မြန်မာ့စိုက်ပျိုးစီးပွားဖွံဖြိုးတိုးတက်ဖို့ ရင်ဆိုင်နေရသော အခက်အခဲများ

11/11/2020 12:45 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

    ကျွန်မတို့နေထိုင်ရာ မြန်မာနိုင်ငံ၏ မြေ ၇၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးကိုလုပ်ကိုင်နေသောကြောင့် စိုက်ပျိုးရေးမှ နိုင်ငံခြားဝင်ငွေ အဓိကရရှိပါတယ်။ သို့သော်စိုက်ပျိုးရေး၏ စီးပွားရေးအရေးပါမှုသည် ဂျီဒီပီအရသော်လည်းကောင်း၊ ပို့ကုန်ဝင်ငွေအချိုးရသော်လည်းကောင်း တစ်နေ့တခြား လျော့ပါးလာသည်မှာ ကြာမြင့်နေပါပြီ။ မြန်မာနိုင်ငံလူဦးရေ၏ ၇၅ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများသည် စိုက်ပျိုးမွေးမြူရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသော်လည်း  နိုင်ငံစီးပွားရေးအရဝင်ငွေနည်းပါးနေရသည့်အပြင် တောင်သူများသည်လည်း အောက်ပါအချက်များကြောင့် အဆင်မပြေဖြစ်နေရခြင်းပါ။

(၁) ရာသီဥတုပြောင်းလဲမှု၊ မြေကြီးတိုက်စားခြင်းနှင့် ဇီဝမျိုးကွဲများ ရှားပါးပျောက်ကွဲလာခြင်း

    နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ရင်ဆိုင်နေရသည့်အထဲတွင် ရာသီဥတုပြောင်းလဲမှုသည် စိန်ခေါ်မှုအကြီးဆုံးပဲဖြစ်ပါတယ်။ တခြားအဝေးကြီးကို မကြည့်လိုက်ပါနဲ့။လွန်ခဲ့သော ၅ နှစ်ကိုပဲ ကျွန်မတို့ပြန်ကြည့်လိုက်မယ်ဆိုလျှင် ရာသီဥတုက အလွန်ကိုကွာပါတယ်။ စိုက်ပျိုးရေးနှင့် ငါးမွေးမြူရေးသည် ရာသီဥတုအပေါ်တွင် လုံးဝမှီခိုနေတာပါ။အပူချိန်မြင့်မားလာကာ ခြောက်သွေ့ပူပြင်းခြင်း၊ ရေသယံဇာတရှားပါးလာခြင်းသည် သီးနှံအထွက်နှုန်းလျော့ကျစေမှုနှင့် တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဇီဝမျိုးကွဲများ ရှားပါးလာမှုသည် ကျွန်ုပ်တို့ စိုက်ပျိုးရေးနှင့် စားသောက်နေသည့်အရာအားလုံးကို ထိခိုက်စေသည့် အဓိကအချက်ဟုပင် ဆိုရပါမယ်။ ဇီဝမျိုးကွဲများသည် မြေကြီးနှင့် ရေထိန်းသိမ်းစောင့်ရှောက်မှု၊ မြေသားများဖွံ့ဖြိုးတည်တံ့မှုနှင့် သက်ရှိသတ္တဝါများအသက်ရှင်မှု၊ အပင်များဝတ်မှုန်ကူးမှုနှင့် လူသားများ အစာလုံလောက်စွာရရှိပြီး ကျန်းမာအသက်ရှင်ရန် လုပ်ဆောင်နေသည့် ဂေဟစနစ်တစ်ခုပါပဲ။

(၂) စိုက်ခင်းအတွင်း ရင်းနှီးမြုပ်နှံငွေနည်းပါးခြင်း

    စိုက်ခင်းထဲတွင် ရင်းနှီးမြုပ်နှံခြင်းသည် သီးနှံအထွက်နှုန်းတိုးကာ စျေးကောင်းရရှိရန်အတွက် အကောင်းဆုံးနည်းဗျူဟာပါ။ ရင်းနှီးမြုပ်နှံခြင်းဆိုသည်မှာ စစိုက်သည့်အချိန်မှစ၍ ရိတ်သိမ်းပြီး စားသုံးသူလက်ထဲရောက်ရှိသည့်အချိန်ထိ ပါဝင်ပါတယ်။ တောင်သူအများစုသည် ရိတ်သိမ်းပြီးသည်နှင့် မိမိတို့အခန်းပြီးသည်ဟု ထင်တတ်ကြပါတယ်။ တကယ်တော့ ရိတ်သိမ်းချိန်လွန်နည်းပညာသည် အလွန်ပင်အရေးကြီးလှပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်ခန့်က တရုတ်သို့တင်ပို့သော ပြောင်းချိုများ တရုတ်နိုင်ငံမှလက်မခံသဖြင့် ရွှေလီမြစ်ထဲပစ်ချရသည်ကို ဦးကြီးတို့လည်း ကြားမိမှာပါ။ ထိုအချိန်တွင် ရိတ်သိမ်းချိန်လွန်နည်းပညာကိုအသုံးပြုကာ တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုလုပ်ထားနိုင်မည်ဆိုလျှင် ပုံမှန်ရနေသည့် ပြောင်းဖူးဈေးထက်ပင် စျေးကောင်းရနိုင်ပါတယ်။ ရင်းနှီးမြုပ်နှံမှုဟုဆိုရာတွင် မျိုးစေ့နှင့် မြေသြဇာ၊ ပိုးသတ်ဆေးတို့အပြင် လယ်ယာသုံးစက်ကိရိယာနှင့် ဖြန့်ဖြူးဖြန့်ဝေကာ မပုပ်မသိုးအောင် ပြုပြင်စီမံထားသည်အထိ ပါဝင်ပါတယ်။

(၃) နည်းပညာအသစ်အဆန်း မရှိခြင်း

(၄) နိုင်ငံတကာစီးပွားရေးအချက်အလက်များနှင့် နောက်ကျကျန်နေခြင်း

(၅) စိုက်ပျိုးရေးနှင့်ပတ်သတ်ပြီး လူငယ်များ စိတ်ဝင်စားမှုနည်းပါးလာခြင်း

    ဤအချက် ၃ ချက်ကတော့ ဆက်စပ်နေတာပါ။ ယနေ့‌ခေတ်လူငယ်အများစုသည် စိုက်ပျိုးရေးပညာရပ်တွင် အလွန်ပင်စိတ်ဝင်စားမှု အားနည်းလာပါတယ်။ ယနေ့လူငယ်နောင်ဝယ်လူကြီး ဆိုသည့်စကားအတိုင်း လူငယ်များမှ စိတ်ဝင်စားမှုအားနည်းလာသောအခါ သီတင်းအချက်အလက်နှင့် နည်းပညာပိုင်းသည် ယနေ့ထက် ပို၍နောက်ကျလာမည်မှာ မလွဲဧကန်ပါ။

(၆) အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများကြား ပူးပေါင်းဆက်သွယ်မှုနည်းပါးနေခြင်း

(၇) ပုဂ္ဂလိကစိုက်ပျိုးရေးအဖွဲ့အစည်းများ ခိုင်မာတောင့်တင်းမှု လိုအပ်နေခြင်း

(၈) စိုက်ပျိုးစွန့်ဦးတီထွင်သူ နည်းပါးနေခြင်း

    စိုက်ပျိုးရေးတွင် စိန်ခေါ်မှုများစွာရှိနေသည့်အတွက် စွန့်ဦးတီထွင်ရန် မလွယ်ကူလှပါဘူး။

  • ကျွမ်းကျင်စွာစီမံအုပ်ချုပ်နိုင်မှုနည်းပါးခြင်း
  • စမ်းသပ်စိုက်ပျိုးမည့် စက်ရုံအဆောက်အဦ နည်းပါးခြင်း
  • စျေးကွက်ပြသနာ
  • စမ်းသပ်စိုက်ပျိုးနေခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်ရန် မလွယ်ကူခြင်း
  • စိုက်ပျိုးရေးကိရိယာနှင့် နည်းပညာ လုံလောက်မှုမရှိခြင်း (သို့) လုံးဝမရှိခြင်း
  • တင်ပို့ရောင်းချ ဖြန့်ဖြူးသည့်အခါတွင်လည်း ကုန်ကျငွေများပြားခြင်း
  • အစိုးရမူဝါဒနှင့် ကိုက်ညီမှုမရှိသဖြင့် ကူညီပံ့ပိုးမှုမရရှိခြင်း

(၉) စိုက်ပျိုးသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုနည်းပါးခြင်း စသောအချက်များသည် လယ်ယာစီးပွားရေးတွင် အဓိကရင်ဆိုင်နေရသော အခက်အခဲများပါဟု တင်ပြရင်း နိဂုံးချုပ်လိုက်ရပါတယ်ရှင်။

Reference: Syngenta Global

ABDC, SSSCI

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်