စီးပွားဖြစ် သရက်စိုက်ပျိုးနည်း

23/01/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ရာသီဥတု

သရက်စိုက်ပျိုးရန် အသင့်တော်ဆုံး နှစ်စဉ်ပျမ်းမျှအပူချိန်မှာ (၂၆.၅) ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး အပူချိန် (၁) ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းပါက စိုက်ပျိုးမှုကောင်းစွာ မဖြစ်ထွန်းပါ။ 

နှစ်စဉ်မိုးရေချိန် (၃၀-၁၀၀) လက်မ ရသောဒေသများတွင် ဖြစ်ထွန်းသည်။ မိုးရေချိန်နည်းသောဒေသများတွင် ရေသွင်း၍ စိုက်ပျိုးကြသည်။

မိုးများလွန်းသောဒေသများတွင်လည်း သီးထိုးယင်နှင့် ခေါင်ညွန့်ထိုးပိုးများ ကျရောက်ဖျက်ဆီးတတ်သည်။

မြေအမျိုးအစား

မြေသားထုနက်ရှိုင်းပြီး ရေစီးစိမ့်မှုကောင်းသော နှုန်းဆန်မြေနှင့် နှုန်းမြေနီသည် သရက်စိုက်ပျိုးရန် အကောင်းဆုံးမြေအမျိုးအစားဖြစ်သည်။ သင့်တော်သော မြေချဉ်ငံဓာတ် (၆-၇)အတွင်းဖြစ်ပြီး (၅-၇.၅) အတွင်းစိုက်ပျိုးဖြစ်ထွန်းသည်။

သရက်စိုက်ပျိုးမည်ဆိုပါက ဒေသနှင့်ကိုက်ညီသော အရည်အသွေးကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။

စိုက်ပျိုးနည်းနှင့် စိုက်ပျိုးခြင်း

သမားရိုးကျစိုက်စနစ်တွင် ပင်ခြားᳵတန်းခြား (၃၀ᳵ၃၀) ပေ- တစ်ဧက (၄၈)ပင်ဝင်ဆန့်ပါသည်။

ခေတ်သစ်စိုက်ပျိုးနည်းစနစ်တွင် ပင်ခြားᳵတန်းခြား (၁၅ᳵ၁၅)- တစ်ဧက (၁၉၄) ပင်ဝင်ဆန့်ပါသည်။

ပင်ကြားတန်းကြား ၁၅ပေ စိုက်ခြင်းဟာ အရမ်းညှပ်လွန်းပေမဲ့ အပင်ငယ်စဉ်မှာ အသီးများများရအောင် ယူပြီး အပင် ၁၂နှစ်သားကျော်ချိန် ညှပ်လာပါက ၁ပင်ခြား ခုတ်လှဲပေးနိုင်ပါသည်။ ခေတ်သစ်စိုက်စနစ်တွင် တစ်ဧက ဝင်ဆန့်အပင်ဉီးရေးများသဖြင့် ကာလတိုအတွင်း အသီးထွက်နှုန်း မြင့်မားသောကြောင့် ယခုအခါ ခေတ်သစ်စိုက်စနစ်ဖြင့် စီးပွားဖြစ်စိုက်ပျိုးလာကြသည်။ စိုက်ကျင်းအရွယ်အစားကို အနည်းဆုံး (၂ᳵ၂ᳵ၂) ပေထား၍ တူးပါ။ တူးပြီးကျင်းများကို (၇) ရက်ခန့်နေလှန်းထားပါ။ သဘာဝမြေသြဇာ (နွားချေး၊ ကြက်ချေးဆွေး) (၁-၂) တင်း၊ တီဆူပါဖော့စဖိတ် (၄၀) ဂရမ်၊ ပိုတက်ရှ်ဆီယမ်ကလိုရိုဒ် (၁၁၄) ဂရမ်နှင့် မြေအောင်းပိုးသတ်ဆေးတစ်မျိုးမျိုးကို ကျင်းပတ်လည်ရှိ အပေါ်ယံမြေနှင့် ဆတူ သမအောင်ရောမွှေပြီး စိုက်ကျင်းမို့မောက်သည်အထိ ပို့ပေးပါ။

သရက်စိုက်ခင်းကို အောက်ပါနည်း (၂)နည်းဖြင့် စိုက်ပျိုးနိုင်သည်။ 

၁။ ကိုင်းဆက်ပျိုးပင်ဖြင့် တိုက်ရိုက်စိုက်ပျိုးနည်း

ကျန်းမာသန်စွမ်းပြီး သက်တမ်း (၁-၂)နှစ်သားရှိသော ကိုင်းဆက်ပျိုးပင်ကို စိုက်ပျိုးပါ။ သို့မှသာ စိုက်ခင်းအတွင်းသို့ ရွေ့ပြောင်းစိုက်ပျိုးရာတွင် အသေအပျောက်နည်းပါးမည်။ စရိတ်စက ကျန်ကျမှုလည်းသက်သာစေပါမည်။

၂။ စိုက်ခင်းတွင်း သရက်အစေ့ချစိုက်ပြီးနောက် စိုက်ကိုင်းစိုက်ခြင်း

စိုက်ခင်းအတွင်း စိုက်ပျိုးထားသော သရက်အောက်အကိုင်းဆက်ရာတွင် ဘေးတိုက်ပါးချင်းအပ်အကိုင်းဆက်နည်း၊ ငုတ်ရိုက်အကိုင်းဆက်နည်း၊ အပင်ခွဲသပ်သွင်း အကိုင်းအဖူးတုံးမြှုပ်နည်း တစ်ခုခုကို အသုံးပြုနိုင်ပါသည်။ 

ရေပေးသွင်းခြင်း

အသီးမတင်သေးသော အပင်ငယ်ကို အပင်ကြီးထွားရန် မိုးမရွာပါက ရေပေးသွင်းပါ။

အသီးခံယူနေသော အပင်ကြီးများကို အသီးတင်စဉ်နှင့် ထွားစဉ် (၁၀-၁၅) ရက်ခြား ရေးပေးသွင်းပါ။

စစိုက်သည့်နေ့တွင်လည်း အပင်အောက်ခြေထိရေရောက်အောင် ရေနိုင်နိုင်လောင်းပေးပါ။

၁ နှစ်သားနောက်ပိုင်းတွင် တစ်နှစ်လျှင် ၂ ကြိမ်၊ မိုးနည်းလျှင် ၃ ကြိမ်လောက်ရေတင်ပေးရပါမည်။

သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ ထည့်သွင်းခြင်း

တစ်နှစ်သားအပင်တစ်ပင်အတွက် ယူရီးယား(၈၅)ဂရမ်၊ ဖော့စဖိတ်(၄၀)ဂရမ်၊ ပိုတက်စီယမ်ကလိုရိုဒ် (၁၁၂)ဂရမ် ကို ထည့်သွင်းပေးပါ။ အပင်သက်တမ်း(၄)နှစ်သားအထိ ပထမနှစ်ကျွေးသည်ကို တစ်ဆစီတိုး၍ ထည့်သွင်းပေးပါ။

အသီးသီးလျက်ရှိသော အပင်တစ်ပင်အတွက် ယူရီးယား၊ တီစူပါ၊ ဖော့စဖိတ် (၃၇၅) ဂရမ်နှင့် ပိုတက်စီယမ်ကလိုရိုဒ်(၁)ဂရမ်ကို ဇွန်၊ဇူလိုင် (မိုးဦး)တွင် ထည့်သွင်းပေးပါ။ 

စက်တင်ဘာ၊ အောက်တိုဘာ (မိုးနှောင်း)တွင် ယူရီးယားကို ထပ်မံ ထည့်သွင်းပေးပါ။ ဓါတ်မြေဩဇာထည့်သွင်းပေးရာတွင် အစိုဓါတ်လုံလောက်မှုရှိရမည်။ မြေဩဇာကို အပင်၏ ဘေးတွင် အောက်ကျင်းခွက်ပြုလုပ်၍ ကျင်းခွက်အတွင်း ညီညာစွာ မြေကြီးနဲ့ ပြန်ဖုံးအုပ်ပေးပါ။ မြေဩဇာကို နွားချေး(၂)တင်း နှစ်စဥ်မိုးဦးကျတွင် ထည့်သွင်းပေးပါ။

ပိုးမွှားရောဂါ

သရက်ဖြုတ်ပိုး၊ ခေါက်ညွန့်ထိုးပိုး၊ ပင်စည်ထိုးပိုး၊ ပိုးစေနဲ၊ သီးထိုးယင်များကျရောက်ဖျက်ဆီးတတ်ပါသည်။ 

အသီးဆွတ်ခူးခြင်းနှင့်သိုလှောင်ခြင်း

ကာလကြာရှည်စွာ ပြုစုထားရခြင်း၊ သွင်းအားစုများစွာ ထည့်သွင်းရင်းနှီးထားရှိရခြင်းမှ ရရှိလာသော သရက်သီးများမှာ အချိန်တိုအတွင်း လွယ်ကူစွာ ပျက်စီးခြင်းနှင့် ကြုံရလေ့ရှိပါသည်။

သရက်သီးများ ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန် အောက်ပါအတိုင်းဆောင်ရွက်ပါ။ 

၁။ အသီးများကောင်းစွာ ရင့်မှသာ ဆွတ်ခူးပါ။

၂။ အသီးများအနာတရမဖြစ်စေရန်၊ လက်လှမ်းမီသည့်နေရာတွင် လက်၊ ကက်ကြေးဖြင့် ဆွတ်ခူးပါ။ လှေကားထောင်၍ အသီးဆွတ်ခူပါ။ လက်လှမ်းမမီသော အသီးများကို ခြင်းပါသော တံချူတံဖြင့် ဆွတ်ခူးပါ။ 

၃။ဆွတ်ခူးပြီးအသီးကို အရိပ်အောက်တွင် ဝါးစင်ပေါ်တွင် အသီးညှာကို အောက်ဖက်ထားပြီး အစေးထုတ်ပါ။ သရက်စေးများ စွန်းထင်းခြင်းမရှိစေရန် ဂရုပြုပါ။ 

၄။ ထုပ်ပိုးခြင်း၊ ထားသိုခြင်း ပြုလုပ်ရာတွင် အသီးရင့်မှည်သည့်အဆင့်နှင့် အရွယ်အစားအလိုက် အတန်းအစားနှင့် အမျိုးအစားခွဲပါ။ 

၅။ အသီးကောင်းစွာမှည့်ရန် အသင့်တော်ဆုံးအနေအထားမှာ အပူချိန် ၂၅(+/-)၂ ဒီဂရီစင်တီဂရိတ်နှင့် စိုထိုင်းစ ၄၁-၆၀ %ဖြစ်ပါသည်။ 

၆။ အသီးကို ကြာရှည်ထားသိုလိုလျှင် ကောင်းစွာရင့်ပြီး မမှည့်သေးသော သရက်သီးစိမ်းများကို အပူချိန် (၁၅)ဒီဂရီစင်တီဂရိတ်နှင့် စိုထိုင်းစ(၈၀-၉၀)%တွင် သိုလှောင်ထားရှိပါ။ 

၇။ အအေးခန်းတွင် သိုလှောင်ထားသော သရက်သီးများကို အမှည့်ခံရာတွင် အပူချိန် (၂၅)ဒီဂရီစင်တီဂရိတ်သို့ တဖြည်းဖြည်း မြင့်ပေးပါ။ သို့မဟုတ်ပါက သရက်သီးတွင် ရေငွေ့များစုဖွဲ့ခြင်းဖြစ်ပေါ်ပြီး အသီးပျက်စီးမှု ပိုများနိုင်ပါသည်။ မျိုးအလိုက်(၁၉-၂၀)ရက်အထိ အထားခံနိုင်ပါသည်။ (၂၅)ဒီဂရီစင်တီဂရိတ်တွင် အသီးမှည့်ရန် (၃-၄)ရက် ခန့်ကြာပါသည်။ 

အထွက်နှုန်း

မျိုးနှင့် သက်တမ်းပေါ်မူတည်၍ တစ်ပင်အထွက်နှုန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

၅-၁၀ နှစ်သား - ၅၀-၅၀၀လုံး

၁၁-၂၀နှစ်သား - ၅၀၀-၁၅၀၀လုံး

၂၁ နှစ်သား - ၁၅၀၀လုံး

ကိုးကား-စိုက်ပျိုးရေးဉီးစီးဌာန


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်