ပိန္နဲစိုက်ပျိုးရေး

08/12/2017 22:29 PM တွင် HanPhyoAung HanPhyoAung မှ ရေးသား

အပင်၏ သဘာဝ
အပူပိုင်းဒေသတွင် အပင်အရွယ်အစား အတော်ကြီးကြီးမားမားအထိ (၂၀ မီတာ / ၆၅ ပေ အမြင့် အထိ) ဖြစ်ထွန်းသည်။ အပင်၏ အစိတ်အပိုင်းများအားလုံးတွင် အဖြူရောင်စေးကပ်သော အစေးများရှိကြသည်။ အမြဲစိမ်းလန်းပင်ဖြစ်သည်။
ပိန္နဲသီးသည် အပင်၏ ပင်စည် (သို့) အမပန်းပွင့်များထွက်သော ကိုင်းရင့်များ၏ အခြေနားတွင် အသီးသီးလေ့ရှိသော အပင်ဖြစ်သည်။ အပင်မှ သီးသောအသီးများထဲတွင် ပိန္နဲသီးသည် အလေးချိန်အများဆုံး အသီးဖြစ်ပြီး ၃၅ ကီလိုဂရမ် (ပိသာ ၂၀ ကျော် ခန့်) အထိ ရှိတတ်သည်။ အဖိုပွင့်၊ အမပွင့်သီးသန့်ရှိသောအပင် ပင်ထီးလိင်စုံ (monoecious) လည်းဖြစ်သည်။ အဖိုပွင့်များသည် အမပွင့်များ၏အထက် အရွက်များကြားတွင် အပင်ကြီးထွားမှုအသစ်စသည်နှင့် ပေါ်လာတတ်သည်။ အမပွင့်များသည် ကိုင်းမကြီးများ (သို့) ပင်စည် အခြေမှထွက်သော တိုတုတ်သန်မာသည့် ကိုင်းများပေါ်တွင် ဖြစ်ပေါ်တတ်သည်။ တခါတရံ အလွန်သက်တမ်း ရင့်နေပြီ ဖြစ်သော အပင်များတွင် မြေဖုံးနေသော ပင်စည်၏ အခြေမှပင် ထွက်ပေါ်တတ်သည်။ ထို့ကြောင့် အသီးများကို ရံဖန်ရံခါ မြေကြီးထဲမှထွက်လာသည်ကို တွေ့ရတတ်သည်။
အသီးတွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ သတ္တုဓာတ်နှင့် ကာဗိုဟိုက်ဒြိုက်ဓာတ်များ ကြွယ်ဝနေသည်။ အသီးမှည့်များတွင် ဗီတာမင်အေပို၍ ကြွယ်ဝနေသည်။

မူရင်းဒေသနှင့် နောက်ခံသမိုင်း
အိန္ဒိယအရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသတို့ရှိ ဆင်းရဲသားတို့၏ အစားအစာ (Poor man's food) အဖြစ် ထင်ရှားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ ၎င်းကို National food အဖြစ် သတ်မှတ်သည်။ ပိန္နဲ၏ မူရင်းဒေသကို အိန္ဒိယနိုင်ငံအနောက်ဘက် Ghats ဒေသရှိ မိုးသစ်တောများဟု ယူဆကြသည်။ အာရပ်တို့မှ စောစောပိုင်းတွင် အရှေ့အာဖရိကမ်းရိုးတန်းသို့ ယူဆောင်သွားကြဟန်ရှိသည်။ စောစောပိုင်းတွင် အိန္ဒိယနိုင်ငံ၏ အခြားအရပ်ဒေသများ၊ အရှေ့တောင်အာရှ၊ အရှေ့အင်ဒီး (East Indies) နှင့် ဖိလစ်ပိုင်သို့ ပျံ့နှံ့သွားသည်။ အာဖရိက အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့တွင် စိုက်ပျိုးလေ့ရှိပြီး ဘရာဇီးနှင့် စူရီနန် (Surinam) နိုင်ငံ တို့တွင် တော်တော်လေးခေတ်စားသည်။ ကမ္ဘာ့ပိန္နဲစိုက်ပျိုးရာနိုင်ငံများမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သီရီလင်္ကာ၊ တရုတ်ပြည်တောင်ပိုင်း၊ ထိုင်း၊ ဗီယမ်နမ်၊ ဘရာဇီး၊ ကင်ညာ၊ ယုဂန်ဒါ၊ အမေရိကန်နှင့် မက္ကစီကိုနိုင်ငံတို့ဖြစ်ကြသည်။

မျိုးများ
မြန်မာနိုင်ငံတွင် စိုက်ပျိုးသောပိန္နဲမျိုးများတွင် အိမ်မာနှင့် အိမ်ပျော့ဟူ၍ နှစ်မျိုး တွေ့ရသည်။ မျိုးအများစုမှာ အသီးသီးရန် အနည်းဆုံး ၈ နှစ်ခန့်ကြာတတ်သည်။ တချို့မျိုးများ (ဥပမာ- Singapore Jack) မှာ စိုက်ပြီး သုံးနှစ်နေလျှင် အသီးစတင် သီးတတ်သည်။

စိုက်ပျိုးရန်လိုအပ်သော ပတ်ဝန်းကျင်အခြေအနေများ
အပူပိုင်းနှင့် ပူနွေးစိုစွတ်ရာသီဥတုရှိဒေသများတွင် စိုက်ပျိုးရန် သင့်တော်သည်။ နေရောင်ခြည် အပြည့်ဝ ရရှိသော ကွင်းပြင်ထဲတွင် ဖြစ်ထွန်းမှု ပိုကောင်းသည်။ အပူချိန် ၁၆ မှ ၂၈ ဒီဂရီစင်တီဂရိတ်ကြားတွင် အကောင်းဆုံးဖြစ်ထွန်းသည်။ ပင်လယ်ရေမျက်နှာပြင်မှ အမြင့် မီတာ ၁၅၀ဝ (ပေ ၄၉ ၀၀ ကျော်) အထက်တွင် ဖြစ်ထွန်းသည်။
မြေအမျိုးအစားမရွေးတွင် စိုက်ပျိုးနိုင်သော်လည်း နုန်းတင်မြေနု (Alluvial soil) များတွင်မူ အကောင်းဆုံးဖြစ်သည်။ မြေသားနက်၍ ရေစီးရေလာကောင်းသော နေရာတွင် စိုက်ပျိုးသင့်သည်။ သင့်တော်သော မြေချဉ်ငံဓာတ် (pH) မှာ ၅.ဝ-၇.၅ ဖြစ်သည်။ ပိန္နဲပင်သည် ရေငတ်ဒဏ်၊ ပူပြင်းခြောက်သွေ့မှုဒဏ်ကို မခံနိုင်ပေ။ ရေဝပ်ဒဏ်ကိုလည်း မခံနိုင်ပေ။ နှစ်စဉ် မိုးရေချိန် ၁၀ဝဝ-၂၄၀ဝ မီလီမီတာ (၃၉ - ၉ ၄ လက်မ) အတွင်း လိုအပ်သည်။

မျိုးပွားခြင်း
များသောအားဖြင့် ပိန္နဲပင်အား အစေ့မှမျိုးပွား၍ စိုက်ပျိုးလေ့ရှိသည်။ ကောင်းစွာ ရင့်မှည့်ပြီးသား အသီးမှ မျိုးစေ့ကို ယူပါ။ ပိန္နဲသည် ချက်ချင်းစိုက်စိုက်မှပေါက်သော အစေ့ (Recalcitrant seed) အုပ်စုတွင်ပါဝင်ကြောင့် ရေဆေးပြီး ချက်ချင်းစိုက်နိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ အစေ့မှ အညှောက်ပေါက်ရန် ၃-၈ ပတ်ခန့် ကြာသည်။ မျိုးစေ့အား ရေ (သို့) NAA ၂၅ ppm ဖြင့် ၁ ရက်ခန့်စိမ်၍ စိုက်ပျိုးလျှင် အညှောက်ပေါက်မှုနှင့် ပျိုးပင်ကြီးထွားမှု ပိုကောင်းသည်။ ပျိုးအိတ်တစ်အိတ်ချင်းတွင်း ထည့်၍ဖြစ်စေ (သို့) ပျိုးဘောင်တွင်ဖြစ်စေ မျိုးစေ့အား ၂-၃ စင်တီမီတာ (၁ လက်မခန့်) အနက်ခန့် မြေချ၍ စိုက်ပျိုးပါ။ ပင်ပိုင်းဆိုင်ရာလိင်မဲ့နည်းဖြင့်လည်း မျိုးပွားစိုက်ပျိုးနိုင်သည်။ ထိုင်းနိုင်ငံတွင် ပိန္နဲပင်အား ပင်ပိုင်းဆိုင်ရာလိင်မဲ့နည်းဖြင့် မျိုးပွားစိုက်ပျိုးမှုများသည်။ အိန္ဒိယနိုင်ငံတွင်မူ မြေထုပ်စည်းမျိုးပွားနည်း (Air-layering) ဖြင့် ဆောင်ရွက်ကြသည်။ ပိန္နဲပင်အား မျိုးပွားရန်အသုံးများသောပင်ပိုင်းဆိုင်ရာ လိင်မဲ့မျိုးပွားနည်းများမှာ အစေ့ရွက် အထက်နားတွင် ကပ်၍ဆက်နည်း (Stone/epicotyl grafting) နှင့် ဘေးတိုက် ပါးချင်းအပ်ဆက်နည်း (Side-veneer grafting) တို့ဖြစ်သည်။
ဘေးတိုက်ပါးချင်းအပ်ကိုင်းဆက်နည်းဖြင့် မျိုးပွားမည်ဆိုလျှင် အသုံးပြုမည့် အောက်ခံပင် (Stock) သည် တစ်နှစ်သားခန့်ရှိရမည်။ အဖူးကိုင်း (Scion) ကို အသီးသီး နေသောအပင်မှ ယူရမည်။ မတ်နှင့် မေလများတွင် ကိုင်းဆက်ရန် အကောင်းဆုံးဖြစ်သည်။


အစေ့ရွက်အထက်နားတွင် ကပ်၍ ကိုင်းဆက်နည်း (Stone/Epicotyl grafting)

 

အစေ့ရွက်အထက်နားတွင် ကပ်၍ ကိုင်းဆက်နည်း (Stone/Epicotyl grafting)
အစေ့ရွက်အထက်နားတွင် ကပ်၍ ဆက်နည်းဖြင့် မျိုးပွားမည်ဆိုလျှင် အောက်ခံပင်ကို အညှောက်ပေါက်ပြီး ၁၄-၁၅ ရက်သားတွင် ပုံတွင်ပြထားသကဲ့သို့ မြေအထက် ၅-၆ (၂ လက်မခန့်) စင်တီမီတာဖြတ်၍ အလယ်တည့်တည့်တွင် ဓားဖြင့်ခွဲ၍ ပြင်ဆင်ပြီး အဖူးကိုင်းဖြင့် ဆက်ရမည်။ အဖူးကိုင်းကိုလည်း ပုံတွင်ပြထားသကဲ့သို့ ပြင်ဆင်ပြီး အောက်ခံပင်ဖြင့် ဆက်ရမည်။ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ကိုင်းဆက်ရန် အကောင်းဆုံးဖြစ်သည်။ ဆက်ပြီးသား အပင်အား ပလပ်စတစ်အိတ်ဖြင့် စွပ်ပြီး အရိပ်ထားတွင်ထားကာ ရေပုံမှန်လောင်းပေးနေရမည်။ ၎င်းကိုင်းဆက်ပြီးသား အပင်သက်တမ်း ၁ နှစ်ခန့်ရှိမှသာ ရွှေ့ပြောင်းစိုက်သင့်ပေသည်။

စိုက်ကျင်းများပြင်ဆင်ခြင်း
မြေချမစိုက်ပျိုးမီ ၄ ပတ်ခန့်ကြိုတင်ပြီး စိုက်ကျင်းများကို တစ်မီတာပတ်လည် တူး၍ သဘာဝမြေဩဇာနှင့် မြေခံအဖြစ်ထည့်သွင်းမည့် ဓာတုမြေဩဇာများထည့်ကာ မြေနပ်ထား ရမည်။ စတုရန်းပုံသဏ္ဌာန်စိုက်စနစ် (Square system) ဖြင့် စိုက်ပျိုးသင့်သည်။

ပင်ကြားတန်းကြားအကွာအဝေး
အစေ့စိုက်အပင် - ၁၂ x ၁၂ မီတာ (၁၀ x ၁၀ မီတာ) / ၃၉ x ၃၉ ပေ (၃၂ x ၃၂ ပေ)
ကိုင်းဆက်အပင် - ၈ x ၈ မီတာ (၂၆ x ၂၆ ပေ)

စိုက်ပျိုးခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်း
တိုက်ရိုက်အစေ့ချ၍ဖြစ်စေ (သို့) ပျိုးထောင်ပြီး ရွှေ့ပြောင်း၍ဖြစ်စေ စိုက်ပျိုးနိုင်သည်။ မိုးဦးကျတွင် မြေချစိုက်ပျိုးလျှင် အကောင်းဆုံးဖြစ်သည်။ ရေရမည်ဆိုလျှင် နွေဦး ကာလတွင်လည်း တိုက်ရိုက်အစေ့ချ၍ စိုက်ပျိုးနိုင်သည်။ ပျိုးပင်များအား ရွှေ့ပြောင်းစိုက်ပျိုး မည်ဆိုလျှင် ပျိုးသက် ၁-၂ နှစ်သားတွင် အကောင်းဆုံးဖြစ်သည်။ ရွှေ့ပြောင်းစိုက်ပျိုးခြင်းကို ညနေပိုင်းတွင် ဆောင်ရွက်သင့်သည်။ ရွှေ့ပြောင်းမစိုက်မီ အပင်များအား ရေဝအောင်ကြို၍ လောင်းထားသင့်သည်။ ပျိုးအိတ်ကို ဖယ်ပြီး ပုံတွင်ပြထားသကဲ့သို့မြေချစိုက်ပျိုးပါ။ စိုက်ပြီးပြီးချင်း ရေလောင်းပါ။ စိုက်ခါစ အပင်သစ်များအား ၃-၄ နှစ်သားအထိ ပူပြင်း ခြောက်သွေ့သောရာသီတွင် ပုံမှန်ရေပေးသွင်းသင့်သည်။ အပင်ကြီးများကိုလည်း ပန်းပွင့်ချိန်နှင့် အသီးကြီးထွားချိန်အတွင်း ရာသီပူပြင်းခြောက်သွေ့လျှင် ရေပေးသွင်းသင့်ပါသည်။ ၃-၄ နှစ်သားအထိ အပင်ခြေတွင် ပေါင်းမြက်များအားဂရုစိုက်၍ ရှင်းလင်းပေးသင့်သည်။ မိုးဦးနှင့် မိုးနှောင်းတွင် အပင်များကြား ထယ်/ထွန် ဝင်ပေးနိုင်လျှင် ပို၍ကောင်းပါသည်။ အပင်ခြေတွင် ပေါင်းမြက်ပေါက်မှု လျော့ပါးသက်သာစေရန်နှင့် အစိုဓာတ်ကို ထိန်းထားနိုင်ရန် ကောက်ရိုး မြက်ခြောက်များဖြင့် ဖုံးထားပေးသင့်ပါသည်။
သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ ထည့်သွင်းပေးခြင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပိန္နဲပင်အား သက်တမ်းအလိုက် ကျွေးနေသော မြေဩဇာ နှုန်းထားများမှာ အောက်ပါဇယားအတိုင်း ဖြစ်သည်။


သက်တမ်းအလိုက် ကျွေးသင့်သော မြေသြဇာနှုန်းထားများ

 

သက်တမ်းအလိုက် ကျွေးသင့်သော မြေသြဇာနှုန်းထားများ

ပိုးမွှားများ
အဓိကကျရောက်သော ပိုးမွှားများမှာ အညွန့်နှင့် သီးလုံးဖောက်ပိုး (Shoot and fruit borer: Diaphania caesalis) နှင့် အဖူးထိုးနှာတံရှည်ကျိုင်း (Bud weevil: Ochryomera artocarpi) တို့ ဖြစ်သည်။
အညွန့်နှင့် သီးလုံးဖောက်ပိုးအား ကာကွယ်ရန် အသီးအားအိတ်စွပ်ပါ၊ ကျရောက်သော အပင်၏ အစိတ်အပိုင်းများအား ဖယ်ရှားဖျက်ဆီးပစ်ပါ။ ပန်းပွင့်ချိန်အတွင်း စီဗင် (Carbaryl) ကဲ့သို့သော ပိုးသတ်ဆေးများဖြင့် ပက်ဖျန်းကာကွယ်ပါ။
အဖူးထိုးနှာတံရှည်ကျိုင်းအား ကာကွယ်ရန် ၎င်းကျရောက်နေသော အညွန့်များ၊ ပန်းဖူးများနှင့် အသီးများကို ဖယ်ရှားပစ်ပါ။

ရောဂါများ
အဓိကကျရောက်သော ရောဂါမှာ Rhizopus artocarpi မှိုကြောင့်ဖြစ်ပွားသော ပန်းပွင့်ပုပ်၊ ပင်စည်ပုပ်နှင့် အသီးပုပ်ရောဂါဖြစ်သည်။
ရောဂါကျအပင်၏ အစိတ်အပိုင်းများအား ဖယ်ရှားဖျက်ဆီးပစ်ပါ။ သင့်တော်သော မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်ပါ။

ရိတ်သိမ်းခူးဆွတ်ခြင်း
အစေ့စိုက်ပင်သည် မျိုးအများစုတွင် စိုက်ပြီး ၇-၈ နှစ်ကြာမှ အသီးစတင်သီးပြီး ကိုင်းဆက်အပင်ကို ၃ နှစ်သားမှစ၍ အသီးယူနိုင်သည်။ ပန်းပွင့်ချိန်မှစ၍ ၃ လ မှ ၈ လ ကြာလျှင် အသီးရင့်မှည့်သည်။ ရင့်မှည့်သောအခါ အသီး၏ အရောင်သည် အစိမ်းဖျော့ရောင်မှ အဝါရောင်သို့ ပြောင်းသွားပြီး အသီးအားပုပ်ကြည့်လျှင် လှိုင်သံပေါက်နေရမည်။ ဆူးများလည်း ကျဲသွားပြီး အသီးများမွှေးလာလေ့ရှိသည်။ နံနက်ပိုင်းတွင် ခူးဆွတ်သင့်သည်။
တစ်နှစ်လျှင် တစ်ပင်မှ အသီးအရေအတွက် ၅၀-၂၅၀ ခန့် ပုံမှန်အသီး တင်တတ်သည်။ တစ်ဧကလျှင် ပျှမ်းမျှထွက်ရှိတန်ချိန်မှာ ၁၅-၂၀ ဖြစ်သည်။ အာရှနိုင်ငံများတွင် တစ်ဧက ပျှမ်းမျှအထွက်မှာ ၄ တန် ပတ်ဝန်းကျင်ဖြစ်သည်။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
၁၀-၈-၂၀ဝ၉ (ည ၁၀း၃၀)

ကိုးကား


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်