှိသည်။ အထီးတို့တွင် အရှေ့အတောင် ထိပ်ဖျား၌ အဖြူရောင်အစက် ပါရှိသည်။

ဖောငမြှောင်တောင် ကြိုက်နှစ်သက်သော အခြေအနေများ -

အပူချိန် - ၂၈ ဒီဂရီတွင် အကောင်းဆုံး ဖွံ့ဖြိုးသည်။ ၁၁ ဒီဂရီနှင့် ၃၀ ဒီဂရီအတွင်း ရှင်သန်ကြသည်။ ရာသီဥတုအေးလျှင် သားဆက်အရေအတွက် နည်းသွားသည်။

မိုးရွာသွန်းမှု - မကြာခဏ မိုးရွာသွန်းခြင်းသည် ပြောင်းခင်းများအား စိမ်းလန်းစေပြီး ငမြှောင်တောင်များအား ဥ အုချရန်နှင့် လောက်ကောင်များ အသက်ရှင်သန်ရန် အခြေအနေပေးသည်။

တိမ်ထူထပ်ခြင်း - ဖောငမြှောင်တောင် ဦးရေ လျှင်မြန်စွာ တိုးပွားမှုအား သက်ရောက်သည်။

မြေသားအစိုဓာတ် - ဥ အုချခြင်းဖြစ်စဥ်အား လွယ်ကူစေသည်။

ကာကွယ်နှိမ်နင်းနည်း

မျိုးစေ့လူးနှယ်စိုက်ပျိုးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ အစာအဆိပ်အသုံးပြုခြင်း၊ လက်ဖြင့်ကောက်ယူခြင်း၊ စိုက်ပျိုးပြုစုခြင်းနည်းစနစ်များ၊ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးနည်းစနစ်များ၊ ခံနိုင်ရည်မျိုးများဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

သဘာဝပိုးသတ်ဆေးဖြင့် ကာကွယ်နည်း

တမာပိုးသတ်ဆေးဆီနှင့် ဆေးရွက်ကြီးပိုးသတ်ဆေးရည်တို့အား ပြောင်းပင်၏ ကတော့အတွင်း ထည့်သွင်းအသုံးပြုခြင်း၊ တမာဆီနှင့် ဆပ်ပြာရည်အား ရောစပ်ပက်ဖျန်းခြင်း၊ ကြက်သွန်ဖြူပိုးသတ်ဆေးရည် အသုံးပြုခြင်း၊ ပြာနှင့် ငရုတ်သီးမှုန့် ရောစပ်အသုံးပြုခြင်း၊ ဥမြုံများနှင့် လောက်ကောင်များအား လက်ဖြင့် ကောက်ယူစွန့်ပစ်ခြင်း၊ Bacillus thuringiensis အခြေခံ ဇီဝပိုးသတ်ဆေး၊ စိုက်ချိန်မညီညာခြင်းနှင့် နောက်ကျစိုက်ပျိုးခြင်းတို့အား ရှောင်ခြင်း၊ သီးညှပ်စိုက်ပျိုးခြင်း၊ ထယ်ရေးနက်နက် ထွန်ယက်ခြင်း၊ သီးနှံအကြွင်းအကျန် များအား မီးရှို့ဖျက်ဆီးခြင်းစသည့် နည်းလမ်းများအားအသုံးပြုနိုင်သည်။

ဓာတုနည်းဖြင့် နှိမ်နင်းရာတွင် ရွေးချယ်အာနိသင်ရှိ ပိုးသတ်ဆေးများဖြစ်သည့် စပီနိုဆန်၊ အီမာမက်တင်ဘန်ဇိုရိတ်၊ ကလိုရန်ထရန်နီလီပရိုးလ် တို့အား အသုံးပြုနိုင်သည်။ အာနိသင်ကောင်းမွန်စေရန် နံနက်စောစော သို့မဟုတ် ညနေခင်းအချိန်များတွင် ပက်ဖျန်းပါ။

ကာကွယ်မှုအနေဖြင့် ကင်းထောက်စစ်ဆေးခြင်း၊ စောစောစိုက်ပျိုးခြင်း၊ လက်ဖြင့်ကောက်ယူခြင်း၊ ထယ်ရေးနက်နက် ထွန်ယက်ခြင်းကို ပြုလုပ်ရမည်။

ငမြှောင်တောင်ကျရောက်တတ်သော သီးနှံများ - ပြောင်း၊ စပါး၊ နှံစားပြောင်း၊ ကြံ၊ ဂေါ်ဖီ၊ ကြက်သွန်၊ ခရမ်းချဥ်၊ အာလူး၊ မြေပဲ၊ ပဲပုပ်၊ ဝါနှင့် စားကျက်များ။

အသုံးပြုနိုင်သော ဆေးAI များမှာ - Lambda cyhalothrin၊ Carbaryl Spinetoram၊ Chlorantraniliprole၊ Emamectin benzoate နှင့် Flubendiamide တို့ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်