လက်မနီရေချိုပုစွန်ဆိုတာ..

28/08/2023 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

 လက်မနီသည့်ပုစွန်သည် ရေချိုပုစွန်တစ်မျိုး(crayfish)ဖြစ်ပြီး အခွံမာရေနေသတ္တဝါ (crustaceans)ဖြစ်သည်။ အခွံမာရေသတ္တဝါများဖြစ်သည့် ပုစွန်၊ ကဏန်း၊ ပုစွန်ဆိတ် စသည်တို့၏ ထူးခြားချက်မှာ အာရုံခံဦးမှင်(၂)စုံ ပါရှိပြီး ရှေ့ပိုင်းအစုံကို ဦးမှင်(Antennae)ဟု ခေါ်ကာ အတွင်းပိုင်းအစုံကို ဦးမှင်ငယ်(Antennules)ဟု ခေါ်သည်။ ရေချိုပုစွန်မျိုး (crayfish)များ၏ ကိုယ်ခန္ဓာကို(၃)ပိုင်း ပိုင်းထားသည်။ ယင်းတို့မှာ ခေါင်းပိုင်း၊ ရင်အုပ်ပိုင်း နှင့် ဝမ်းဗိုက်ပိုင်းတို့ဖြစ်သည်။ ဝမ်းဗိုက်ပိုင်းမှ အသားသည် လူတို့စားသုံးရန်အတွက် ဖြစ်သည်။

ရေချိုပုစွန်(crayfish)တို့သည် အခြားအခွံမာရေသတ္တဝါများနည်းတူ ခေါင်းအဆုံးမှစ၍ ရင်အုပ်ပိုင်းအားလုံးကို carapace ဟုခေါ်သည့် သိမ်မွေ့နူးညံ့သောပါးဟက်ကို အကာအကွယ်ပေးရန်နှင့် ပါးဟက်တစ်လျှောက် အောက်ဆီဂျင်အပြည့်အဝပါရှိသောရေကို တသွင်သွင်စီးဆင်းစေရန် ဖန်တီးပေးထားရန် လမ်းကြောင်းသဖွယ်ပြုပေးသည့် အရာတစ်ခုပါသည်။

သြစတြေးလျတိုက်တွင် ရေချိုပုစွန်(crayfish) အမျိုးပေါင်းများစွာရှိသည်။ ယင်းတို့အားလုံးသည် မျိုးရင်း(Family) - Parastacidae တွင် ပါရှိကြသည်။ လက်မနီသည်

  • မျိုးရင်း(Family) -  Parastacidae 
  •  မျိုးစု(genus) -  cherax 
  • မျိုးစိတ်(Species) - Cherax quadricarinatus ဖြစ်သည်။

 လက်မနီ(Redclaw)သည် သြစတြေးလျတိုက် မြောက်ပိုင်းကွင်းစလန်(Queensland)နယ်၏ အနောက်မြောက် Carpentaria ပင်လယ်ကွေ့အထိ၊ Northern Territory ၏ အရှေ့တောင်ပိုင်း၊ ပါပူးဝါးနယူးဂီနီ(Papua New Guinea) စသည်တို့တွင်တည်ရှိသော မြစ်များ၊ ချောင်းများ၊ အိုင်များတွင် နေထိုင်ကျက်စားသော ရေချိုပုစွန်မျိုး ဖြစ်သည်။

 သို့သော်လည်း ယင်း၏အသွင်သဏ္ဍာန်သည် ရေငန်ကျောက်ပုစွန်တို့နှင့်တူသဖြင့် Redclaw ရေချိုကျောက်ပုစွန်ဟု သာမန်အမည်တွင်နေကြခြင်းဖြစ်သည်။ Redclaw ရေချိုကျောက်ပုစွန်၏ထူးခြားချက်မှာ ကိုယ်ထည်နှင့် လက်မအခွံများသည် ပြောင်ချောလျက်ရှိပြီး အထီး၏ လက်မများတွင် ထင်ရှားသော အနီရောင်အကွက်များပါရှိသည်။ ယင်းအနီရောင်အကွက်များပါသည့် လက်မများကို အစွဲပြုပြီး လက်မနီ(Redclaw) ဟု အမည်တွင်နေခြင်း ဖြစ်သည်။

Redclaw ရေချိုကျောက်ပုစွန်၏ စတင်ရာ

၁၉၈၀ ပြည့်နှစ်အနှောင်းပိုင်းနှစ်များတွင် ကွင်းစလန်(Queensland) ဒေသ၌ သြစတြေးလျတိုက်၏ အနောက်တောင်ပိုင်းဇာတိဖြစ်သော ရေချိုကျောက်ပုစွန် မယွန်း (Marron)၊ သိပ္ပံအမည် Cherax tenuimanus ကို တင်သွင်းပြီး စမ်းသပ်မွေးမြူရာတွင် အအေးပိုင်းဒေသမှ Marron သည် အပူပိုင်းဒေသဖြစ်သော ကွင်းစလန်(Queensland)၏ ရာသီဥတုနှင့် မကိုက်ညီသဖြင့် အောင်မြင်ခြင်း မရှိချေ။

ထို့ကြောင့် ကွင်းစလန်း(Queensland)ဒေသ၏ အာဏာပိုင်များသည် သူတို့၏ ဇာတိမျိုးစိတ်ဖြစ်သော လက်မနီ(Redclaw)ကို အစားထိုးမွေးမြူကြည့်ရာ အောင်မြင်ကြောင်း တွေ့ရသည်။ ဤသို့စမ်းသပ်မွေးမြူရာတွင် အောင်မြင်လာသည့်နောက် ရေလုပ်ငန်းစီးပွားရေးတွင် တွက်ချေကိုက်သဖြင့် ကွင်းစလန်(Queensland) ဒေသ၊ နယူးဆောက်ဝေးလ်(New South Wales)ဒေသ စသည်တို့မှစကာ သြစတေကြးလျတိုက် အနောက်ပိုင်းဒေသများအထိ လက်မနီ ရေချိုကျောက်ပုစွန် မွေးမြူရေးလုပ်ငန်းသည် ပျံ့နှံ့ခဲ့သည်။

 သြစတြေးလျတိုက်ငယ်၏ မြောက်ပိုင်းဒေသသည် စွတ်စိုသောရာသီဥတုနှင့် ခြောက်သွေ့သော ရာသီဥတု  ဒွန်တွဲနေသည်။ ယင်းဒေသများ၏ ရေထုအခြေအနေများသည်လည်း ရာသီဥတုနှင့်အညီ ပြောင်းလဲနေသည်။

မိုးများပြီး စွတ်စိုသောရာသီတွင် မြစ်များ၊ ချောင်းများ၊ အိုင်များတွင် ရေပြည့်လျက်ရှိပြီး ငါးပုစွန်တို့အတွက် ပြဿနာတစုံတရာ မရှိသော်လည်း မိုးနည်းပြီး ပူပြင်းခြောက်သွေ့သောရာသီဥတုတွင် မြစ်၊ ချောင်းများ ရေခန်းခြောက်လာသည်။ ရေနည်းပါးလာသည်။ ငါးပုစွန်တို့ အနေကြပ်လာသည်။ တချို့သော ချောင်းငယ်မြောင်းငယ်များ၊ အင်းအိုင်များတွင် ရေမျက်နှာတစ်ပြင်လုံး ရေညှိများပေါက်လာသည်။ ရေပြင်သည် စိမ်းလာသည်။ ရေတွင် ပျော်ဝင်သောအောက်စီဂျင်ပမာဏ အတက်အကျ ရှိလာသည်။ ရေ၏ချဥ်ဖန်နှုန်း စံတန်ဖိုးသည် နေ့နှင့်ည မတူညီတော့ချေ။ မြစ်ငယ်များ၊ ချောင်းများ၊ အင်းအိုင်များတွင်ရှိသော ရေ၏ဓာတုဗေဒသဘောများ မတည်မငြိမ်ဖြစ်လာသည်။ ငါးပုစွန်များ ဒုက္ခနှင့် ရင်ဆိုင်ကြရသည်။

သို့ရာတွင် လက်မနီရေချိုကျောက်ပုစွန်သည် ဤဒုက္ခများကို ကျော်လွှားနိုင်သောအရည်အချင်းအပြည့်ရှိသည်။ ထို့ကြောင့် လက်မနီ ရေချိုကျောက်ပုစွန်မွေးမြူခြင်းကို ရေလုပ်ငန်းစီးပွားရှင်များ မျက်စိကျလာခြင်း ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်