နေ့စဉ်မိုးလေဝသသတင်း

09/01/2022 10:07 AM တွင် မိုးဇလ မိုးဇလ မှ ရေးသား

(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။


East West Seed Myanmar ကြော်ငြာ

မြန်မာ့နှစ်ဦးချိန်ခါသမယမှာ တောင်သူဦးကြီးမိတ်ဆွေများနှင့်အတူ မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာချမ်းသာကြပါစေကြောင်း East-West Seed (မြားနီ မျိုးစေ့ ကုမ္ပဏီက. ဆုတောင်းမေတ္တာပို့သ အပ်ပါသည်...တောင်သူဦးကြီးမိတ်ဆွေများ၏အကျိုးကို အစဥ်ရှေးရှုလျှက် မြန်မာ့ရေ မြေ ရာသီဥတု နှင့် ကိုက်ညီမှု အထွက်နှုန်းကောင်းမွန်မှု သီးနှံအရည်အသွေးကောင်းမွန်မှု ပိုးမွှားရောဂါ ဒဏ်ခံနိုင်ရည်ရှိမှု စသည့်အချက်များကို သုတေသနပြု စမ်းသပ်ပြီး အောက်ဖော်ပြပါ အရည်အသွေးမြင့်မျိုးများကို မိတ်ဆက်ပေးလိုက်ရပါတယ် ခင်ဗျာ.........
Read more East West Seed Myanmar Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်