ခါကြက်ဥမျိုးရင်းဝင် ချာဗီး(လ်) 

24/04/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ချာဗီး(လ်)ပင်သည် နှစ်ချင်းစားသီးနှံဖြစ်ပြီး အရွက်ကိုစားရသည်။ အပင်အမြင့် ၁-၂ ပေရှိပြီး အကျယ် ၁ ပေရှိသည်။ ခါကျက်ဥမျိုးရင်းဝင် အပင်ဖြစ်ပြီး ချာဗီး(လ်) လတ်လတ်ဆတ်ဆတ်သည် အရေးပါသော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်သည်။

ချာဗီး(လ်) သည် ဗီတာမင်စီ၊ ဗီတာကယ်ရိုတိန်း၊ သံဓာတ်နှင့် မဂ္ဂနီစီယမ်ဓာတ်များ ကြွယ်ဝသည်။ ချာဗီး(လ်)၏ နွယ်ချိုနံ့ပျော့ပျော့သည် ဆယ်လ်မွန်(Salmon) ငါး၊ ကညွှတ်၊ ကြက်ဥ၊ ခရင်အရည်သောက်ဟင်း၊ ကော့တိတ်ချိစ်(ဒိန်ခဲ)၊ ထောပတ်၊ မယောနိ(စ်)၊ ခါကျက်ဥ၊ ပဲစေ့(အလုံး) သို့မဟုတ် အာလူးတို့နှင့် လိုက်ဖက်ညီသောအတွဲဖြစ်သည်။

စိုက်ပျိုးခြင်း

ပျိုးပင်ကို ပြောင်းရွှေ့စိုက်ပျိုးပါက ကောင်းစွာမဖြစ်ထွန်းချေ။ ထို့ကြောင့် အစေ့ကိုမြေချပြီး တိုက်ရိုက်စိုက်ပျိုးရ၏။ နွေဦးပေါက်ရာသီအစောပိုင်းတွင်ဖြစ်စေ၊ ဆောင်းတွင်း၌ အအေးပေါ့သောဒေသတွင် ဆောင်းဦးပေါက်တွင်ဖြစ်စေ စိုက်ပျိုးနိုင်သည်။ အထက်တွင်ဖော်ပြထားသောရာသီတို့တွင် မျိုးစေ့ကို အကြိမ်ကြိမ်ကြဲပတ်စိုက်ပျိုးခြင်းဖြင့် အရွက်များကို အချိန်ကြာမြင့်စွာ ခူးယူနိုင်သည်။

အစေ့သည် အပင်ပေါက်ရန် အလင်းရောင်လိုအပ်သည်။ သို့ရာတွင် အပင်သည် အရိပ်အနည်းငယ်ရရှိမှသာ ကောင်းစွာဖြစ်ထွန်းသည်။ ချာဗီး(လ်) ကို အခြားမြင့်သော အပင်များနှင့် ရောနှောစိုက်ပျိုးပါက အရိပ်ရသဖြင့် ပိုမိုဖြစ်ထွန်းသည်။ အမြစ်များရှိသောနေရာသည် အစိုဓာတ်အမြဲရှိနေရန် လိုအပ်သည်။ အပင်သားခွဲ၍ရသော အပင်ကလေးများကို စားသုံးနိုင်သည်။ အပင်ခြေရှိမြေကြီးကို ကောက်ရိုးဖုံးပေးခြင်းဖြင့် အမြစ်များ အေးနေပြီး အစိုဓာတ်ရရှိနေမည်။

ရိတ်သိမ်းခြင်း

ချာဗီး(လ်)အပင်သည် အပင်ပေါက်ပြီး ရက် ၃၀-၄၀ ရှိလျှင် စားသုံးနိုင်ပြီဖြစ်သည်။ အပင်၏အပြင်ဘက်ဆုံးအရွက်များကို လိုအပ်သလို ခူးယူရသည်။ ခူးပြီး အမြန်ဆုံးအသုံးပြုရသည်။ အရွက်များသည် ၎င်းတို့၏အနံ့ပျောက်လွယ်ပြီး ချက်ပြုတ်၍ မစားရချေ။

ပိုးမွှားနှင့်ရောဂါ အနည်းငယ်သာ ကျရောက်တတ်သည်။

မျိုးများ

ချာဗီး(လ်)မျိုးတွင် အရွက်ပြန့်မျိုးနှင့် အရွက်တွန့်မျိုးဟု နှစ်မျိုးရှိသည်။ အရွက်တွန့်မျိုးသည် အနည်းငယ်ခါးသက်သော အရသာရှိသည်။ ဘရပ်ဆယ်မျိုး (Brussels Winter) သည် ပိုမိုကြီးပြီး အနှံထွက်မှု နောက်ကျသည်။ 

ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၂) စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်