အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အပင်ငယ်စဉ်တွင်ကျရောက်တတ်သော ခါးရိရောဂါ

အပင်ငယ်စဉ်တွင်ကျရောက်တတ်သော ခါးရိရောဂါ

အပင်ငယ်စဉ်တွင်ကျရောက်တတ်သော ခါးရိရောဂါကိုထိရောက်စွာကြိုတင်ကာကွယ်နည်းများ

ခါးရိရောဂါကို ဖြစ်ခါမှကုသခြင်းထက် မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းက ပိုထိရောက်တဲ့အတွက်ကြောင့် သတိပြုမိအောင် ခါးရိရောဂါအကြောင်းလေးကိုရေးသားဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။

ခါးရိရောဂါဟာ မှိုရောဂါတစ်မျိုးဖြစ်ပြီး မျိုးစေ့အခြေအနေမှာရော ပျိုးပင်ပေါက်အခြေအနေမှာပါ ကျရောက်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ သက်ရှိသည် မျိုးစေ့၊ မြေကြီး၊ ရေနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများမှတစ်ဆင့်ကူးစက်နိုင်ပါတယ်။ ရောဂါကျရောက်တဲ့အပင်ဟာဆိုလျှင် ကောင်းမွန်စွာအညှောင့်ပေါက်လာနိုင်ပေမယ့် ရက်အနည်းငယ်အတွင်းမှာပဲ ရေစိုနာကွက်များဖြစ်ကာ ပျော့လာ၊ ယိုင်လဲပြီး သေဆုံးတာတွေ ဖြစ်နိုင်ပါတယ်။ 

ခါးရိရောဂါကျရောက်ရင် မြေကြီးအပေါ်နားက ပင်စည်နဲ့ အမြစ်ကိုပုတ်စေနိုင်ပါတယ်။ 

ထိရောက်သောကာကွယ်နှိမ်နင်းနည်းများ

- မြေကြီးကိုလေဝင်လေထွက်ကောင်းသော‌မြေဖြစ်အောင်ဂရုစိုက်ပါ။

- အေးမြပြီး စိုစွတ်တဲ့မြေ အနေအထားမျိုးကိုရှောင်ရှားပါ။ (ပူနွေးသောမြေမှာ အပင်က လျင်မြန်စွာကြီးထွားပြီး ပို၍ကျန်းမာပါသည်)

- pH levelကို 5.5လောက်ထားနိုင်ရင် အသင့်တော်ဆုံးပါ။

- မျိုးစေ့လူးနယ်ဆေးကိုအသုံးပြုပြီး စိုက်ပျိုးပေးပါ။ 

- ရေကိုနေ့လည်ပိုင်းမလောင်းပါနဲ့။ ရေမများအောင်လည်းဂရုစိုက်ပါ။

- အစိုဓာတ်များပြီး မြေကြီးနက်နက်ဖြင့်စိုက်ခြင်းက ရောဂါကျရောက်မှုကိုအားပေးစေသည်။

- ရောဂါကျရောက်တဲ့အပင်ရှိလာပါကအခင်းမှဖယ်ရှားပစ်ပါ။

အပင်ကြီးလာရင်တော့ ခါးရိရောဂါကိုခံနိုင်ရည်ရှိလာတာကိုတွေ့ရပါတယ်။ 

ထို့ပြင်ဓာတုဆေးအနေဖြင့် Copper Oxychloride 85WP Fungicide ကိုအညွှန်းပါအတိုင်းအသုံးပြုနိုင်ပါတယ်။ 

အားလုံးပဲ ခါးရိရောဂါကို အထိရောက်ဆုံးကာကွယ်နိုင်ပြီး အထွက်တိုး၍ ဝင်ငွေတိုးနိုင်ကြပါစေရှင်။

ဝတ်မှုံသင်း

ref: https://en.wikipedia.org/wiki/Damping_off

https://www.youtube.com/watch?v=tZewRK8vDZk

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

ခါးရိရောဂါ

ခါးရိရောဂါ

You

ဆက်စပ်မေးခွန်းများ

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 5 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။