ရာဘာ ပျိုးခင်းနှင့် စိုက်ပျိုးထိန်းသိမ်းနည်း သင်တန်း တက်ရောက်ရန် ဖိတ်ခေါ်ခြင်း

03/06/2014 07:35 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရာဘာ စိုက်ပျိုးရေးအတွက် စိတ်ဝင်စားသူများ တက်ရောက်သင့်သော သင်တန်းတစ်ခု ဖြစ်ပါသည်။ သင်တန်းအနေဖြင့် ပျိုးခင်းနှင့် စိုက်ပျိုးထိန်းသိမ်းနည်းများကို အထူးပြု သင်ကြားပေးသွားမည် ဖြစ်ပြီး တက်ရောက်လိုသူများသည် သင်တန်းကြေး ၁၀၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းကြေးတွင် စားသောက်စရိတ် ပါဝင်ခြင်းမရှိဘဲ မိမိအစီအစဉ်ဖြင့်သာ စားသောက်ရမည်ဖြစ်ပါသည်။  သင်တန်းကို မော်လမြို့အနီး နှစ်ရှည်ပင်များ အသုံးချသုတေသန တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

သင်တန်းသားအရေအတွက် အယောက် (၃၀) သာ လက်ခံမည် ဖြစ်ပါ၍ တက်ရောက်လိုသူများ အချိန်မှီ ဆက်သွယ် စာရင်းပေးရန် လိုအပ်ကြောင်း သတင်းရပါသည်။

ဆက်သွယ်ရန် - ဌာနမှူး၊ ဖုန်း ၀၉၄၂၂၄၈၀၀၀၀၊ ၀၉၄၅၁၂၃၀၂၉၉

သင်တန်းမှူး  ၀၉ ၃၁၆၈၄၆၃၂


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်