မျိုးရိုး ဗီဇ

05/01/2021 11:45 AM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

    ကျွန်ုပ်တို့၏နွားမများကို သားစပ်ရာတွင်အသုံးပြုသည့် မျိုးချောင်း (သို့မဟုတ်) မျိုးနွားသိုးများ၏ မျိုးရိုးဗီဇအရည်အသွေးသည် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် မွေးဖွားလာမည့်နွားကလေးများ၏ အရည်အသွေးပေါ်  လွှမ်းမိုးမှုရှိသောကြောင့်ဖြစ်သည်။ အရည်အသွေးကောင်းမွန်သည့် နွားသိုးများကို ရွေးချယ်ခြင်းအားဖြင့် ခြံရှိနွားများ၏အရည်အသွေးကို လျှင်မြန်စွာ မြှင့်တင်နိုင်မည်ဖြစ်သည်။

     မျိုးနွားသိုးတစ်ကောင်ကို ရွေးချယ်အသုံးပြုသည့်အခါ ၄င်းနွားသိုးကို အမြင်ဖြင့် ခန်းမှန်းနိုင်သည့်အတွက် နွားသိုးရွေးချယ်ခြင်းသည် မျိုးချောင်းရွေးချယ်အသုံးပြုရခြင်းထက် ပို၍လွယ်ကူပါသည်။ မွေးမြူသူအများစုသည် မျိုးနွားသိုးရွေးချယ်ရာတွင် တော်ကြသည်။ မျိုးနွားသိုး တစ်ကောင်တွင် ကြီးမားသည့်ဝှေးစေ့နှင့် ကောင်းမွန်သည့် ပြင်ပသွင်ပြင်လက္ခဏာများ ပြည့်စုံရမည် ဖြစ်သည်။ သို့သော် ထိုမျိုးနွားသိုး၏ အမေမျိုးရိုးနှင့် ထိုနွားသိုး၏ သမီးများ၏ အရည်အသွေးကိုလည်း ထည့်သွင်းစဉ်းစားရပေမည်။ နွားမတစ်ကောင်၏ နို့ထုတ်လုပ်မှုသည် ၄င်းနွားမ၏ မိခင်မျိုးရိုးတစ်ဝက်နှင့် ဖခင်မျိုးရိုးတစ်ဝက်ပေါ်တွင် မူတည်ပါသည်။ မျိုးနွားသိုး သို့မဟုတ် နွားထီးသည် နို့ထုတ်လုပ်နိုင်စွမ်းမရှိသော်လည်း ၄င်း၏အမေနွားမ၏ နို့ထုတ်လုပ်မှုနှင့် တူညီသည့် နို့ထုတ်လုပ်နိုင်စွမ်းကို ၄င်းနွားထီး၏ သမီးနွားမအား ဖြန့်ဝေပေးနိုင်သည်။ ထို့ကြောင့် နွားသိုးတစ်ကောင်၏ နို့ထုတ်လုပ်သည့် မျိုးရိုးဗီဇကိုသိနိုင်ရန် ၎င်း၏အမေနှင့် ဆွေမျိုးနွားမများ၏ အရည်သွေးကို ကြည့်ရှု့ရန် လိုအပ်သည်။

    နို့ထွက်နှုန်းအလွန်ကောင်းသည့် အမေနှင့် ဆွေမျိုးနွားမများကို ပိုင်ဆိုင်ထားသည့် နွားသိုးမျိုးကို ရွေးချယ်သင့်သည်။ အကယ်၍ ထိုနွားသိုး၏သမီး နို့ညှစ်နွားမများရှိလျှင် ၄င်းနွားမ၏ နို့ထွက်နှုန်းကိုကြည့်ပြီး စစ်ဆေးနိုင်သည်။ မျိုးနွားသိုး၏ သမီးနွားမများသည် မျိုးနွားသိုး၏ အမေနွားမများထက် နို့ထွက်နှုန်းကောင်းနေလျှင် ထိုနွားသိုးသည် မျိုးဆက်များအား နို့ထွက်နှုန်းမြှင့်တင်ပေးနိုင်ကြောင်း သိနိုင်သည်။ နွားသိုးတစ်ကောင် ရွေးချယ်ဝယ်ယူသည့်အခါ ၄င်းအထီး၏ အမေ၊ ညီအမများ၏ ထုတ်လုပ်မှုမှတ်တမ်းကြည့်၍ အခြားနွားသိုးများနှင့် နှိုင်းယှဉ်ရွေးချယ်သင့်သည်။

    နိုင်ငံများစွာတွင် အထီးမျိုးရိုးနှင့် လုပ်ဆောင်ချက်ကို ဂရုတစိုက်မှတ်တမ်းပြုလုပ်ပြီး တစ်ကောင်နှင့်တစ်ကောင် အဆင့်ခွဲခြားသတ်မှတ်ကြသည်။ ပူးတွဲပါပုံသည် သြစတြေးလျရှိ မျိုးနွားသိုးရောင်းချသူတစ်ဦး၏ နွားသိုးပုံကို ဥပမာအနေဖြင့် ပြသထားခြင်း ဖြစ်သည်။ သြစတြေးလျတွင် နွားသိုးရောင်းချသူများသည် ၄င်းတို့နွားသိုးများ၏ အရည်အသွေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြထားကြသည်။ နွားသိုးပုံကိုကြည့်၍ ထိုနွားသိုး၏ သမီးနွားမများ၏ နို့ထွက်နှုန်း၊ နို့တွင်းအဆီပါဝင်မှု၊ မျိုးအောင်နိုင်စွမ်း စသည့်အချက်များကို ခန်းမှန်းမိနိုင်သည်။ ထို့ကြောင့် မျိုးနွားသိုးများ၏ မှတ်တမ်းကောင်းကောင်းရှိဖို့လိုအပ်သည်။ မြန်မာနိုင်ငံတွင်လည်း ရိုးရှင်းသည့် နွားသိုးမှတ်တမ်းပုံစံမျိုး ပြုလုပ်နိုင်ပြီး မှတ်ထမ်းထားရှိသည့် အလေ့အကျင့်ပြုလုပ်ရန်လည်း လိုအပ်သည်။

    မေထုန်မဲ့သားစပ်ခြင်းတွင် နွားသိုး၏အရည်အသွေးသည် ကွဲပြားနေဆဲဖြစ်သည်။ အကယ်၍ မေထုန်မဲ့သားစပ်ခြင်းပြုလုပ်လျှင် အသုံးပြုမည့်မျိုးရည်၏ ထုတ်လုပ်သည့်နိုင်ငံနှင့် ရက်စွဲ၊ မျိုးရည်ထုတ်ယူထားသော နွားသိုး၏မှတ်တမ်း၊ မျိုးရည်ထုတ်လုပ်မှုမှတ်တမ်း စသည်တို့ကို သိရှိရန်လိုအပ်သည်။ ထိုင်း (သို့မဟုတ်) နယူးဇီလန်နိုင်ငံများမှ တင်သွင်းသော မျိုးချောင်းများသည် မြန်မာနိုင်ငံရှိ နွားသိုးများထက် အရည်အသွေးပိုကောင်းသည့် နွားသိုးများမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။

    မြန်မာနိုင်ငံရှိ နွားသိုးများ၏အရည်အသွေးသည် ကွဲပြားခြားနားမှုများသည်။ မြန်မာနိုင်ငံတွင် မျိုးရိုးနှင့် အရည်အသွေးကောင်းသည့် နို့စားနွားမျိုးနွားသိုးများကို ရောင်းချရန် မွေးမြူထားသည့် နို့စားနွားတောင်သူများစွာရှိပါသည်။ အရည်အသွေးမြင့်မားသည့် နွားသိုးကို အသုံးပြုခြင်းဖြင့် အနာဂတ်မတမ်းနွားမများသည် ၎င်းတို့၏သက်တမ်းတစ်လျှောက်တွင် အခြားနွားများထက် နို့ထုတ်လုပ်မှု ပိုမိုရရှိမည်ဖြစ်သည်။ ထို့ကြောင့် ယုံကြည်နိုင်သည့် နွားထီး (သို့မဟုတ်) နွားသိုး အတွက် ငွေကုန်ပေးရခြင်းသည် အကျိုးရှိသည့်ကုန်ကျမှုဖြစ်သည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်