ကျန်းမာရေးနှင့်လည်းညီညွတ် စီးပွားရေးတွက်ခြေကိုက်သော ရုံးပတီစိုက်ပျိုးခြင်း

24/04/2020 12:30 PM တွင် ကိုအံ့ထက်ကျော် ကိုအံ့ထက်ကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြေပြုပြင်ခြင်း

မြေကြီးသည် အပင်တစ်ပင်၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်သလို ဖောင်ဒေးရှင်းတစ်ခုလည်းဖြစ်သည်။

သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာများ သုံးစွဲမှုနည်ပါးလာခြင်းသည်လည်း အပင်များ ရောဂါဒဏ်၊ ရာသီဒဏ်၊ ပိုးမွှားဒဏ်များကို ခံနိုင်ရည်နည်းပါးလာနိုင်သည်ကို သတိပြုသင့်သည်။

ယခုလက်ရှိ တောင်သူတော်တော်များများမှာ သဘာဝမြေသြဇာထက် ဓာတုမြေသြဇာများကိုသာ အလွန်အကျွံအသုံးပြုနေကြောင်း တွေ့ရသည်။ မျှတသော အသုံးပြုမျိုးကို မတွေ့ရပေ။

. မြေချဉ်ငန်ဓာတ် PH ဆိုးဝါးစွာကျဆင်းနေသော မြေကြီးများအတွက် ထုံးအသုံးပြုပါ။

. နွားချေး (သို့) ကြက်ချေး တိရစ္ဆာန်စွန့်ပစ်မြေဆွေးများ နှစ်တောင်လျှင် တစ်ပြည်နှုန်း ထည့်သွင်းပါ။

. သဘာ၀/ ဇီဝမြေသြဇာ များများအသုံးပြုခြင်းသည် ဗိုင်းရပ်ရောဂါ/ ပိုးမွှားရောဂါ များ ကို ပိုမို၍ သိသိသာသာ ခံနိုင်ရည်ရှိသည်။

စိုက်ဘောင် ပြုလုပ်ခြင်း 

၃ ပေအကျယ် ၁ ပေ အမြင့် (ခြောက်သွေ့ နွေရာသီ  ၉ လက်မ) အရှည် (အရှိ) ခြေသွား မြောင်း တစ်ပေခွဲပုံစံအတိုင်း စိုက်ဘောင်နှင့် ခြေသွားမြောင်းများပြုလုပ်ပါ ( ဤတွင် စိုက်ဘောင်သည် မြင့်၍ သဘာ၀/ ဇီ၀မြေသြဇာ များများထည့်လေ အပင်တွက်အကျိုးများလေ ဖြစ်သည်) 

စိုက်ဘောင်ပြုလုပ်ခြင်းသည် လက်တလောတွင် အလုပ်ရှုပ်သည်ဟု ထင်ရသော်လည်း ရေရှည်တွင်မူ  အားသာချက်များစွာပေးသည်။ မှန်ကန်သော စိုက်ဘောင်နှင့် ပင်ကြား တန်းကြားသည် အလွန်အရေးကြီးသည်ကို သတိပြုစေလိုသည်။

မြေခံမြေသြဇာထည့်သွင်းခြင်းနှင့် ပင်ကြားတန်းကြား

အနံ ၃ ပေ ဘောင်ပေါ်တွင် နှစ်တန်းသွား စိုက်ပျိုးပါ။ ‌ဘောင်အစပ် မှ ၆ လက်မ ၇ လက်မ ခွာပါ။

ပင်ခြား ၂ ပေ - ၃ပေ 

တန်းခြား ၂ ပေ ၀န်းကျင်  ( ဖိုခနောင့်ဆိုင် )

‌စိုက်ဘောင် အလျှား ၆ ပေအနံ ၃ ပေ ဘောင်အတွက် 

နောက်ချေး မြေဆွေး ၂ ပြည် - ၄ ပြည် + ၁၅ ပတ်လည် (သို့) အနည်းလိုအဟာရများပါ၀င်သော မြေသြဇာ  ၆ ဇွန်းနှုန်းထည့်သွင်းပြီး  အထက်အောက် သမအောင်မွှေကာ အစိုဓါတ် ရရှိအောင်ပြုလုပ် (ရေနိုင်နိုင်ပေး )၍ နှပ်ထားပါ။ စိုက်ဘောင်အတွင်း၌ ကြီးမားသော မြေစိုင်ခဲများ ပါ၀င်ခြင်းမရှိစေရန် အထူးသတိပြုပါ။

စိုက်ဘောင်ပေါ် ပလတ်စတစ် ဖုံးအုပ်ခြင်း

ကောင်းစွာပြုပြင်၍ မြေခံမြေသြဇာများနှပ်ထားသော မြေအား ဘောင်မျက်နှာပြင်နှင့် ဘောင်အ၀န်ဝိုင်း ညီညာမှုရှိစေရန် အရင်မြေညှိပါ။ ဝါး၊ သစ်သားတုံးများအသုံးပြု၍ 

ဘောင်ပေါ်တွင် လေခိုအောင်းမှုမရှိစေရန် မြေဆိုင်ခဲများကို ဖယ်ရှားပါ။ ဤအချက်သည် ပလတ်စတစ်အုပ်ရာတွင် အထူးသတိပြုရမည့်အချက် ဖြစ်သည်။ မိုးနှင့် ဆောင်းရာသီတွင် အထူးပြဿနာမရှိသော်လည်း နွေရာသီတွင် အပင်ငယ်စဉ်၌ များစွာပြဿနာရှိသည်။ ပလတ်စတစ်အား ငွေ/ခဲ ရောင်အား အပေါ်ဘက်တွင်ထားပြီး ပလတ်စတစ် တင်းနေစေရန် လက်ဖြင့်ဆွဲ၍ဖိပါ။ ထိုသို့အုပ်ရာတွင် ပလတ်စတစ်နှင့် မြေကြီးအကြား လေခိုအောင်းမှုမရှိစေရန် အထူးသတိပြုပါ။

၆ - ၈ လက်မခန့်ရှိသော ဝါးချောင်းလေးများဖြင့် ထိုးစိုက်ကုတ်တွယ်ပါ (သို့) ‌မြေကြီး ဖုံး အုပ်ပါ။

ပလတ်စတစ်အုပ်ခြင်း၏ အားသာချက်

၁. မြေဆီလွှာသိပ်သည်းမှုကို ကာကွယ်ခြင်း

၂. ရေ၀ပ်မှုလျှော့နည်းခြင်း 

၃. မြေသြဇာ ဆုံးရှုံးလေလွင့်မှုနည်းပါးခြင်း

၄. ပေါင်းမြက်ပေါက်ရောက်မှု မရှိခြင်း(မြက်မုန်ညင်း၊ ကျူပင်များမှလွဲ၍)

၅. စုပ်စားပိုးကျရောက်မှု လျှော့နည်းခြင်း

၆. အပင်ကြီးထွားမှု ပိုမိုကောင်းမွန်ခြင်း

၇. သုံးရာသီ ဆက်တိုက်အသုံးပြုနိုင်ခြင်း 

၈. စိုက်ခင်းအထွက်နှုန်း တိုးတတ်ကောင်းမွန်၍ ရေရှည်ခူးဆွတ်ရခြင်း

ပလတ်စတစ်အုပ်ခြင်း၏ စိန်ခေါ်မှုများ

- ကနဦးကုန်ကျစရိတ် များပြားခြင်း

- ခြောက်သွေ့ရာသီတွင် မှန်ကန်သောရေပေးသွင်းမှုများ လိုအပ်ခြင်း 

- မှိုနှင့် ဘတ်တီးရီယားများရှိနေပြီးသောမြေတွင် မြေဆောင်ရောဂါများကို ပိုမိုဆိုးဝါးစေနိုင်ခြင်း 

- စနစ်တကျ ပြန်လည်သိမ်းဆည်းခြင်း မရှိပါက မြေဆီလွှာကို ပျက်ဆီးစေခြင်း

ကောက်ရိုးဖုံးအုပ်ခြင်း

မြေပြုပြင်ထားသော ဘောင်ပေါ်ကို ကောင်းမွန်သောအစိုဓာတ်ရရှိစေရန် ရေပေးပြီးနောက်ကောက်ရိုးထူထူ ၂ - ၄ လက်မခန့် ဖုံးအုပ်လိုက်ပါ။

ထို့နောက် စိုက်ပျိုးရန်အတွက် အ၀ကျယ်သောကျင်းများ လုပ်ဆောင်ပါ။ ဤတွင် ပျိုးပင်သည် ကောက်ရိုးဖြင့်မထိသည့် အနေအထားဖြစ်ရမည်။ 

ကောက်ရိုးဖုံးအုပ်ခြင်း၏ အားသာချက်များ 

- ပူပြင်းသောရာသီတွင် မြေကြီးကို အအေးဓာတ်ရရှိစေခြင်း

- အစိုဓာတ်ထိန်းခြင်း

- မိုးရေတိုက်ရိုက်ထိမှန်မှုမှ ကာကွယ်ခြင်း 

- ပေါင်းပေါက်ရောက်မှု လျှော့နည်းစေခြင်း

- မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှု ကောင်းမွန်ခြင်း

- အပင်ကြီးထွားမှု ပိုမိုကောင်းမွန်ခြင်း

ကောက်ရိုးအုပ်ခြင်း၏ စိန်ခေါ်မှုများ 

- အစိုဓာတ်များလွန်းချိန်တွင် ကောက်ရိုးနှင့်ပင်စည် ထိနေပါက ပင်ခြေပုပ်ရိနိုင်ခြင်း၊ ကြွက်၊  ကြက်၊ ပရစ် စသည့်ပိုးမွှားတိရစ္ဆာန်တို့၏ နှောက်ယှက်ဖျက်ဆီးမှုကို ရင်ဆိုင်ရဖွယ်ရှိခြင်း

- မျိုးစေ့အား မှိုသတ်ဆေး၊ ပိုးသတ်ဆေး ( အေမီဒါကလိုပရစ် ) ထပ်မံ၍ လူးနယ်အသုံးပြု ပါ

- အစိုဓာတ်မပြတ်ရန် သတိပြုပါ

- ရေမနည်းလွန်း မများလွန်းရန် သတိပြုပါ

မြေသြဇာ ထည့်သွင်းကျွေးမွေးခြင်း

အပင်ပေါက်ပြီး ၁၀ ရက်_၁၂ ရက်အကြာ 

အမြစ်ထိပ်ဖျားအနီး (၅ - ၆ လက်မ၀န်းကျင်) တစ်လက်မအနက်တွင် ကွန်ပေါင်း ၁၅ ပတ်လည် ၅ ဂရမ်( မြင်းခေါင်းဇွန်း တစ်၀က်ခန့် ကျွေးပါ)

အပင်ပေါက်ပြီး ရက်၂၀ ၀န်းကျင်

အမြစ်ထိပ်ဖျားအနီး (၅ - ၆ လက်မ၀န်းကျင်) တစ်လက်မအနက်တွင် ကွန်ပေါင်း ၁၅ ပတ်လည် ၅ ဂရမ်( မြင်းခေါင်းဇွန်း တစ်၀က်ခန့် ကျွေးပါ)

အပင်ပေါက်ပြီး ရက် ၃၀ ၀န်းကျင်

အမြစ်ထိပ်ဖျားအနီး( ၉ လက်မ ) (နှစ်ပင်အလယ်) တစ်လက်မအနက်တွင် ယူရီးယား  ၁၀ ဂရမ်( မြင်းခေါင်းဇွန်း တစ်၀က်ခန့် ကျွေးပါ)

အပင်ပေါက်ပြီး ရက် ၄၀ ၀န်းကျင်

အမြစ်ထိပ်ဖျားအနီး (၉ လက်မ) (နှစ်ပင်အလယ်) တစ်လက်မအနက်တွင် ကွန်ပေါင်း ၁၅ ပတ်လည် ၁၀ ဂရမ်( မြင်းခေါင်းဇွန်း တစ်၀က်ခန့် ကျွေးပါ)

စခူးချိန်မှစ၍ ၈ ရက် ၁၀ ရက်ခြား တစ်ခါ

နှစ်ပင်အလယ်တွင် ကွန်ပေါင်း ၁၅ ပတ်လည် + ပိုတက် (သို့) ကွန်ပေါင်း ၁၅ ပတ်လည်+ ယူရီးယား ဆတူရော၍ တစ်လှည့်ဆီ ၁၀ ဂရမ် ထည့်သွင်းပါ။

#မြေဆီထည့်သွင်းပြီးချိန်တွင်လုံလောက်သောအစိုဓာတ်ရရှိရန်လိုအပ်

အထွက်ကောင်းရရှိစေရန်

- ကောင်းမွန်စွာ ထွန်ယက်စိုက်ပျိုးပါ။

- ကျန်းမာသန်စွမ်းသော ပျိုးပင်များ အသုံးပြုပါ။

- မှန်ကန်သော ပင်ကြားတန်းကြားဖြင့် စိုက်ပျိုးပါ။

- မြေအစိုဓာတ် ကောင်းစွာထိန်းသိမ်းပါ။

- ရေမဝပ်ရန် သတိပြုပါ။

- မြေသြဇာနှင့် ပိုးသတ်ဆေးများ မှန်ကန်စွာအသုံးပြုပါ။

- မျိုးရင်းမတူသည့်သီးနှံများ သီးလှည့်စိုက်ပျိုးပါ။

- ရောဂါပြန့်ပွားမှုကာကွယ်ရန် စိုက်ကွင်းထဲရှိအပင်များနှင့် ပေါင်းပင်များကို ဖယ်ရှားပါ။

- စိုက်ကွင်းသန့်ရှင်းရေးကို အမြဲပြုလုပ်ပါ.( ဆေးဖျန်းခြင်းထက် ပိုမိုထိရောက်)

- ဆေးဝါးသုံးစွဲမှုတစ်ခုတည်း အားကိုခြင်း ရှောင်ကျဉ်ပါ။

ဆေးဝါးများ သုံးစွဲခြင်း 

ပိုသတ်ဆေး၊ မှိုသတ်ဆေး ခံနိုင်ရည်ရှိသော မျိုးစိတ်များမပေါ်ပေါက်စေရန် ဆေးတစ်မျိုးမျိုးတည်ကို စွဲမြဲစွာအသုံးပြုခြင်းကို ရှောင်ရှားပါ။ ဆေးများကို အလှည့်ကျ အသုံးပြုပါ။

- ဗိုင်ရပ်ရောဂါကျရောက်မှုကာကွယ်ရန် စုပ်စားပိုး သတိပြုပါ။

- ရောဂါရအပင်များနှင့် အသီးများကို စိုက်ခင်းအတွင်းမှ ဖယ်ရှားပါ။

အဓိက ဖျက်ပိုးများ

၁. ယင်ဖြူ

၂. ဖြုတ်စိမ်း

၃. ပျ

၄. မွှားပင့်ကူ

၅. သရစ် (ခ) လှေး

၆. သီးလုံးဖောက်ပိုး

အဓိကရောဂါများ

၁. စာကိုစပိုးရားရွက်ပျောက်ရောဂါ

၂. ဖားဥမှိုရောဂါ

၃. ခါးရိရောဂါ

၄. ပင်ညိုး ရောဂါ

အဓိက ဗိုင်းရပ်ရောဂါများ

၁. အ၀ါရောင်မိုစေ့ဗိုင်းရပ်ရောဂါ

၂.  Leaf Curl Virus (အသစ်) ELCV virus အီနေးရှင်းရွက်တွန့်လိမ် ဗိုင်းရပ်ရောဂါ

ပိုးသတ်ဆေး

အသုံးပြုနိုင်သောဆေးများ

ဆေးအစစ်

1.Dinotefuran ဒိုင်နုတ်ဖျူရမ် (စုပ်စားပိုး+ရွက်ထွင်းပိုး)

2.Thiamethoxam သိုင်ရာမီသိုဇမ် (စုပ်စားပိုး)

3.Imidachloprid အင်မီဒါကလိုပရစ် (စုပ်စားပိုး)

4.Abamatin အဘာမက်တင် (စုပ်စားပိုး+လောက်ကောင်+ရွက်ထွင်းပိုး +ကျိုင်းကောင်+ မွှားပင့်ကူ )

5.lambda_cyhalothrin လန်ဒါ_ ဆိုင်ဟလိုသရင် (လောက်ကောင်+ရွက်ထွင်းပိုး)

6.Fipronil ဖစ်ပရိုနေး (စုပ်စားပိုး+လောက်ကောင်+ရွက်ထွင်း)

7.Chlorpyrifos ကလိုပိုင်ရီဖော့ (စုပ်စားပိုး+လောက်ကောင်+ရွက်ထွင်းပိုး +ကျိုင်းကောင်)

8.Acetamiprid အေတမီပရစ် (စုပ်စားပိုး+ရွက်ထွင်း)

9.Cartap Hydrochloride ကာတပ် ဟိုက်ဒရိုကလိုရိုက် (စုပ်စားပိုး+လောက်ကောင်+ရွက်ထွင်း)

10.Indoxacarb အင်ဒိုဇာကပ် ( လောက်ကောင်+ရွက်ထွင်းပိုး +ကျိုင်းကောင် )

မှိုရောဂါဆေးများ

Chlorothalonil.... Mancozab ကလိုရိုသာလိုနေး မန်ကိုဇက် (ကာကွယ်ဆေး ရောဂါတော်တော်များများ)

Azystrobin အဇီစထိုဘင် ( ကာကွယ် ကုသ  ရောဂါတော်တော်များများ )

Metalaxyl မီတာလဇိုင် (ကုသဆေး ရောဂါတော်တော်များများ)

Carbendazim ကာဘန်ဒါဇင် (ရောဂါတော်တော်များများ) 

sulphur ဆာလ်ဖာ (ဖားဥ + မွှားပင့်ကူ )

Dimethomorph. ဒိုင်မီသိုမော့ (ကုသ ရောဂါတော်တော်များများ) 

Trifloxystrobin ထရိုင်ဖလောက်ဇီစထရိုဘင် (ကုသ ဖားဥ မှဲ့ပြောက်)

Hexaconazole ဟက်ဇာကိုနာဇိုး (ကုသရောဂါတော်တောများများ)

Fosetyl – Aluminium ဖော့စ်တိုင် အလူမီနီယမ် ( ခါးရိ ရောဂါ)

အထူးသတိပြုရန်

၁. ဓာတုဆေးများကို လိုအပ်မှအသုံးပြုပါ။ 

၂. အပင်ပေါက်ချိန်မှစ၍ စုပ်စားပိုး အထူးသတိပြုပါ။

၃. ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများကိုသာ  အသုံးပြုပါ။

၄. အရွက်များ ပုံမှန်လက္ခဏာရှိမရှိ အမြဲစစ်ဆေးပါ။

၅. အစာ တောင့်တောင့်တင်းတင်းကျွေးပါ။

၆. ရောဂါကာကွယ်ကုသဆေးများကျွေး၍ စနစ်တကျ ကြိုတင်ကာကွယ်ပါ။

၇. အပင်တွင် မလိုအပ်သော အစိတ်အပိုင်းများကို မကြာခဏ ရှင်းလင်းဖယ်ထုတ်ပါ။

၈. တစ်ပင်လျှင် သားတက် ၃ - ၄ ခု ထက်ပိုမထားပါနှင့်။

၉. တစ်ကျင်းလျှင် တစ်စေ့စီစိုက်၍ ပျိုးဘန်းများဖြင့် အပိုပျိုးထားပါ(နှစ်စေ့ထည့်ပါကတစ်ပင်ကိုမှုန်းနိုင်)

၁၀. ပုရစ်၊ ခရု ကိုက်ဖြတ်ဝါးစားအကောင်များ အပင်ပေါက်ပီးချိန်တွင် သတိပြုပါ။

အံ့ထက်ကျော်

Reference

EWS စိုက်ပျိုးနည်းလမ်းညွန်များ

AESA

plantvillage.psu.edu

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်