စိုက်ပျိုးရေးက မည်သူမဆို ငွေကုန်ခံနိုင်ရင် အောင်မြင်အောင်လုပ်နိုင်ပါတယ်။ သွင်းအားစုများများ ကောင်းကောင်းသုံးရင်ပေါ့။ ဒါပေမယ့် ကိုက်အောင်၊ အကျိုးရှိ အမြတ်ရအောင်လုပ်ဖို့ကတော့ တော်တော်ခက်လှပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်နည်းနည်းနဲ့ အကျိုးရှိမယ့် မြေသြဇာလုပ်နည်းတွေ ရှိထား သိထားသင့်လှပါတယ်။
"အလွယ်ဆုံး သဘာဝမြေသြဇာအရည်ပြုလုပ်နည်း"
- နွားချေး တစ်ပိဿာနဲ့ ကြက်ချေးတစ်ပိဿာ (လင်းနို့ချေးပိုကောင်း)ကို အဝတ်ပါးပါး (သို့) ငါးဖမ်းတဲ့ ဇန်ပိုက်စိပ်ထဲကိုထည့်ပြီး ထုပ်ပါ။
- အဲဒီအထုပ်ကို စဉ့်အိုး၊ မြေအိုး၊ ပလက်စတစ်ပုံးထဲသို့ ရေ(၈)ဂါလံဖြင့် ထည့်စိမ်ပါ။
- (၃) ရက်ကြာစိမ်ပြီးတဲ့အခါ နွားချေး၊ ကြက်ချေးအထုပ်ကို ဆယ်ယူလိုက်ပါ။ ကျန်နေတဲ့အရည်ဟာ သဘာဝမြေသြဇာတွေဖြစ်ပါတယ်။ စိုက်ခင်းထဲတွင် အပင်များလောင်းပေးပါ။
အရွက်စားအပင်များ (ဥပမာ - ဆလပ်ရွက်၊ မုံလာရွက်)တွင် သုံးမယ်ဆိုရင် နွားချေးတစ်မျိုးတည်းအသုံးပြု၍ မြေသြဇာအရည်ပြုလုပ်ပါ။
စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ မိတ်ဆွေများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
အဆင်ပြေအောင်မြင်နိုင်ပါစေ...
ရဲနိုင်ဝင်း
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more