အသံလှူကြရအာင်

18/12/2013 11:44 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြန်မာလူမျိုးများဟာ အလှူအတန်း ရက်ရောတယ်လို့ ထင်ရှားပါတယ်။ ဒါကြောင့် အခုထူးခြားတဲ့ အလှူဒါနလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒီအလှူက ငွေကြေးအကုန်အကျလည်း မရှိပါဘူး။ ကိုယ့်ရဲ့့အားလပ်ချိန်လေးမှာ တတ်နိုင်သလောက် လုပ်သွားလို့ရပါတယ်။ အချိန်လေးနည်းနည်းလောက် ပေးနိုင်ရင်ရပါတယ်။ အဲဒါကတော့ ရန်ကုန်၊ မျက်မမြင်ကျောင်း(ခဝဲခြံ)က မျက်မမြင်တွေအတွက် အသံအလှူဒါနပါ။ မျက်မမြင်ကျောင်း(ခဝဲခြံ)မှာ ဒီနှစ် မူလတန်းကနေ အထက်တန်းအဆင့်အထိ ကျောင်းသားရ၁ဦးရှိပြီး အသက်မွေးဝမ်းကျောင်း လက်မှုပညာသင်ကြားနေတဲ့ ကျောင်းသား ၇၉ဦးရှိပါတယ်။ အဲဒီ မျက်မမြင်ကျောင်းသားတွေ ဖတ်နိုင်အောင်လို့စီမံထားတဲ့ မျက်မမြင်စာအုပ်တွေရှိပေမဲ့ စာအုပ်အထူကြီးတွေ၊ လုံးချင်းဝတ္တုတွေကို မျက်မမြင်စာအုပ်ထုတ်ဖို့ အခက်အခဲရှိပါတယ်။ အဲဒါကြောင့် Talking Bookအဖြစ်နဲ့ ထုတ်ဝေဖို့စီစဉ်တာပါ။ လစဉ်ထုတ်မဂ္ဂဇင်းတွေ၊ စာစောင်တွေ၊ သုတရသစာအုပ်တွေကို မျက်မမြင် ကျောင်းသားတွေအတွက် Talking Bookအဖြစ် ပြောင်းလဲထုတ်ပေးပါတယ်။ အဲလိုမျိုး Talking Book တွေ ထုတ်ပေးတဲ့နေရာမှာ ကျောင်းမှာရှိတဲ့ ဝန်ထမ်းအင်အားနဲ့ မလုံလောက်တဲ့အတွက် အသံအလှူရှင်တွေ ဖိတ်ခေါ် ထားပါတယ်။ အသံအလှူရှင်တွေအနေနဲ့ ကိုယ်အားတဲ့အားလပ်ရက်တွေမှာ ကျောင်းမှာရှိတဲ့ အသံသွင်းခန်းမှာသွားရောက်ပြီး အသံဒါနပြုနိုင်ပါတယ်။ Talking Bookအဖြစ် ပြောင်းလဲပေးရမယ့် စာအုပ်တွေလည်း ကျောင်းမှာအဆင်သင့်ရှိနေပါတယ်။ အသံအလှူရှင်တွေအနေနဲ့ ကိုယ်ပေးနိုင်တဲ့ အချိန်ပေါ်မှာမူတည်ပြီး ဆောင်းပါးတစ်ပုဒ်ချင်း၊ ဝတ္ထုတစ်ပုဒ်ချင်းကစပြီး လုံးချင်းစာအုပ်တွေအထိ ဖတ်ပေးနိုင်ပါတယ်။ မျက်မမြင်ကျောင်းကို မသွားရောက်နိုင်တဲ့ အလှူရှင်တွေအနေနဲ့ ကိုယ်တိုင်အသံသွင်းပြီး အသံဖိုင်ကို လှူဒါန်းနိုင်ပါတယ်။ အဲလိုမျိုး လှူဒါန်းမယ်ဆိုရင် အသံအရည်အသွေး ကောင်းမွန်ဖို့ ဂရုစိုက်ရပါမယ်။ အသေးစိတ် သိချင်တာပဲဖြစ်ဖြစ်၊ ဆက်သွယ်လှူဒါန်းချင်ရင်ပဲဖြစ်ဖြစ် ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ) အမှတ် – ၁၆၅၊ ဗဟိုလမ်း ၂ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၆၆၁၆၈၉၊ ၆၆၂၀၃၄၊ အီးမေးလ် mcfb@mptmail.net.mmကို ဆက်သွယ်နိုင်တယ်။ www.mcfblind.com ဝက်ဘ်ဆိုက်မှာလည်း လေ့လာနိုင်ပါတယ်။ မဆီမဆိုင်ပဲပြောရမလား …. အဆိုတော် လေးဖြူရဲ့ “သင်၏နားကိုငှားပါ”ဆိုတဲ့ သီချင်းလေးကို သတိရမိလို့ ကျနော့်အနေနဲ့ “သင့်မျက်လုံးကို ငှားပါ” လို့ ပြောလိုက်ချင်ပါတယ်။

Credit to Thet Tun


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်