မျိုးပွားစိုက်ပျိုးနည်း
ငရုပ်ကောင်းပင်ကို ကိုင်းဖြတ်မျိုးပွားနည်းသည် မြန်မြန်သီးပြီး မိဘနှင့်တူသော မျိုးကို ရရှိနိုင်သည်။ ကိုင်းများကို ၄၅ စင်တီမီတာမှ ၆၀ စင်တီမီတာ အရှည်ထားပြီး အနည်းဆုံး(၇) ဆစ်ပါသော ကိုင်းများကို မိုးရာသီတွင်ဖြတ်ပြီး အောက်ဆုံးနှစ်ဆစ်မှ အရွက်များကို ဖယ်ရှားကာ အကိုင်းများကို စွတ်စိုစေပြီး အရိပ်အောက် ပျိုးခင်း သို့မဟုတ် စိုက်ခင်းထဲသို့ တွယ်ရန် တိုင်ချေနားတွင် စိုက်ပျိုးနိုင်သည်။
အစေ့ဖြင့် စိုက်ပျိုးနည်း
ငရုပ်ကောင်းကို အစေ့ဖြင့်စိုက်မည်ဆိုပါက အထွက်နှုန်းကောင်းသော အပင်မှ ရင့်မှည့်သော အသီးများကို ရွေးချယ်ပါ။ အသီးများကို အရိပ်ထဲတွင်အခြောက်ခံပြီး ပျိုးခင်းထဲတွင် ဘောင်များပြုလုပ်ကာ စိုက်ပါ။ ရေမှန်မှန်လောင်းပေးပြီး အရွက် ၄ ရွက် ရှိလျှင် ရွေ့ပြောင်းစိုက်နိုင်သည်။
အညွှန့်ဖြင့် စိုက်ရာတွင် အောက်ခြေကို ၅-၆ လက်မ အနက်ထားပြီး အညွှန့်ကို တွယ်ပင်တွင် နှီးဖြင့် ချည်ထားပါ။ အပင်ခြေကို မြေတောင်မမြှောက်ပေးဘဲ သစ်ရွက်ခြောက်တို့ဖြင့် ပုံထားပေးပါ။ ငရုပ်ကောင်းပင်များကောင်းစွာ ရှင်သန်လာလျှင် ပေါင်းရှင်းခြင်းနှင့် အပင်ခြေကို သစ်ရွက်ခြောက်၊ မြက်ခြောက်များနှင့် ဖုံးပေးပါ။ မြေကို ဖုံးပေးခြင်း အပင်ခြေကို အေးမြစေသည်။ အပင်ခြေကို အထူကြီးမဖုံးမိစေရန် သတိပြုပါ။ ခြနှင့် မှိုရောဂါများ ငရုပ်ကောင်းပင်ကို ကျရောက်စေနိုင်သည်။
ငရုပ်ကောင်း အညွှန့်များ တွယ်တတ်ပင်ပေါ် တတ်လျှင် ခေါင်ညွှန့် နိမ်ပေးခြင်းဖြင့် ဘေးတက်များ ထွက်လာစေသည်။ အရိပ်ပင်ကိုလည်း နေရောင်ရအောင် ချိုင်ပေးပါ။ ငရုပ်ကောင်းပင်များ ၄-၅ ပေ ရှည်လာလျှင် တိုင်မှသေချာ စွာခွာပြီး မြေကြီးပေါ်တွင် တိုင်ကိုပတ်ကာ အဆစ်များကို မြေဖြင့် ဖုံးပေးပါ။ ထိုကဲ့သို့ ပြုလုပ်ပေးလျှင် အပင်များ လျင်မြန်စွာ ကြီးထွားပြီး ချုံပုတ်ကဲ့သို့ ဖြစ်လာသည်။ ငရုပ်ကောင်းပင်ကို အပေါ်ရံ မြေသားတွင် နွားချေးဆွေးနှင့် အပေါ်ရံ မြေကို ရောပြီး ပါးပါးဖုံးပေးပါ။ အချို့ စိုက်ပျိုးသူများသည် သန့်ထားသော မြေနှင့် ငါးအမိုင်နိုအက်ဆစ် (FDA) ကဲ့သို့ သဘာဝ မြေသြဇာများကို ကျွေးပေးသည်။
ငရုပ်ကောင်းပင်တွင် ကျရောက်သော ရောဂါနှင့် ပိုးမွှားများ
၁။ ရွက်ပြောက်ရောဂါ Collectotrichum nigrum ရောဂါ ဖြစ်သည်။ ရောဂါသည် ဆိုးဝါးစွာ ကျရောက်မှု မရှိပါ။ ထုံး၊ ဒုထ္ထာဆေးဖြင့် ကာကွယ်နိုင်သည်။
၂။ ငှက်များ အထူးသဖြင့် အသီးမှည့်များကို ဘုတ်ငှက်နှင့် ဘွတ်ပင်နီများသည် အသီးများကို စားသုံးကြသည်။
ဆွတ်ခူးခြင်းနှင့် စျေးကွက်အတွက် ပြုပြင်ခြင်း
ငရုပ်ကောင်းပင်သည် သုံးနှစ်သားမှ စ၍ အသီးသီးသည်။ ငရုပ်ကောင်း အသီးများသည် တစ်ပြိုင်တည်း မမှည့်ပါ။ အသီးခိုင်မှ အသီးစတင်မှည့်လာလျှင် အသီးခိုင်များကို လက်ဖြင့် သုံးပြီးချွေပါ။ အချို့ အပင်များသည် မြင့်လျှင် လှေကားနှင့် တက်ပြီး သုံးရသည်။ တစ်နှစ်ပတ်လုံး မိုးမှန်မှန်ရသော ဒေသတွင် ငရုပ်ကောင်းသည် တစ်နှစ်နှစ် ကြိမ်သီးသည်။ ပထမအကြိမ်ကို သြဂုတ်နှင့် စက်တင်ဘာ၊ ဒုတိယ အကြိမ်ကို မတ်နှင့် ဧပြီလတို့တွင် ဆွတ်ခူး ရသည်။ မြန်မာနိုင်ငံကို ခြောက်သွေ့သောကာလ ကြာရှည်သောဒေသများတွင် မတ်မှ ဧပြီလတို့တွင် ဆွတ်ခူးရသည်။
သုံးနှစ်သားအပင်များသည် တစ်ကြိမ်တွင် ၂၀ မှ ၄၀ ဂရမ် အသီးရနိုင်ပြီး တစ်နှစ်တစ်ကြိမ်သီးသောဒေသတွင် ၎င်းထက်ပို၍ ရနိုင်သည်။ ငရုပ်ကောင်းသီးခိုင်များသည် အသီးပါဝင်မှုနှင့် အသီးအလုံးအရွယ်အစား ကွာခြားမှုများရှိသည်။ ကောင်းမွန်သော အသီးခိုင်သည် အသီးညီညာပြီး အလုံးအရွယ်အစား တူညီပြီး ရင့်မှည့်ချိန် တူညီပြီးအခိုင်မှာ အသီးမှာ အသီးများ အပြည့်ဖြစ်နေမည်။
ရောင်းချရန် ပြုပြင်ခြင်း
ငရုပ်ကောင်းစေ့များကို စျေးကွက်တွင် အမဲ သို့မဟုတ် အဖြူရောင်အဖြစ်ရောင်းချကြသည်။ ငရုပ်ကောင်း အမဲရောင်အဖြစ် ရောင်းချရန် ငရုပ်ကောင်းအသီးများ စတင်နီလာလျှင် တစ်ခိုင်လုံးကို လက်ဖြင့် ဆွတ်ခူးပြီး ဖြာကြမ်းပေါ်တင်ပြီး နေလှန်းပြီး အခြောက်ခံပါ။ ခြောက်သွေ့သော အသီးခိုင်များကို လက်ဖြင့် ပွတ်ပြီး အညှာများ နှင့် အသီးကင်းများကို ချွေပြီး အမှိုက်များကို ပြာတီးပြီး ဖယ်ရှားပါ။ အသီးများသည် ၅၀ ရာခိုင်နှုန်းနှင့်အထက် ကြုံ့သွားမည်။ ငရုပ်ကောင်းအရောင်လှပအောင် အသီးများကို နေမလှန်းခင် ရေနွေးထဲနှစ်ပြီး နေလှန်းပါက အရောင်ပိုတောက်ပ လာသည်။ ရေနွေးစိမ်ခြင်းဖြင့် အသီးများကို ချက်ခြင်းသေစေပြီး မြန်မြန်ခြောက်လွယ်သည်။ အရောင်ကိုလည်း ပိုမိုမဲနက်စေသည်။ ရေနွေးသည် အခွံကို မာကြောစေပြီး အရောင်ကို မဲပြောင်စေသည်။
ငရုပ်ကောင်းအဖြူမှာ အသီးမှည့်များကို အခွံနှင့် အသားဖယ်ရှားပြီး ရောင်းချခြင်းဖြစ်သည်။ ငရုပ်ကောင်းအဖြူ ထုတ်လုပ်ရာတွင် အသီးများ နီလာသည်အထိထားပြီး အညှာကိုချွေပြီး အဝတ်အိတ်တွင် ထည့်ပြီး တစ်ပတ်မှ ဆယ်ရက်ကြာရေစိမ်ပါ။ အညှာ၊ အခွံ နှင့် အသားများကို သေချာရေဆေးပြီး ဖယ်ရှားပြီး နေလှန်းပါ။ အသီးခိုင် ၃၅၀ မှ ငရုပ်ကောင်းအဖြူစေ့ ၁၀၀ ဂရမ် ရရှိနိုင်သည်။
ဦးမောင်မောင်ထွေး(အငြိမ်းစား ပါမောက္ခ)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more
U Maung Maung Htwe