ဒိုင်ဂျက်စတိတ်နွားချေးဇီဝမြေသြဇာအစွမ်းနှင့် ထုတ်လုပ်သုံးစွဲနည်း

14/06/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

သီးနှံအရည်အသွေးတိုးစေတဲ့ ဒိုင်ဂျက်စတိတ်နွားချေးဇီဝမြေသြဇာများ အသုံးချခြင်း

ဒိုင်ဂျက်စတိတ်ဆိုသည်မှာ - တိရစ္ဆာန်ချေးအမျိုးမျိုး (ဥပမာ- နွားချေး)၊ သီးနှံအလေအလွင့်များနှင့် စားကြွင်းစားကျန်များကို လေမဲ့အခြေအနေတွင် ဇီဝဓာတ်ငွေ့ထုတ်ပြီး ကျန်သောနွားချေးအလွှာ ဖြစ်သည်။ အာဟာရဓာတ်ပြည့်ဝသော အရည် သို့မဟုတ် အခဲ ပစ္စည်းဖြစ်သည်။

ဇီဝဓာတ်ငွေ့ထုတ်လုပ်ခြင်းမှထွက်သော ဒိုင်ဂျက်စတိတ်အခြေခံ မြေဆွေးပြုလုပ်နည်း (မြမြ ၂ဝ၂ဝ)

ကောက်ရိုးဖြင့်မြေဆွေးပြုလုပ်ခြင်း

အသုံးပြုပုံ

အသုံးပြုပုံ

ဒိုင်ဂျက်စတိတ်သည် အာဟာရဓာတ်ပြည့်ဝသော အရည် သို့မဟုတ် အခဲပစ္စည်းဖြစ်သည်။ အာဟာရ ဓာတ်ပါဝင်မှုသည် ဒိုင်ဂျက်စတာထဲသို့ထည့်သော အော်ဂဲနစ်ပစ္စည်းများအပေါ် မူတည်သည်။ အင်အော်ဂဲနစ် ဓာတ်မြေသြဇာဝယ်ယူသုံးစွဲမှု လျှော့ချသုံးနိုင်ရန် အရည်ဒိုင်ဂျက်စတိတ်ကို စိုက်ခင်းတွင် ဇီဝမြေသြဇာ အဖြစ်သုံးသည်။ အခဲဒိုင်ဂျက်စတိတ်ကို အပင်အကြွင်းအကျန်များဆွေးမြည့်စေရန် သုံးသည်။ အပင်များ ကြီးထွားမှုအားပေးသည်။ မြေကျန်းမာစေသည်။ အခဲအခြောက်များကို မွေးမြူရေးတွင်သုံးသည်။

ဒိုင်ဂျက်စတိတ်အခြေခံဇီဝမြေသြဇာများ၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတစ်ဆင့် အပင်အတွက် လက်တွေ့ အကျိုးပြုမှုနှင့် အသုံးချနိုင်မှုဆက်စပ်သုံးသပ်ချက် 

၁။ ဘာကြောင့်ဒိုင်ဂျက်စတိတ်ကို မြေဆွေးပြုလုပ်သုံးရသလဲဆိုလျှင် ဒိုင်ဂျက်စတိတ်တွင် မြေဆွေးမြန်မြန် ရရန် အာဟာရဓာတ်နှင့် ရေအရင်းအမြစ်များပါဝင်သည်။ မြေဆွေးနှုန်းလည်း တိုးစေသည်။

 

၂။  ဒိုင်ဂျက်စတိတ်မြေဆွေး၏အရည်အသွေးများ

လေမဲ့ဒိုင်ဂျက်စတိတ် နွားချေးဇီဝမြေသြဇာသည် ဟူးမစ်အက်ဆစ် ၄.၇% ပါသော နိုက်ထရိုဂျင်ကြွယ်ဝသည့်  မြေဆွေး (ဇီဝဓာတ်ငွေ့ ဒိုင်ဂျက်စတိတ်ကောက်ရိုးမြေဆွေး) ဖြစ်သည်။ အင်အော်ဂဲနစ်ဓာတ်မြေသြဇာသုံးစွဲမှု လျှော့ချနိုင်သည်။ မြေဆီသြဇာတိုးတက်သည်၊၊ အပင်ကြီးထွားမှု၊ အထွက်နှင့် အရည်အသွေးကို တိုးစေသည်။

ဒိုင်ဂျက်စတိတ်မြေဆွေးနှင့် ဒိုင်ဂျက်စတိတ် နှိုင်းယှဥ်လေ့လာရာတွင် ဒိုင်ဂျက်စတိတ်မြေဆွေးတွင်ပါသော ဖော့စပရပ် နှင့် ပိုတက်စီယမ်သည် အာဟာရတန်ဖိုးမြင့်လာသည်။ အကျိုးပြုသက်ရှိများ ပိုပါဝင်သည်။ အပင်ကြီးထွားစေသော ကွန်ပေါင်းများ၊ အပင်ရောဂါကိုကျဆင်းစေသော ကွန်ပေါင်းများပါဝင်သည်။ မူလဒိုင်ဂျက်စတိတ်တွင် ပါဝင်သော အာဟာရဓာတ်များ အရည်အသွေးများသည် မြေဆွေးတွင် ပိုမိုခိုင်မာကြာရှည်ခံသည်။  ပြင်းအားမြင့်သော မြေသြဇာ အရည်အခဲများ ထုတ်သည်။ ခရမ်းချဥ်နှင့် ပြောင်းသီးနှံတွင် သုံးကြသည်။  (Zang 2017)

ကိုးကား

မြမြ ဒေါ် (၂ဝ၂ဝ) အိမ်နှင့်ကျောင်းဥယျာဥ်ခြံတည်ထောင်ခြင်း နည်းပညာ လက်စွဲ

Afriyie E. et al., Comparative study of composted and uncomposted digestates, chicken manure and cow dung as fertilizers and their effects on soil properties. G.J. E.D.T., Vol. 2(4):12-22 (July-August, 2013)

Mathotra M. et al., Biorefinery of anaerobic digestate in a circular bioeconomy: Opportunities, challenges and perspectives. Renewable and Sustainable Energy Reviews

Volume 166, September 2022, 112642

Tanigawa S. Fact Sheet | Biogas: Converting Waste to Energy October 3, 2017  https://www.eesi.org/papers/view/fact-sheet-biogasconverting-waste-to-energy

Zhang R. Digestate Alone and With Compost - Designing for Specific End Uses. California Bioresources Alliance 2017 Symposium November 2, 2017

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်