ဆေးဖက်ဝင် လေးညှင်း

20/02/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာအမည် - လေးညှင်း

အင်္ဂလိပ်အမည် - Clove

ပုံသဏ္ဍာန်-

အပင် - အမြဲစိမ်း နှစ်ကြာခံပင်ကြီးမျိုးဖြစ်၍ အမြင့် ၂၅ -၅၀ ပေအထိ မြင့်၏ ။ အခေါက်ခွဲပြာရောင်ရှိ၏။ အကိုင်းအခက်များ တည့်မတ်စွာ ဘေးသို့ ဖြာတွက်သည်။

အရွက် - ရွက်မျောမျောဘဲဥပုံ လှံစွပ်ပုံထိရှိပြီး ရွက်ရင်းအနည်းငယ်ဝိုင်း၍ ရွက်ထိပ် ချွန်သွယ်သည်။ အလျား ၅-၆ လက်မထိ ရှည်၍ အနံ ()လက်မခန့် ကျယ်၏။ ရွက်ပြား သရေကဲ့သို့ ပြောင်ချောပြီး အစက်ပြောက်ကလေးများရှိသည်။ အပေါ်မျက်နှာပြင် အစိမ်းရင့်ရောင်ရှိ၍ အောက်မျက်နှာပြင် အဝါဖျော့ရောင် ရှိ၏။ အရွက်ကို ခြေ၍ နမ်းကြည့်က မွှေးသောအနံ့ရ၏။ ရွက်ရင်း ရွက်ညှာတံ ပန်းရောင်ရှိ၏။

အပွင့် - ၃ ပွင့် တစ်ခိုင်ဖြစ်သည်။ ပွင့်စဥ်၌ ခရမ်းနုရောင်ရှိပြီး တဖြည့်းဖြည်း အဝါရောင်သို့ ပြောင်းသွား၏ ။ ပွင့်ချပ် ပြွန်ပုံရှိသည်။ ဆေးဖက်အဖြစ် အဖိုပွင့်ကို သုံး၏။

အသီး - ရှည်မျောမျောပုံသဏ္ဍာန်ရှိ၍ အညိုရောင်ဖြစ်သည်။ အစေ့ ၄-၆ စေ့ထိ ပါ၏။

ပေါက်ရောက်သည့်ဒေသ ။ ပူအိုက်စွတ်စို၍ အမြဲတစေ မိုးအနည်းငယ်ရွာသွန်းသော အရပ်ဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ မိုးများ၍ ပူအိုက်စွတ်စိုသော ဂျားဗား၊ ဘိုနီယိုကျွန်းများ၌သာ သဘာဝအလျောက်ပေါက်ရောက်တွေ့ရှိနိုင်သည်။

ပေါက်ရောက်ပုံ - စိုက်ပျိုးပင်ဖြစ်သည်။

စိုက်ပျိုးပုံ

ပျိုးထောင်ခြင်း ။ အစေ့မှ စတင်ပျိုးယူရ၏ ။ ၅ ပတ်၊ ၆ ပတ်ကြာမှ အညှောင့်ထွက်၍ အထူးဂရုစိုက်ရန်လိုသည်။ ပျိုးဘောင်ပြင်ရာ၌ မြေဆွေးနှင့် နှုန်းမြေများများဖြင့် ပြုလုပ်ရ၏ ။ ပျိုးဘောင် အကျယ် ၃ပေ၊ အမြင့် ၉ လက်မ၊ အရှည် ၁ပေထား၍ ဘောင်ဖော်ပြီး ဘောင်ပေါ်တွင် အရိပ်ပြုလုပ်ပေးရ၏ ။ မျိုးစေ့ တစ်စေ့နှင့် တစ်စေ့ ၄လက်မ ခြား၍ စိုက်ပြီး ရေရွှဲရွှဲလောင်းပေးရသည်။ ပျိုးထောင်ပြီး ၈ လမှ ၁၂ လခန့်ကြာမှ ခြင်းတောင်း၊ ဝါးကျည်ထောက် ပလတ်စတစ်အိတ်တို့တွင် ပျိုးမြေပါ တစ်ပါတည်း အမြစ် ဥကို မထိခိုက်စေဘဲ တူးဖော်၍ ရွေ့စိုက်ရသည်။ တစ်နှစ်အကြာ (ပျိုးပင် ၂နှစ် သားအရွယ်) တွင် စိုက်ခင်း၌ ရွေ့စိုက်နိုင်သည်။

ပြောင်းရွေ့စိုက်ပျိုးခြင်း။ ။ စိုက်ခင်းတွင် အခင်း၂ပေ အနက် ၂ပေရှိ စိုက်ကျင်းများ တစ်ကျင်းနှင့် တစ်ကျင်း ပေ၂၀ ခွာ၍ တူးရ၏ ။ ယင်းကျင်းများတွင် မစိုက်မီ တစ်လကြိုတင်၍ နွားချေး၊ သစ်ဆွေးမြေဩဇာများကျွေးပြီး အမြင့် ၁ ပေခန့်ရှိ ပျိုးပင်များ ချစိုက်ရသည်။

ထိန်းသိမ်းပြုစုခြင်း ။ ငယ်စဥ်အခါ တိုက်ရိုတ်နေပူမခံနိုင်သည့်အတွက် ခေတ္တအရိပ်ပင်များ စိုက်ပျိုးရမည်။ အပင်အထနေးသည့်အတွက် ပေါင်းမကြာခဏ ရှင်းပေးခြင်း၊ ရေလောင်းပေးခြင်း၊ မြေဆွပေးခြင်း၊ ဂရုစိုက် ဆောင်ရွက်ရ၏ ။ အရွက်များတွင် ကျရောက်သော ပိုးမွှားရောဂါများကို စောင့်ကြည့်စစ်ဆေးရမည်။

စုဆောင်းရယူခြင်း။ ။ ၈နှစ် ၉ နှစ်အကြာ ပန်းစပွင့်ပြီး စတင်သီးလေ့ရှိသည်။ လေညှင်းပွင့်များကို ခူးရာ၌ အငုံကစ၍ အစိမ်းမှ နေညိုရောင်သို့ ပြောင်းလာသည့်အခါ ပြာသို၊ တပို့တွဲလများတွင် စတင်ခူးရ၏ ။ ခူးပြီး ရေနွေးငွေ့ခံ၍ နွမ်းအောင် ပြုပြီး အခြောက်လှန်းရ၏ ။ အဖူးများ အညိုရောင်ရပါက ခြောက်သွေ့သည်ဟု ယူဆရ၏။ လေးညှင်းဆီကို အရွက်၊ အသီးစိမ်း၊ အပွင့်ခြောက်၊ အပွင့်ရိုးတို့မှ ထုတ်ယူရရှိနိုင်သည်။

အသုံးပြုသည့်အစိတ်အပိုင်း ။ အပွင့်၊ အဆီ။

အာနိသင်။ ။ မြန်မာဆေးကျမ်းများအလိုအရ လေးညှင်းသည် စပ်ဖျဥ်းဖျဥ်းရှိ၏ ။ ခါးသက်သက်ရှိ၏ ။ မျက်စိကို အကျိုးပြု၏ ၊ အေး၏ ၊ ဝင်းမီးတောက်စေ၏ ၊ ကြေညက်လွယ်၏ ၊ နှုတ်မြိန်စေ၏ ၊ သလိပ်၊ သည်းခြေ၊ သွေးရောဂါများ၊ အပုပ်အစပ်တို့ကို ငြိမ်းအေးစေ၏ ။ ရေငတ်ခြင်း၊ မူးဝေခြင်း၊ ဝမ်းဖောရောင်ခြင်း၊ ဝမ်းဗိုက်ထိုးအောင့်ခြင်းနှင့် အဆုတ်နာတို့ကို နိုင်၏။

အသုံးပြုပုံ

အပွင့်

၁။ ဝမ်းဗိုက် အမြဲထိုးအောင့်နာကျင်၍ ဝမ်းဖြူဖြူ အရေကျဲကျဲများ သွားပါက လေညှင်းမုန့်ကို ပျားရည်နှင့် ရော၍ လျက်သော် ပျောက်၏။

၂။ လေးညှင်းပွင့်နှင့် ကနေစိုတို့ကို ညက်ညက်ကြိတ်၍ လုံးပြီး အရိပ်၌ အခြောက်လှန်း၍ ရေနွေးနှင့် သုံးဆောင်ပါက ဓါတ်ချုပ်ခြင်း၊ စမြင်းခံခြင်း၊ သလိပ်ကျပ်ခဲခြင်းတို့ ပျောက်၏။

၃။ လေးညှင်းပွင့်ကို သွေး၍ သကြားခဲကျိုရည် ပျစ်ပျစ်နှင့် ရောလျက်သော် ကိုယ်ဝန်တည်စ အန်သော ရောဂါပျောက်၏။

၄။ လေးညှင်းပွင့်ကို ဆေးခါးကြီးနှင့် ရောကြိတ်ပြီး ရေနွေးပူပူနှင့် သောက်သော် အဖျားရောဂါနှင် အင်အားကုန်ခန်းခြင်းများကို ပျောက်ကင်းစေ၏။

၅။ ကြေးနီခွက်သန့်သန့်၌ လေးညှင်းပွင့်ကို ပျားရည်နှင့် ထုခြေ၍ မျက်စဥ်းခတ်သော် မျက်စိနားခြင်း၊ မျက်လုံး၌ တိမ်ဖြူစွဲခြင်း ပျောက်၏။

၆။ လေးညှင်းပွင့်ကို ရေနှင့်ကြိတ်၍ ခပ်နွေးနွေးပြုပြီး သောက်သော် ရေငတ်ခြင်း၊ ပျို့အန်လိုခြင်း၊ လျှာခြောက်ခြင်း၊ ချွဲခြင်း၊ အရသာမပေါ်ခြင်းများ ပျောက်၏။

၇။ လေးညှင်းပွင့် နနွင်း ဆတူစပ်၍ ကြိတ်ပြီး မြုံနေသော အနာများပေါ်တွင် လိမ်းပေးသော် ပျောက်၏။

၈။ သလဲသီးအချဥ်အရည်နှင့် လေးညှင်းရောသောက်သော် ဝက်ရူးနာထ၍ အန်ခြင်းနှင့် ရိုးရိုးအန်သော ရောဂါများပျောက်၏။

၉။ အထိုင် အထတို့၌ မူး၍ မျက်စိ မူးမိုက်သော် လေးညှင်းကို ရေအေးနှင့် သွေးပြီး မျက်စဥ်းခတ်ပေးက ပျောက်၏။

၁၀။ လေးညှင်းပွင့်ကို မီးနှင့် လှော်၍ ကြိတ်ပြီး ပျားရည်နှင့် ရောလျက်သော် ကြက်ညှာချာင်းဆိုး ပျောက်၏။

အဆီ

၁။ လေးညှင်းဆီ သို့မဟုတ် လေးညှင်းပွင့်ကို သွေး၍ သွားနာ သွားကိုက်သောနေရာသို့ လိမ်းပေးသော် သွားနာ၊ သွားကိုက် ပျောက်၏။

၂။ လေညှင်းဆီကို မုန်ညင်းဆီနှင့် ရောလိမ်းသော် အဆစ်အမျက် ကိုက်ခဲနာကျင်ခြင်းများ ပျောက်၏။

၃။ မျက်နှာ နဖူး၏ အထက်ပိုင်းသို့ လေးညှင်းဆီကို လိမ်းပေးသော် ခေါင်းကိုက်ရောဂါ ပျောက်၏။

ကိုးကား- မြန်မာ့ဆေးဝါးပင်များ


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်