မာလကာသီးပင်တွင် ကျရောက်တတ်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်း

12/01/2018 09:51 AM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား
၁။ မှည့်ပြောက်စွန်းရောဂါ (Anthracnose: Colletotrichum gloeosporioids)
ရောဂါလက္ခဏာများ
- ရောဂါလက္ခဏာကို မာလကာပင်ပေါ်ရှိ အရွယ်ရောက် အသီးများပေါ်တွင် တွေ့ရသည်။
- အနက်ရောင်ချိုင့်ခွက် လက္ခဏာများတွေ့ရသည်။ စိုစွတ်နေချိန်တွင် ဒဏ်ရာများကို ပန်းရောင်မှိုမျှင်စများဖြင့် ဖုံးလွှမ်းထားသည်။
- ရောဂါရင့်လာသည်နှင့် ချိုင့်ခွက်ဒဏ်ရာလေးများ ပေါင်းစည်းသွားပြီး ကြီးမားသောဒဏ်ရာကွက်များဖြစ်ကာ အသီးအတွင်းသားကို ထိခိုက်စေသည်။
 
 
ကာကွယ်နှိမ်နင်းခြင်း
- မန်ကိုဇာဘ် (Mancozeb) ၀.၂၅% ကို ပက်ဖျန်းပါ။
 
၂။ မာလကာသံချေးမှိုရောဂါ (Guava rust: Puccinia psidii)
 
ရောဂါလက္ခဏာများ
- သံချေးမှိုရောဂါသည် ရွက်ပိုင်းဆိုင်ရာများ၊ အညွန့်ငယ်များ၊ ပန်းခိုင်များနှင့် အသီးများကို တိုက်ခိုက်နိုင်သည်။
- အတွေ့ရများသော လက္ခဏာများတွင် ပုံပျက်သွားခြင်း၊ အရွက်ကြွေကျခြင်း၊ ကြီးထွားမှု တုံ့ဆိုင်းသွားခြင်းနှင့် ဆိုးဝါးပါက သေသွားတတ်သည်။
- အပြည့်အဝ ပြန့်ကားနေသောအရွက်များပေါ်တွင် အနက်ရောင်အနားသား၊ ကြမ်းတမ်းသော စက်ဝိုင်းပုံ အညိုရောင်ဒဏ်ရာများကို အဝါရောင် ရောင်ခြည်စက်ဝန်းနှင့်အတူ တွေ့ရသည်။
 
ကာကွယ်နှိမ်နင်းခြင်း
- မာလကာ သံချေးမှိုရောဂါကို ကာကွယ်နှိမ်နင်းခြင်းသည် မှိုသတ်ဆေးအသုံးပြုမှုအပေါ် အခြေခံသည်။
- ရောဂါစကျချိန် သို့မဟုတ် ရောဂါကျရန် အခြေအနေပေးသော ပတ်ဝန်းကျင်မျိုးရှိသောနှစ်တွင် သင့်တော်သည့် မှိုသတ်ဆေးကို အချိန်ကိုက်သုံးစွဲပါ။
-  မြေဩဇာကျွေးခြင်း၊ ရေသွင်းခြင်း၊ ကိုင်းဖြတ်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းကဲ့သို့သော သင့်တော်သည့် စိုက်ပျိုးနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းသည် မာလကာပင်ကို ကျန်းမာသန်စွမ်းစေကာ ရောဂါကျရောက်မှု နည်းစေသည်။
၃။ ရေညှိရောင် ရွက်စက်ပျောက်ရောဂါ (Algal Leaf Spot: Cephaleuros virescens)
 
ရောဂါ လက္ခဏာများ
- အရွက်မျက်နှာပြင် နှစ်ဖက်လုံးတွင် လိမ္မော်ရောင်၊ သံချေးရောင်အဖြစ်ရှိကာ အချင်းအားဖြင့် ၅- ၈ မီလီမီတာ ရှိသည့် သိပ်သည်းသော ပိုးချည်မျှင်နှင့် မွှေးစုတ်အဖြစ်တွေ့ရသည်။
- အစက်ပျောက်များကို ခြစ်ကြည့်ပါက ပါးလွှာသည့် မီးခိုးရောင်မှ အနက်ရောင်ရှိသော ပေါင်မုန့်အကာသား အရောင်များ အရွက်ပေါ်တွင် ကျန်နေခဲ့မည်။
- အစက်များ အတူတူပေါင်းသွားကြပြီး အရွက်ပေါ်တွင် ပုံသဏ္ဍာန်မမှန်သည့် အကွက်များအဖြစ် ပြောင်းလဲ သွားမည်။ အစက်များရင့်လာသည်နှင့် အရောင်မှိန်သော မီးခိုးအစိမ်းရောင် ဖြစ်သွားသည်။
- အကိုင်းငယ်များနှင့် အကိုင်းကြီးမျာလည်း တိုက်ခိုက်ခံရပြီး သစ်ခေါက်ကို အက်ကွဲစေသည်။
ကာကွယ်နှိမ်နင်းနည်း
- သင့်တော်သည့် မြေဩဇာကျွေးခြင်း၊ ရေသွင်းခြင်း၊ လေဝင်လေထွက်ကောင်းစေရန်နှင့် နေရောင်ခြည် ဝင်ရောက် နိုင်ရန် ကိုင်းချိုင်ခြင်း၊ ပေါင်းမြက်နှိမ်နင်းခြင်းနှင့် အပင်ကျဲကျဲစိုက်ခြင်းတို့ကဲ့သို့သော စိုက်ပျိုးနည်းများဖြင့် အပင်ကြံ့ခိုင်အောင်လုပ်ပြီး ရောဂါကျရောက်မှုကို လျော့ချနိုင်သည်။
- ကော့ပါး အော်ဇီကလိုရိုဒ် (Copper oxychloride) ၀.၂၅% ကို ပက်ဖျန်းပါ။ 
 
ဒေါက်တာ ကိုကို (စိုက်ပျိုးရေး)
သစ်သီးအပင်များတွင် ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ရောဂါများအား ကာကွယ်နှိမ်နင်းနည်း

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်