အကောင်သေးသလောက်ဆိုးတဲ့ ဖြုတ်ညိုပိုး

29/10/2019 11:45 AM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   အကောင်သေးသလောက်ဆိုးဆိုးဝါးဝါး ကျရောက်တတ်တဲ့  ဖြုတ်ညိုပိုးတွေအကြောင်းပြောပြချင်ပါတယ်ဗျ။ ပူနွေးစွတ်စိုတဲ့ ရာသီဥတုကိုကြိုက်တဲ့အတွက် မိုးရာသီရောက်ပီဆို ပုံမှန်ကျရောက်တတ်ပါတယ်။ စပါးစိုက်ပြီးရက် (၅၀) နောက်ပိုင်းမှာ ဆိုးဆိုးဝါးဝါးကျရောက်တတ်တယ်ဗျ။ ပင်ခြေမှာနေတတ်တဲ့အကောင်တွေဖြစ်လို့ နှိမ်နှင်းရခက်ပါတယ်။အကောင်သေးပေမယ့် ဗိုင်းရပ်စ်ရောဂါတွေကို သယ်ဆောင်လာကြတာမို့ ဒီအကောင်သေးသေးတွေက ကျွန်တော်တို့ရဲ့ရန်သူ ဖြစ်နေရတာပါ။

   စပါးခင်းမှာ အပင်တွေက အရောင်မညီညာပဲ အဝါရောင်နဲ့ အစိမ်းရောင်ဖြစ်ပေါ်နေတယ်။ အရွက်ရဲ့ထိပ်မှ အလယ်တစ်လျှောက် အဝါရောင်ပြောင်းပြီး တဖြည်းဖြည်းခြောက်သွားမယ်။ ဒါဆိုရင်တော့ ဖြုတ်လောင်နာကျနေခြင်းပါ။ အရွက်တွေမှာ ကြပ်ခိုးတွေကပ်နေသလိုဖြစ်နေရင်လည်း ဖြုတ်ပိုးဖျက်စီးနေတာပါ။ ဖြုတ်လောင်နာကျပြီဆို  ပျံ့နှံမှုမြန်ပြီးတော့ တစ်ခင်းလုံး မီးလောင်မြှိုက်ထားသလို ဖြစ်သွားတတ်ပါတယ်။

ကူးစက်မှုမြန်ဆန်တာကြောင့် ကြိုတင်ကာကွယ်နှိမ်နင်းဖို့ လိုပါတယ်ဗျ။

_ ရိုးပြတ်တွေကို ထယ်ထိုးမြှုပ်နှံပါ။

_ ကောက်ပင်ကြဲကြဲစိုက်ပေးပါ။

_ ရေမျက်နှာပင်ပေါ်မှာ နေတတ်တာကြောင့် ဖြုတ်ပိုးကျရောက်မှုနည်းနေချိန်မှာ  ၃-၄ ရက်ကြာ ရေထုတ်ပေးပါ။

_ အပင်ရည်တွေကို ကြိုက်ကြတာမို့ ယူရီးယားဓာတ်မြေသြဇာကို လျော့သုံးပါ။

_ ပေါင်မြက်များကိုရှင်းလင်းပါ။

_ပိုတက်ရှ်ဓာတ်မြေသြဇာကို မှန်မှန်ထည့်ပေးခြင်းက ဖြုတ်ညိုပိုးကျရောက်မှုကို လျော့ကျစေပါတယ်။

_စပါးခင်းတစ်ဧကလျှင် မီးထောင်ခြောက်(၂)ခုကို ညဘက်တွင် အသုံးပြုပါ။

_ပင်လုံးပြန့်အာနိသင်ရှိဆေးများကို အပင်ခြေရောက်အောင်စနစ်တကျ ဖျန်းပေးပါ။

ကလိုပိုင်ရီဖော့၊ အဆီတာမီပရစ်၊ ကာတက် စတဲ့ အာနိသင်ပါတဲ့  ပိုးသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းစာအတိုင်း အသုံးပြုနိုင်ပါတယ်ဗျ။ 

သတိပြုရန်

****(အခင်းကိုလိုက်လံစစ်ဆေးကြည့်လို့ စပါးနှံတစ်နှံမှာ ဖြုတ်ညို တစ်ကောင်နှုန်းရှိနေတယ်ဆိုမှ ဆေးဖျန်းပါ။ စပါးရုံတစ်ရုံမှာ ပင့်ကူတစ်ကောင်ရှိနေတယ်ဆိုရင်တော့ တစ်နှံ ၂ ကောင်နှုန်းတွေ့မှ ဖျန်းပါဗျ။)*****

ထွန်းရာဇာ 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်