အာဟာရပြည့် လက်ဖက်ကြက်ဥပြုတ်

04/09/2021 13:00 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    ကြက်ဥပြုတ်ကို အခုလို ကိုဗစ်ရောဂါတွေဖြစ်နေတဲ့ကာလမှာ စားသုံးပေးဖို့ ဆရာဝန်တွေက တိုက်တွန်းကြပါတယ်။ ​ကြက်ဥဟာ စျေးနှုန်းသင့်တင့်တဲ့အပြင် အာဟာရတွေများစွာပါပြီး အဆုတ်ကိုလည်း သန့်စင်ပေးတာကြောင့် ဘက်ဂျက်ချွေတာရာရောက်တဲ့အပြင် ကျန်းမာစေဖို့လည်းစားပေးရပါမယ်။

    ကြက်ဥပြုတ်ကို နေ့တိုင်းစားလို့ ရိုးအီနေတဲ့လူတွေအတွက် လက်ဖက်ကြက်ဥလုပ်နည်းလေးကိုရေးသားပေးလိုက်ပါတယ်။ လက်ဖက်ကြက်ဥဆိုတာ လက်ဖက်ခြောက်နဲ့ ကြက်ဥကို အဓိကထား ပြုတ်တာပါ။ သို့သော် ပိုမိုအရသာရှိရန် အခြားအမယ်များထပ်ပေါင်းကာ အာဟာရရှိပြီးစားကောင်းသည့် စားစရာအဖြစ် ဖန်တီးယူနိုင်ပါတယ်။

လက်ဖက်ကြက်ဥလုပ်ရန်

(၁) ကြက်ဥ ၅ လုံး

(၂) လက်ဖက်ခြောက်အခါးထမင်းစားဇွန်း ၂ ဇွန်း

(၃) လက်ဖက်ခြောက်အချိုထမင်းစားဇွန်း ၁ ဇွန်း

(၄) ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၅ ဇွန်း

(၅) ပဲငံပြာရည် အနောက်ထမင်းစားဇွန်း၂ ဇွန်း (ကြာညို့)

(၆) အချိုမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်း

(၇) သကြား ထမင်းစားဇွန်းတစ်ဝက်

(၈) သစ်ဂျပိုးခေါက်တစ်ခေါက်

(၉) နာနတ်ပွင့် တစ်ပွင့်

(၁၀) ဟွာကျောင်းစေ့အနည်းငယ်တို့လိုပါသည်။

    ဟွာကျောင်းဆိုသည်မှာ တရုတ်ဟင်းလျာများနှင့် မာလာရှမ်းကောတို့တွင်ပါသော အထုံစေ့များဖြစ်ပါသည်။ နာနတ်ပွင့်နှင့် ဟွာကျောင်းကို မထည့်လည်းရပါသည်။ အချိုးအစားကိုပုံသေမဟုတ်ဘဲ မိမိနှစ်သက်သလိုပြောင်းလဲနိုင်ပါသည်။

    ပထမဦးစွာ ကြက်ဥများကို ရေဆေးကာ ၅ မိနစ်ခန့်ပြုတ်ပါ။ ရေဆူပြီးနောက်ဆယ်ကာ ကြက်ဥများကို အခွံအက်ကွဲရာထင်စေရန်ဇွန်းဖြင့်အခွံကိုခေါက်ပါ။ လက်ဖက်ခြောက်နှင့် ပါဝင်သောအရာအားလုံးကို ရေတွင်ထည့်ကာ အရင်တည်ထားပါ။ ထို့နောက် အခွံအပ်ကွဲရာပေးထားသော ကြက်ဥပြုတ်များကို ထိုလက်ဖက်ခြောက်ရည်ထဲတွင် ဆယ့်ငါးမိနစ်ပြုတ်ပါ။ ထို့နောက် မီးပိတ်ပါ။ ပြီးလျှင် ခနအဖုံးဖွင့်အအေးခံကာ ဆယ့်ငါးမိနစ်ထပ်ပြုတ်ပါ။ လက်ဖက်ခြောက်အရည်များကြက်ဥထဲသို့ဝင်ပါက ပိုမိုအရသာရှိသောကြောင့် နှစ်ကြိမ်ပြုတ်ခြင်းဖြစ်ပါသည်။

    နှစ်ကြိမ်ပြုတ်ပြီးပါက အညိုရောင်သန်းပြီး အရသာရှိသော လက်ဖက်ကြက်ဥကို စားနိုင်ပြီဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော အရသာရစေရန် ထိုလက်ဖက်ပြုတ်ရည်ထဲတွင် ကြက်ဥများကို တစ်ညလုံးစိမ်ကာ မနက်မှစားနိုင်ပါသည်။ သို့မဟုတ် ရေခဲသေတ္တာရှိပါက ရေခဲသေတ္တာတွင် သုံးလေးရက်စိမ်ကာစားလျှင် ပိုမိုကောင်းမွန်သောအရသာကို ရမည်ဖြစ်ပါသည်။

    အာဟာရပြည့်ဝရကာ လုပ်ရလွယ်ကူရိုးရှင်းသော လက်ဖက်ကြက်ဥကို အသစ်အဆန်းအနေဖြင့် စားသုံးနိုင်ရန်ရေးသားလိုက်ရပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်