မြန်မာနိုင်ငံတွင် လက်ရှိကျရောက်လျက်ရှိသော နှံကောင်အခြေအနေများ

07/07/2020 19:30 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

 

မြန်မာနိုင်ငံတွင် လက်ရှိကျရောက်လျက်ရှိသောနှံကောင် သိပ္ပံအမည် Aularches miliaris (Linnaeus, 1758) ဟုခေါ်တွင်သော အဝါစက်ပြောက်နှံကောင် (သို့) ကော်ဖီ နှံကောင်သည် အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံများတွင် ကျရောက်လျက်ရှိသော ကန္တာရ ကျိုင်းကောင်အမျိုးအစားမဟုတ်ပါ။ ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းစစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ (သဖန်းဆိပ်ကျေးရွာ)၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် (မော်ရုံကျေးရွာ) နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် (ဝက်ရုပ်ကျေးရွာ) တို့တွင် ကျရောက်လျက် ရှိပါသည်။

လက်ရှိအခြေအနေတွင် ၂၀၂၀ ပြည့်နှစ် မေလအတွင်း သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင်လည်း ကျရောက်လျက်ရှိပါသည်။ ပုံမုန်ရာသီဥတုအခြေအနေများတွင် တစ်ဟုန် တိုး ပွားများကျရောက်ခြင်း (Outbreak) ဖြစ်ပွားနိုင်ခြင်းမရှိသော ဖျက်ပိုးအမျိုးအစား ဖြစ်ပါ သည်။ မြန်မာနိုင်ငံတွင် (၁၉၉၄) ခုနှစ်၌ကျရောက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

အုန်းပင်၊ ကျွန်းပင်တို့တွင် အဓိကကျရောက်လေ့ရှိသော်လည်း ရာသီဥတုပြောင်းလဲ လာပြီး အစာရေစာရှားပါးချိန်တွင် သရက်၊ ကွမ်းသီးပင်၊ ကော်ဖီ၊မာလကာ၊ စပါး၊ ပဲစဉ်းငုံ၊ ကြံ၊ ငရုတ်၊ ဂုန်လျှော်၊ ရာဘာ၊ကြက်ဆူ၊ ဒူးရင်း၊ ပြောင်း၊ ဝါ၊ ပီလောပီနံ၊ နှံစားပြောင်း၊ထန်းပင်နှင့် အခြားသီးနှံများတွင်လည်း ကျရောက်တတ်သည်။ အရွက်၊ အဖူး၊ အညွှန့်၊ အသီးများ အပင်၏ကြီးထွားသည့် အစိတ်အပိုင်းများအားလုံး စားသောက်ဖျက်ဆီးသည်။ သက်တမ်း (၁၃–၁၅) လခန့် ကြာမြင့်တတ်သည်။

လူများပြုပြင်ပြောင်းလဲထားသော နေထိုင်မှုပုံစံ(သစ်ပင်များခုတ်လှဲ၍ ၎င်းနေရာတွင် လူနေအိမ်များဆောက်လုပ်ခြင်း)၊ သစ်တောများပြုန်းတီးလာခြင်း၊ရာသီဥတုပြောင်းလဲလာ ခြင်းတို့သည် နှံကောင်များ၏နေထိုင်မှုအား ပြောင်းလဲလာစေပါသည်။ ကော်ဖီနှံကောင် အမျိုးအစားများသည် ကာလတိုအခိုက်အတန့်သာ ကျရောက်တတ်ပြီး ကျရောက်ပြီး(၁)လခန့်အကြာတွင် ပျောက်ကွယ်သွားလေ့ရှိပါသည်။သို့ဖြစ်ပါ၍ မလိုအပ်ဘဲ ပိုးသတ်ဆေး မပက်ဖျန်းသင့်ပါ။

မြန်မာနိုင်ငံတွင် လက်တစ်လော ကော်ဖီနှံကောင်ကျရောက်မှုအပေါ်တွင် ပြည်သူများ စိုးရိမ်နေကြသဖြင့်ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျရောက်နေမှုအခြေအနေများ၊ ယင်းဖျက်ပိုး နှိမ်နင်းနည်းများနှင့် စောင့်ကြည့်ရမည့် အချက်များအား သိရှိနိုင်ရန်နှင့် ကျရောက်လာသည့် ဖျက်ပိုးအမျိုးအစားများအလိုက် သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနများသို့ အသိပေးကြရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်