ပဲပုပ်တွင်တွေ့ရများသော ရောဂါများ

01/09/2021 17:00 PM တွင် မဆုယဉ်လင်း မဆုယဉ်လင်း မှ ရေးသား

ပဲပုပ်တွင်ဖြစ်ပွားတတ်သော ရောဂါများအကြောင်းကို ဆက်လက်ကြည့်ရအောင်...

တောင်ပေါ်ဒေသတွေမှာ ဖားဥမှိုရောဂါ၊ သံချေးရောဂါနှင့် ဒေါင်းနီးရွက်ခြောက်ရောဂါများကျရောက်တတ်ပြီး မြေပြန့်ဒေသတွေမှာဆိုရင် ဘက်တီးရီးယားရွက်ခြောက်ရောဂါများသည် ရင့်မှည့်ချိန်တွင် ကျရောက်တတ်ပြီး အထွက်နှုန်းကို ထိခိုက်စေနိုင်ပါတယ်။

ဖားဥမှိုရောဂါ

ဖားဥမှိုရောဂါသည် အပင်လေပေါ်ပိုင်းအစိတ်အပိုင်းများတွင် ကျရောက်လေ့ရှိပြီး အများအားဖြင့် ပဲပုပ်ပင်၏ အောက်ရွက်နှင့် အလယ်ရွက်များတွင် ကျရောက်မှုများတာကို တွေ့ရပါတယ်။ ဖားဥမှိုရောဂါကျရောက်ပါက အရွက်များတွင် အဖြူရောင်ပေါင်ဒါမှုန့်များကို တွေ့ရတတ်ပါတယ်။ ခံနိုင်ရည်မရှိသော မျိုးတွင် အရွက်များကြွေကျပြီး အထွက်နှုန်းကိုပါ ထိခိုက်စေနိုင်ပါတယ်။

အသုံးပြုရမည့်ဆေး- ဘီနိုမိုင်း၊ ပရိုမီကိုနာဇိုးလ်၊ ကလိုရိုသလိုနေးလ်၊ တဗျူကိုနာဇိုးနှင့် သိုင်အိုဖာနိတ်မီသိုင်း

သံချေးရောဂါ

သံချေးရောဂါသည် ပဲပုပ်မှာကျရောက်မှုများတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ရောဂါလက္ခဏာအနေနှင့် အပင်၏အောက်ရွက်များမှ စတင်တွေ့ရတတ်ပြီး အရွက်အောက်ဖက်မျက်နှာပြင်တွင် စက်ဝိုင်းပုံသဏ္ဍာန် နီညိုရောင်အကွက်များအဖြစ် မြင်တွေ့နိုင်ပါသည်။ ရောဂါကျရောက်မှု ပြင်းထန်ပါက အရွက်၏မျက်နှာပြင်နှစ်ဖက်စလုံး၌ နီညိုရောင်ရှိသော သံချေးမှိုများကို တွေ့ရပြီး အရွက်များ ကြွေကျခြင်းကြောင့် အထွက်နှုန်းကို ထိခိုက်စေနိုင်ပါတယ်။

အသုံးပြုရမည့်ဆေး- အဇိုဆီစထရိုဘင်၊ ဘီနိုမိုင်းလ်၊ ပရိုမီကိုနာဇိုးလ်၊ တဗျူကိုနာဇိုးလ်နှင့် သိုင်အိုဖာနိတ်မီသိုင်း

ဒေါင်းနီးရွက်ခြောက်ရောဂါ

ဒေါင်းနီးရောဂါသည် အရွက်၏အပေါ်ဘက်မျက်နှာပြင်တွင် စိမ်းဝါရောင်နှင့် အညိုရောင်ရှိသော အကွက်ငယ်များအဖြစ်တွေ့ရတတ်ပါတယ်။ ပုံမှန်အားဖြင့် အဝါရောင်ရှိသော အကွက်များသည် တဖြည်းဖြည်းညိုရောင်သို့ပြောင်းသွားပါတယ်။ ရာသီဥတုစိုစွတ်တဲ့အခါ အရွက်၏အောက်ဘက်မျက်နှာပြင်ရှိ မှိုမျှင်များသည် သံချေးရောင်မှ မီးခိုးရောင်သို့ ပြောင်းသွားတတ်ပြီး သီးတောင့်နှင့် အစေ့များတွင်လည်း ရောဂါကျရောက်တတ်ပါတယ်။

အသုံးပြုရမည့်ဆေး- မန်ကိုဇက်၊ ဒိုင်မီသိုမော့နှင့် မက်တယ်လဇီ

ဘက်တီးရီးယားရွက်ခြောက်ရောဂါ

ဘက်တီးရီးယားရွက်ခြောက်ရောဂါသည် ပုံမှန်အားဖြင့် အပေါ်အရွက်များတွင် ပုံသဏ္ဍာန်မမှန်သော အဝါရောင်၊ ညိုရောင်အကွက်များအဖြစ် တွေ့ရတတ်ပြီး အကွက်အလယ်မှစတင်၍ နီညိုရောင်မှ အမဲရောင်သို့ ပြောင်းသွားတတ်ပါတယ်။ ရောဂါကျနေသောအရွက်၏ တစ်သျှူးဧရိယာနှင့် ရောဂါကင်းသောတစ်သျှူးဧရိယာအကြားတွင် စိမ်းဝါရောင်ရှိသော ရေစိုနာများ လှိုင်းများသဖွယ်တွေ့ရတတ်ပါတယ်။ ထိုနေရာသည် ဘက်တီးရီးယားများပေါက်ဖွားသောနေရာလည်းဖြစ်ပါတယ်။ ပဲပုပ်ပင်များ ရင့်မှည့်ချိန်တွင် ကျရောက်ပါက အထွက်နှုန်းကို ထိိခိုက်စေနိုင်ပါတယ်။

ရောဂါပိုးမွှားများကျရောက်မှုနည်းရန် ခံနိုင်ရည်ရှိသောမျိုးကို အသုံးပြုခြင်း၊ ပဲသီးနှံတစ်မျိုးတည်းမဟုတ်ပဲ သီးလှည့်စိုက်ခြင်း၊ ရိတ်သိမ်းပြီးနောက် ပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပဲပုပ်မစိုက်ပျိုးမီ ရှေ့သီးနှံများစိုက်ပျိုးပြီးပါက ထယ်ရေးနက်နက်ထိုးပြီး (၂) ပတ်မှ (၄) ပတ်ထိ စိုက်ခင်းကို နေလှန်း၍ သီးနှံအကြွင်းအကျန်များ၊ ပေါင်းများ ကင်းစင်အောင် ပြုလုပ်ပေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါမည်။

ကိုးကား- https://soybeanresearchinfo.com/soybean-disease/bacterial-blight/

https://www.cropscience.bayer.us/learning-center/articles/powdery-mildew-in-soybeans

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်