လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]

30/04/2023 19:00 PM တွင် ThitsaWorks Solutions Myanmar Co., Ltd. ThitsaWorks Solutions Myanmar Co., Ltd. မှ ရေးသား ပြီး ThitsaWorks ThitsaWorks မှ ပေးပို့ထားပါသည်။

ဒစ်ဂျစ်တယ်မိတ်ဆွေတို့ရေ အပိုင်း [၁] နဲ့ အပိုင်း [၂] ကို ဖတ်ပြီးကြပါပြီလား။ 

ဒီအကြောင်းအရာတွေကို မဖတ်လိုက်ရသေးဘူး ဒါမှမဟုတ် မေ့သွားခဲ့တယ်ဆိုရင် ပြန်ဖတ်ကြည့်လို့ရအောင် သက်ဆိုင်ရာ အပိုင်းအလိုက် လင့်ခ်တွေ ကို ဒီနေရာမှာ လေ့လာလို့ရတယ်နော်။

အပိုင်း [၁]  https://greenwaymyanmar.com/posts/digital_money_knowledge_part_one

အပိုင်း [၂] https://greenwaymyanmar.com/posts/digital_money_knowledge_part_two

ဒီတစ်ခေါက်တော့ မိုဘိုင်းလ်ဝေါလက်ကနေတစ်ဆင့် ငွေလွှဲနဲ့ ငွေသွင်း/ငွေထုတ်ကိစ္စရပ်တွေ ဘယ်လို ဆောင်ရွက်လို့ရသလဲ ပြောပြမယ်နော်။ ကဲ . . . လေ့လာလိုက်ကြရအောင်။

မိုဘိုင်းလ်ဝေါလက်အကောင့်ထဲသို့ ငွေသွင်းခြင်း (Cash In)

(၁) ဘဏ်အကောင့်ကနေ တိုက်ရိုက်ငွေသွင်းခြင်း

ကိုယ့်ရဲ့ဘဏ်အကောင့်ကို မိုဘိုင်းလ်ဝေါလက်နဲ့ချိတ်ထားရင် ဘဏ်အကောင့်ကနေ တိုက်ရိုက်ငွေသွင်းလို့ရပါတယ်။

(၂) ကိုယ်စားလှယ်ဆီမှာငွေသွင်းခြင်း

ကိုယ်စားလှယ်ဆီကနေ ငွေသွင်းမယ်ဆိုရင် မိုဘိုင်းလ်ဝေါလက်အကောင့်ဖွင့်ထားတဲ့ဖုန်းနံပါတ်နဲ့ သွင်းချင်တဲ့ငွေပမာဏကို ပေးပြီး ငွေသွင်းလို့ရပါတယ်။

မိုဘိုင်းလ်ဝေါလက်အကောင့်ထဲမှ ငွေထုတ်ခြင်း (Cash Out)

(၁) မိမိရဲ့ ဘဏ်အကောင့်ထဲကို တိုက်ရိုက်လွှဲပြီး ထုတ်ယူခြင်း

ကိုယ့်ရဲ့ဘဏ်အကောင့်ကို မိုဘိုင်းလ်ဝေါလက်နဲ့ချိတ်ထားရင် မိုဘိုင်းလ်ဝေါလက်ကနေ ဘဏ်အကောင့်ထဲကို တိုက်ရိုက်ငွေလွှဲလို့ရပါတယ်။

(၂) ကိုယ်စားလှယ်ဆီမှာငွေထုတ်ခြင်း

ကိုယ်စားလှယ်ဆီကနေ ငွေထုတ်မယ်ဆိုရင် အနီးအနားက ကိုယ်စားလှယ်ဆိုင်ကိုရှာပြီး ကိုယ် အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ်နဲ့ ထုတ်ချင်တဲ့ ငွေပမာဏကို ပြောပါ။ 

မိုဘိုင်းလ်ဝေါလက်ကနေ လျှို့ဝှက်နံပါတ်တောင်းတဲ့ စာရောက်လာပါလိမ့်မယ်။ ငွေထုတ်ခွင့်ကို အတည်ပြုဖို့ ကိုယ့်ရဲ့လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပြီးရင် ထုတ်လို့ရပါပြီ။

ငွေလွှဲခြင်း

(၁) မိုဘိုင်းလ်ဝေါလက်အကောင့်မှတစ်ဆင့် ငွေလွှဲခြင်း

ငွေလွှဲသူရော လက်ခံသူရောမှာ မိုဘိုင်းလ်ဝေါလက်အကောင့်ရှိတယ်ဆိုရင် အကောင့်အချင်းချင်း တိုက်ရိုက် ငွေလွှဲလို့ရပါတယ်။

ကိုယ် ငွေလွှဲချင်တဲ့သူထံမှာ မိုဘိုင်းလ်ဝေါလက်အကောင့်မရှိဖူးဆိုရင်တော့ သူ့ရဲ့ ဖုန်းနံပါတ်ကို စကားဝှက် (၆) လုံးခံပြီး လွှဲရပါမယ်။ ဖုန်းနံပါတ်ကို ငွေလွှဲတဲ့အခါမှာ စကားဝှက်က အဓိကပါ။

(၂) ကိုယ်စားလှယ်မှတစ်ဆင့် ငွေလွှဲခြင်း 

အကောင့်မဖွင့်ဘဲ ကိုယ်စားလှယ်ကတစ်ဆင့် ငွေလွှဲမယ်ဆိုရင် ကိုယ်စားလှယ်က သူ့အကောင့်ထဲကနေ တစ်ဖက်က ငွေလက်ခံမယ့်သူရဲ့ မိုဘိုင်းလ်ဝေါလက်အကောင့် (ဒါမှမဟုတ်) မိုဘိုင်းလ်ဖုန်းနံပါတ်ကို ကိုယ့် ကိုယ်စား ငွေလွှဲပေးမှာပါ။

ငွေလက်ခံသူမှာ မိုဘိုင်းလ်ဝေါလက်အကောင့်ရှိရင် သူ့အကောင့်ထဲ တိုက်ရိုက်ငွေရောက်သွားမယ်။

အကောင့်မရှိလို့ ဖုန်းနံပါတ်ကိုလွှဲတယ်ဆိုရင်တော့ ငွေလွှဲတဲ့သူရဲ့ ဖုန်းထဲကို ငွေပမာဏ၊ ငွေလွှဲခနဲ့ လုပ်ငန်းစဥ်အမှတ်တို့ကို မက်ဆေ့ချ်ရောက်လာမှာဖြစ်ပြီး ငွေလက်ခံမယ့်သူရဲ့ ဖုန်းထဲကိုတော့ ငွေပမာဏ၊ ငွေလွှဲသူရဲ့ဖုန်းနံပါတ်နဲ့ လုပ်ငန်းစဥ်အမှတ်တို့ မက်ဆေ့ချ်ရောက်ရှိလာမှာပါ။ 

စကားဝှက်ကိုတော့ ငွေလွှဲသူက ငွေလက်ခံသူကို တိုက်ရိုက် ပြောပြဖို့လိုပါတယ်။ ငွေလက်ခံသူက မိုဘိုင်းလ်ဝေါလက်ကိုယ်စားလှယ်ဆီမှာ စကားဝှက် (၆) လုံးပြောပြီး ငွေထုတ်ရပါမယ်။

မိုဘိုင်းလ်ဝေါလက်ကနေတစ်ဆင့် ငွေလွှဲနဲ့ ငွေသွင်း/ငွေထုတ် နည်းလမ်းတွေကို ဗီဒီယိုဖိုင်နဲ့ လေ့လာချင်တယ်ဆိုရင် ဒီလင့်ခ်ကနေတစ်ဆင့်       လေ့လာလို့ရပါတယ်။

ကဲ . . ငွေလွှဲတဲ့အကြောင်းတော့ သိသွားပါပြီ။ တစ်ကယ်လို့များ လွှဲလိုက်တဲ့ ငွေက လက်ခံတဲ့သူဆီ ရောက်မသွားခဲ့ရင် ဘယ်လိုလုပ်ရမလဲ။

????

မေးခွန်းရဲ့ အဖြေကို သိချင်တယ်ဆိုရင်တော့ ဒီလင့်ခ်ကနေတစ်ဆင့်    https://onelink.to/d62vxy အာရ်အီးတွမ်တီဝမ်း (Re21) အပလီကေးရှင်းကို‌ ဒေါင်းလုတ်လုပ်ပြီး “လေ့လာ” ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး ခုပဲ ဆက်လက်လေ့လာလိုက်ပါ။ 

သတ်မှတ်ချက်နဲ့ဝန်ဆောင်ခများ

မိုဘိုင်းလ်ဝေါလက်အမျိုးအစားအပေါ်မူတည်ပြီး သတ်မှတ်ချက်တွေမတူပါဘူး။ “အဆင့် (လယ်ဗယ် = level)” ကိုလိုက်ပြီး မိုဘိုင်းလ်ဝေါလက်သုံးသူအချင်းချင်း တစ်နေ့မှာ အများဆုံးလွှဲနိုင်တဲ့ပမာဏ၊ ကိုယ်စားလှယ်ဆီက တစ်နေ့မှာ ထုတ်ယူနိုင်တဲ့ပမာဏ စသဖြင့် သတ်မှတ်ချက်တွေ ကွာခြားပါတယ်။ 

ဝန်ဆောင်မှုတူညီတဲ့ မိုဘိုင်းလ်ဝေါလက်အကောင့်အချင်းချင်း လွှဲတာအတွက် ဝန်ဆောင်ခ ပေးစရာမလိုပါဘူး။ ဥပမာ - ကေပေးအကောင့်အချင်းချင်း၊ ဝေ့ဖ်ပေးအကောင့်အချင်းချင်း၊ စီဘီပေးအကောင့်အချင်းချင်း ငွေလွှဲတာ။ 

ဘဏ်အကောင့်ထဲငွေလွှဲတာ၊ ကိုယ်စားလှယ်ဆီက ငွေထုတ်တာမျိုးအတွက်ကိုတော့ ငွေပမာဏပေါ် မူတည်ပြီး ဝန်ဆောင်ခပေးရပါတယ်။ သတ်မှတ်ချက်နဲ့ဝန်ဆောင်ခတွေကို ကိုယ်သုံးတဲ့ မိုဘိုင်းလ်ဝေါလက် အပလီကေးရှင်းထဲမှာ ဝင်ကြည့်လို့ရပါတယ်။

ကဲ . . .  ငွေလွှဲ၊ ငွေထုတ်တာနဲ့ပတ်သက်ပြီး လုပ်ဆောင်နိုင်တဲ့ နည်းလမ်းအမျိုးမျိုးကို လေ့လာပြီးသွားပါပြီ။

 မှတ်ချက်။ ။ ငွေကြေးကိစ္စတွေဆောင်ရွက်ရာမှာ အရင်ဆုံး ငွေသားကို သေချာရေတွက်ဖို့လိုအပ်သလိုပဲ အွန်လိုင်းကနေတစ်ဆင့် ဒစ်ဂျစ်တယ်ငွေကြေးကိစ္စတွေ ဆောင်ရွက်ရာမှာလည်း ငွေကြေးပမာဏ၊ ဖုန်းနံပါတ်နဲ့ အခြားသော ဖြည့်စွက်ရတဲ့ အချက်အလက်တွေကို မှန်ကန်အောင် သေချာစစ်ဆေးဖို့ အရေးကြီးပါတယ်။ 

ဒီလို ဒစ်ဂျစ်တယ်ငွေကြေးအသိပညာတွေကို စဥ်ဆက်မပြတ်လေ့လာချင်တယ်ဆိုရင်တော့     bit.ly/3KWHsx4 အာရ်အီးတွမ်တီဝမ်း (Re21) ဖေ့စ်ဘုတ်ပေ့ချ်ကို လိုက်ခ် (Like) နဲ့ ဖောလိုး (Follow)လုပ်ထားပြီး လေ့လာလို့နိုင်ပါတယ်။ 

#DFL #MobileWallet #မိုဘိုင်းလ်ဝေါလက် #KBZPay #WavePay #ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်