သစ်အယ်သီးပင် စိုက်ပျိုးနည်း

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

သစ်အယ်ပင်၏ မှုရင်းပင်သည် ပြင်သစ်၊ တရုတ် ဖြစ်ပါသည်။ ဖီဂါရေးစီး မျိုးရင်းဝင် ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ chestnut ဟု ခေါ်ဝေါ်ကြသည်။ စိုက်ပျိုးသောဒေသများမှာ သစ်အယ်ပင်ကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်များတွင် ပင်လယ်မြေမျက်နှာပြင် အမြင့်ပေ ၃၀၀၀ကျော်သည့် ဒေသများတွင် ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။

၁။ ရာသီဉတု

သစ်အယ်သည် အပူချိန် ၄၀-၇၅ ဒီဂရီ ဖာရင်ဟိုက် အတွင်းရှိပြီး တစ်နှစ်လျှင် အနည်းဆုံး မိုးရေချိန် လက်မ ၄၅ ဒီဂရီ ဖာရင်ဟိုက် ရွာသွန်းသော ဒေသရာသီဉတုကို ကြိုက်နှစ်သက်ပါသည်။

၂။ မြေ

တောင်ပေါ်မြေနီမျိုးတွင် ကောင်းစွာစိုက်ပျိုး ဖြစ်ထွန်းပါသည်။ သစ်အယ်စိုက်ပျိုးရန်အတွက် အသင့်တော်ဆုံးမြေ အချဉ် အငန်ဓာတ်မှာ PH ၅.၅ - ၆ အတွင်း ဖြစ်ပါသည်။ မြေအချဉ်အငန်ဓာတ် PH ၄ - ၅ အတွင်း ဖြစ်လျှင် ထုံးများထည့်၍ မြေကိုပြုပြင်ပေးရပါမည်။

၂။ မျိုးပွားနည်း

သစ်အယ်ပင်များကို မျိုးစေ့မှလည်းကောင်း၊ ကိုင်းဆက်၍ လည်းကောင်း၊ သစ်ဖူးမြှုပ်၍ လည်းကောင်း မျိုးပွားနိုင်ပါသည်။ ကိုင်းဆက်နည်း၊ သစ်ဖူးမြှုပ်နည်းများဖြင့် မျိုးပွားရာတွင် အောက်ခံပင်အဖြစ် သစ်အယ်ရိုင်း များကို အသုံးပြုရသည်။ ယင်းနည်းများဖြင့် မျိုးပွားရန် အကောင်းဆုံးအချိန်မှာ ဆောင်းရာသီ ဖြစ်ပါသည်။ ကိုင်းဆက်နည်း၊ သစ်ဖူးမြှုပ်နည်းဖြင့် မျိုးပွားပျိုးထောင်ထားသော ပျိုးပင်များ တစ်နှစ်သားခန့်ရှိလျှင် စိုက်ခင်းသို့ ပြောင်းရွှေ့ စိုက်ပျိုးနိုင်ပါသည်။

၄။ စိုက်ပျိုးနည်း

သစ်အယ်ပင်များ စိုက်ပျိုးရန် သဘာဝမြေဆီသြဇာ ကြွယဝသည့်မြေ နေရာများကို ရွေးချယ်ရပါမည်။ မြေနေရာရွေးချယ်ပြီးနောက် ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် တောရှင်းပြီး မတ်၊ ဧပြီလများတွင် ပေါင်းမြက်သုတ်သင်ခြင်း၊ သစ်ငုတ်များတူးဖော်ခြင်း၊ လုပ်ငန်းများကို ဆောင်ရွက်ရပါမည်။ ထိုနောက်အနက် နှစ်ပေပတ်လည်ရှိ ကျင်းမျာကိုတူးပြီး တစ်ကျင်းနှင့်တစ်ကျင်း ပေ ၃၀ခွာပြီး တူးရပါမည်။ ကျင်းတူးရာတွင် ကျင်းအပေါ်ယံမြေသားကို သီးခြားဖယ်ထားပြီးနောက် ယင်းအပေါ်ယံမြေသားကျင်းစာနှင့် မြေဆွေးဆတူရောပြီး ကျင်းပြည့်အောင် ပြန်၍ဖို့ရပါမည်။
ထိုနောက် တစ်နှစ်သား ပျိုးပင်ကို ကျင်းအလယ်တည့်တည့်တွင် မတ်မတ်ထောင်၍ စိုက်ပျိုးရပါမည်။ ကိုင်းဆက် သစ်ဖူးမြှုပ်ပျိုးပင်များကို စိုက်ပျိုးရာတွင် ကိုင်းဆက်သည့်နေရာ သစ်ဖူးမြှုပ်သည့်နေရာများ မြေကြီးအတွင်းသို့ မြှုပ်မနေစေရန် အထူးဂရုပြု၍ စိုက်ပျိုးရပါမည်။ တစ်ဧကလျှင် အပင်ပေါင်း ၄၈-၇၅ ပင်အထိ စိုက်ပျိုးနိုင်ပါသည်။

၅။ မြေသြဇာကျွေးနည်း

နွားချေးဆွေး၊ သစ်ရွက်ဆွေး၊ စသည့်သဘာဝမြေသြဇာများကို တစ်ဧကလျှင် လှည်း ၅-၁၁ စီးအထိ ထည့်ပေးရပါမည်။ သစ်အယ်ပင်များအတွက် အသုံးပြုရန် ဓာတ်မြေသြဇာမှာ လက်ရှိ တောင်သူလယ်သမားကြီး များ အသုံးပြုနေသော ယူရီးယား ခြောက်ဆ၊ တီစူပါ ခုနှစ်ဆ၊ ပိုတက်ရှ် လေးဆရောစပ်ပြီး အပင်ငယ်အတွက် တစ်ပင်လျှင် ၅၀-၇၅ ကျပ်သား အထိကျွေးရမည်။ သီးပွင့်နေသည့်အပင်များအတွက် တစ်ပင်လျှင် ၇၅ ကျပ်သားမှ တစ်ပိသာအထိ ထည့်ပေးရမည်။ ဓာတ်မြေသြဇာကို မိုးဦးကျတွင် တစ်ကြိမ် မိုးတွင်းတွင် တစ်ကြိမ် ကျွေးပေးသင့်ပါသည်။

၆။ အပင်ပြုစုနည်း

ပန်းသီး၊ သစ်တော်သီးများကို ပြုစုသကဲ့သို့ အကိုင်းများကို အများအပြား အကြီးအကျယ် ဖြတ်တောက်ပေးရန် မလိုပါ။ ပူးကပ်နေသော ကိုင်းသိမ်၊ ကိုင်းညှပ်များ၊ ကိုင်းခြောက်များကိုသာ ဖြတ်တောက်ပေးရန်လိုပါသည်။ အခါအားလျောစွာ ပေါင်းရှင်း၊ မြေဆွပေးရပါမည်။ သစ်အယ်စိုက်ခင်းများကို လေဒဏ်မှ ကာကွယ်ရန် လေကာပင်များ စိုက်ပျိုးပေးရပါမည်။

၇။ ပိုးမွှားရောဂါများ

သစ်အယ်ပင်များတွင် ကျရောက်တက်သော ပိုးမွှားများမှ ရွက်စားပိုး၊ သစ်ထိုးပိုးများဖြစ်သည်။ ယင်းပိုးများကို မာလာသီယွန်ဆေးတစ်ဆကို ရေအဆ ၇၅၀ ဖြင့် ရော၍ ပက်ဖျန်းနိုင်ပါသည်။
သစ်အယ်ပင်များတွင် ကျရောက်တက်သောရောဂါမှာ ကင်ကာ ခေါ် မှိုရောဂါဖြစ်သည်။ ယင်းရောဂါဖြစ်ပွားလျှင် အကိုင်းများပေါ်၌ အဖုကွက်များ ဖြစ်ပေါ်လာပါသည်။ ကာကွယ်နှိမ်နင်းရန်မှာ ရောဂါကျရောက်သည့်နေရာကို ဖြတ်တောက်၍ မီးရှို့ပစ်ရပါမည်။

၈။ ဆွတ်ခူးခြင်း နှင့် အထွက်နှုန်း

သစ်အယ်ပင်များသည် စိုက်ပျိုးပြီးနောက် ပဉ္စမနှစ်မှ စတင်သီးပွင့်ပါသည်။ တစ်ဧက သစ်အယ်သီး ပိသာ ၁၅၀-၂၅၀ အထိ ရရှိနိုင်ပါသည်။ အပင်များကြီးရင့်၍ ၁၀ နှစ်သားကျော်လျှင် တစ်ဧက အသီးပိသာ ၅၀၀-၆၀၀ အထိ ရရှိနိုင်ပါသည်။

ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်း စာအုပ်မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်