ပဲလွမ်းတွင်ကျရောက်တတ်သော ရောဂါများ (၂)

13/11/2021 19:00 PM တွင် Nyan Thant Zin Nyan Thant Zin မှ ရေးသား

    ပဲလွမ်းတွင်ကျရောက်တတ်သောရောဂါများ အပိုင်း (၂) ကို ထပ်လေ့လာကြည့်ကြရအောင်။

အပင်ငယ်များတွင်ကျတတ်‌သော ရွက်ခြောက်ရောဂါ

    ရောဂါကျရောက်ပါက အပင်၏ စေ့ရွက်အပေါ်နှင့် အောက်ဘက်တွင် ရေစိုနာများ၊ နီညိုရောင်အနာကွက်များကို တွေ့မြင်ရတတ်ပါသည်။ သေးငယ်သော စက်ဝိုင်းပုံအညိုရောင်အစက်များကိုအရွက်ပေါ်တွင်တွေ့ရတတ်ပါသည်။ ပုံမမှန်သောအနာကွက်များကို အရွက်ပေါ်တွင်တွေ့ရပါသည်။ ရောဂါကျနေသော အရွက်များပေါ်တွင် မှိုလုံးများကို သဲများပက်ဖြန်းထားသကဲ့သို့ တွေ့မြင်ရပါသည်။ သီးလှည့်စိုက်ပျိုးခြင်းကိုအသုံးပြ၍ ကာကွယ်နိုင်ပါသည်။ မှိုမျှင်ကြီးထွားမှုကိုလျှော့ချရန် မြေကြီးများတင်းကြပ်ခြင်း၊ အစေ့ကို နက်နက်စိုက်ခြင်းများကို ရှောင်ရှားပေးရပါမည်။ Zinc + Maneb , Metalaxyl+Carboxin+Furathiocab ကိုအသုံးပြုပေးရပါမည်။

Southern ရွက်ခြောက်ရောဂါ

    ရောဂါကျရောက်ပါက အရွက်များ ရုတ်တရက်ခြောက်လာပါသည်။ ပင်ပိုင်းဆိုင်ရာအစိတ်အပိုင်းများ ဝါလာပြီး မြေပေါ်မြေအောက်ရှိပင်စည်များ အညိုရောင်ပြောင်းလာတတ်ပါသည်။ ကိုင်းများညိုလာပြီး မှိုမျှင်များဖြင့် ဖုံးလွှမ်းသွားတတ်ပါသည်။ ခံနိုင်ရည်ရှိမျိုးများအသုံးပြုပေးခြင်း၊သီးလှည့်စိုက်ပျိုးခြင်းများဖြင့် ကာကွယ်နိုင်ပါသည်။ ရောဂါကျနေသောအပင်များကို ဖယ်ရှားပေးရပါမည်။ လေဝင်လေထွက်ကောင်းစေရန် အပင်များကို ကြပ်ညှပ်မစိုက်ရပါ။ Mancozeb, Thiophanate တို့ကိုအသုံးပြုပေးရပါမည်။

ဘက်တီးရီးယားရွက်ခြောက်ရောဂါ

    ရောဂါကျရောက်ပါက အရွက်ပေါ်တွင် ရေစိုနာအကွက်များကိုတွေ့ရပါမည်။ ၎င်းအနာများသည်တဖြည်းဖြည်းကြီးလာပြီး မီး‌လောင်ကွက်ပုံစံ ဆဲလ်သေနာများဖြစ်လာပါသည်။ ရွက်သေများသည် အပင်၌ တွယ်ကပ်နေတတ်ပါသည်။ စက်ဝိုင်းပုံ နီညိုရောင်နေလောင်နာကွက်များကိုသီးတောင့်များပေါ်တွင် တွေ့မြင်ရပါသည်။ စိုထိုင်းသောကာလများတွင် သီးတောင့်များမှ ဘက်တီးရီးယားစိမ့်ထွက်ရည်များ ထွက်လာတတ်ပါသည်။ ရောဂါကင်းရှင်းသောမျိုးစေ့ကို အသုံးပြုပေးရပါမည်။ မျိုးစေ့များကို ပဋိဇီဝဆေးများဖြင့် ရောနယ်၍ စိုက်ပျိုးပေးရပါမည်။ ကောပါးပါဝင်သောမှိုသတ်ဆေးများကို ရောဂါလက္ခဏာမပြမီ ပက်ဖျန်းပေးရပါမည်။

ပဲရွက်ညိုပြောက်ရောဂါ

    ရောဂါကျရောက်ပါက အစေ့များ အညှောင့်မပေါက်လာတော့ပါ။ အပင်ငယ်များသေဆုံးတတ်ပါသည်။ ဘဲဥပုံအနာကွက်များကို ပင်စည်များပေါ်တွင် တွေ့ရပါသည်။ အရွက်များပေါ်တွင်နီညိုရောင်အနာကွက်များကို တွေ့မြင်ရပါသည်။ ပန်းပွင့်မအောင်ခြင်းများ၊ ပုံပျက်နေသောသီးတောင့်များကို နှောင်းပိုင်းလက္ခဏာအနေဖြင့် တွေ့မြင်ရပါသည်။ စိုထိုင်းသောရာသီကိုကြာရှည်စွာရပါက ပြင်းထန်သော အရွက်ကြွေခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ ခံနိုင်ရည်ရှိမျိုးများကို အသုံးပြုပေးရပါမည်။ ရိုးပြတ်များကို ဖယ်ရှားပေးခြင်းဖြင့် ရောဂါဖြစ်စေနိုင်သောရင်းမြစ်များကို‌ လျှော့ချနိုင်ပါသည်။ 

ပင်စည်ပျော့ပုပ်ရောဂါ

    ရောဂါကျရောက်ပါက မီးခိုးရောင်မှ အစိမ်းရောင်ရေစိုနာကွက်များကို ပင်စည်ပတ်ပတ်လည်တွင်တွေ့မြင်ရပါသည်။ ထို့နောက် အပင်သေဆုံးသွားတတ်ပါသည်။ စိုထိုင်းဆမြင့်မားပါက အဖြူရောင်မှိုမျှင်များကို ပင်စည်တွင် တွေ့မြင်ရပါသည်။ မြေအစိုဓာတ်လျော့စေရန် ရေသွင်းရေထုတ်ကောင်းသောမြေ သို့မဟုတ် ဘောင်မြင့်မြင့်ဖြင့် စိုက်ပျိုးပေးရပါမည်။ မြေကြီးကို နေပူပေးခြင်းဖြင့် ရောဂါ‌ဖြစ်စေနိုင်သောအရင်းအမြစ်ကို လျော့နည်းစေပါသည်။

ပဲလွမ်းတွင်ကျရောက်တတ်သောရောဂါများ အပိုင်း (၁) 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်