အပင်ငယ်စဉ်တွင်ကျရောက်တတ်သော ခါးရိရောဂါ

02/07/2020 15:00 PM တွင် ဝတ်မှုံသင်း ဝတ်မှုံသင်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အပင်ငယ်စဉ်တွင်ကျရောက်တတ်သော ခါးရိရောဂါကိုထိရောက်စွာကြိုတင်ကာကွယ်နည်းများ

ခါးရိရောဂါကို ဖြစ်ခါမှကုသခြင်းထက် မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းက ပိုထိရောက်တဲ့အတွက်ကြောင့် သတိပြုမိအောင် ခါးရိရောဂါအကြောင်းလေးကိုရေးသားဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။

ခါးရိရောဂါဟာ မှိုရောဂါတစ်မျိုးဖြစ်ပြီး မျိုးစေ့အခြေအနေမှာရော ပျိုးပင်ပေါက်အခြေအနေမှာပါ ကျရောက်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ သက်ရှိသည် မျိုးစေ့၊ မြေကြီး၊ ရေနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများမှတစ်ဆင့်ကူးစက်နိုင်ပါတယ်။ ရောဂါကျရောက်တဲ့အပင်ဟာဆိုလျှင် ကောင်းမွန်စွာအညှောင့်ပေါက်လာနိုင်ပေမယ့် ရက်အနည်းငယ်အတွင်းမှာပဲ ရေစိုနာကွက်များဖြစ်ကာ ပျော့လာ၊ ယိုင်လဲပြီး သေဆုံးတာတွေ ဖြစ်နိုင်ပါတယ်။ 

ခါးရိရောဂါကျရောက်ရင် မြေကြီးအပေါ်နားက ပင်စည်နဲ့ အမြစ်ကိုပုတ်စေနိုင်ပါတယ်။ 

ထိရောက်သောကာကွယ်နှိမ်နင်းနည်းများ

- မြေကြီးကိုလေဝင်လေထွက်ကောင်းသော‌မြေဖြစ်အောင်ဂရုစိုက်ပါ။

- အေးမြပြီး စိုစွတ်တဲ့မြေ အနေအထားမျိုးကိုရှောင်ရှားပါ။ (ပူနွေးသောမြေမှာ အပင်က လျင်မြန်စွာကြီးထွားပြီး ပို၍ကျန်းမာပါသည်)

- pH levelကို 5.5လောက်ထားနိုင်ရင် အသင့်တော်ဆုံးပါ။

- မျိုးစေ့လူးနယ်ဆေးကိုအသုံးပြုပြီး စိုက်ပျိုးပေးပါ။ 

- ရေကိုနေ့လည်ပိုင်းမလောင်းပါနဲ့။ ရေမများအောင်လည်းဂရုစိုက်ပါ။

- အစိုဓာတ်များပြီး မြေကြီးနက်နက်ဖြင့်စိုက်ခြင်းက ရောဂါကျရောက်မှုကိုအားပေးစေသည်။

- ရောဂါကျရောက်တဲ့အပင်ရှိလာပါကအခင်းမှဖယ်ရှားပစ်ပါ။

အပင်ကြီးလာရင်တော့ ခါးရိရောဂါကိုခံနိုင်ရည်ရှိလာတာကိုတွေ့ရပါတယ်။ 

ထို့ပြင်ဓာတုဆေးအနေဖြင့် Copper Oxychloride 85WP Fungicide ကိုအညွှန်းပါအတိုင်းအသုံးပြုနိုင်ပါတယ်။ 

အားလုံးပဲ ခါးရိရောဂါကို အထိရောက်ဆုံးကာကွယ်နိုင်ပြီး အထွက်တိုး၍ ဝင်ငွေတိုးနိုင်ကြပါစေရှင်။

ဝတ်မှုံသင်း

ref: https://en.wikipedia.org/wiki/Damping_off

https://www.youtube.com/watch?v=tZewRK8vDZk

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်