အိပ်ခါနီး မစားသင့်တဲ့ အစားအစာ (၈) မျိုး

04/11/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

      ညလေး နည်းနည်း နက်လာပြီ ဆိုတာနဲ့ ဗိုက်ဆာ လာတတ်ပါတယ်။ ညစာစားပြီးချိန် နည်းနည်းလေး ကြာပြီဆိုတာနဲ့ ဗိုက်ပြန်ဆာကြတာ လူတိုင်းနီးပါးပါပဲ။ အဲ့ဒီ အချိန်ဆို ရေခဲသေတ္တာ ဖွင့်မယ်၊ ကြောင်အိမ် ဖွင့်မယ်နဲ့ စားစရာ ရှာတတ်ကြပါပြီ။ ညလယ်စာ စားချိန်မှာ စားလိုက်တဲ့ အစားအစာဟာ ခန္ဓ္ဓာကိုယ်အတွက် အရေးကြီးပါတယ်။ ဒါကြောင့် ညလယ်စာ စားတဲ့အခါ မစားသင့်တဲ့ အစားအစာတွေကို သိထားသင့်ပါတယ်။

၁။ အနီရောင် ရှိသော အသား

      အနီရောင် ရှိတဲ့ အသားတွေဆိုတာ မြန်မာပြည်မှာတော့ ဝက်သားတို့ အမဲသားတို့ပဲ စားကြတာ များပါတယ်။ ဝက်သားကင်လေးဖြစ်ဖြစ် အမဲသားကြော်လေး ဖြစ်ဖြစ် စားလိုက်ရရင် အတော် အရဿ ရှိမှာပါ။ ဒါပေမယ့် ညလယ်စာ အနေနဲ့တော့ မစားမိပါစေနဲ့။ အနီရောင်ရှိတဲ့ အသားတွေဟာ ခန္ဓ္ဓာကိုယ်ရဲ့ သဘာ၀ ဖြစ်စဉ်တွေကို ကန်ထုတ်ပစ်ပါလိမ့်မယ်။ အိပ်မပျော်စေဘဲ နောက်နေ့တွေမှာလည်း စိတ်မကြည်မသာ ဖြစ်စေပါလိမ့်မယ်။

၂။ ဟင်းသီးဟင်းရွက်

      အသီးအရွက်တွေဟာ ခန္ဓ္ဓာကိုယ် အတွက် အကောင်းဆုံး အစားအစာတွေပါ။ အိပ်ခါနီး စားရင်လည်း ကျန်းမာရေးနဲ့ ညီတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ မှားပါတယ်။ အသီးအရွက်တွေဟာ အမျှင်ဓာတ် ပမာဏ အများအပြား ပါဝင်တဲ့ အတွက် အစာကြေမှု စနစ်ကို နည်းနည်းပဲ လုပ်ဆောင်ပါတယ်။ ညလယ်စာ အနေနဲ့ စားမိလိုက်ရင် သင့်ကို နိုးကြွစေပြီး အိပ်မရတဲ့ ညတစ်ည ဖြစ်သွားပါလိမ့်မယ်။

၃။ Chips

      ညဘက်တွေမှာ အများဆုံး စားဖြစ်တာက အာလူးကြော်တွေနဲ့ တခြား ဆီကြော်မုန့်တွေပါပဲ။ ဝိတ်ထိန်းနေသူတွေ ဆိုရင်တော့ လုံး၀ ရှောင်ကျဉ်သင့်တဲ့ အစားအစာပါ။ အစာကြေမှုကို နှောင့်ယှက်ပြီး အိပ်မပျော်တာ ခေါင်းမကြည်တာတွေနဲ့ တွေ့ကြုံရပါလိမ့်မယ်။

၄။ ရေခဲမုန့်

      ရေခဲသေတ္တာကို ဖွင့်လိုက်ချိန်မှာ အစွဲဆောင်ဆုံးက ရေခဲမုန့်တွေပါ။ ညဘက် ရုပ်ရှင်ကြည့်ရင်း စားရင်လည်း တော်တော် အဆင်ပြေပါတယ်။ ဒါပေမယ့် ကျန်းမာရေး အတွက်ကတော့ အဆင်မပြေစေပါဘူး။ ရေခဲမုန့်မှာ သကြားဓာတ်နဲ့ အဆီတွေ အများကြီး ပါဝင်တဲ့ အတွက် မအိပ်ခင် စားမယ်ဆိုရင် ခန္ဓ္ဓာကိုယ်ဟာ အဆီတွေကို ချေဖျက်ပေးဖို့  ခက်ခဲပါလိမ့်မယ်။ ဝိတ်တက်လာစေတဲ့ အကြောင်းအရာထဲက တရားခံ တစ်ခုပေါ့။

၅။ ပီဇာ

      ရေခဲသေတ္တာထဲမှာ ဝယ်ထားတဲ့ ပီဇာ တစ်ပိုင်း ကျန်လို့ ညအိပ်ခါနီးမှ စားမယ်ဆိုတဲ့ အတွေးကို အဝေး ထုတ်ပစ်လိုက်ပါ။ မနက်မှ စားရင် ပိုအဆင်ပြေပါလိမ့်မယ်။ ညဘက်မှာ ပီဇာ စားခြင်းဟာ ဝိတ်ကို မတက်စေပေမယ့် နှလုံးနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ မကောင်းတတ်ပါဘူး။ အဓိကကတော့ အိပ်မပျော်စေတာပါ။

၆။ ချောကလက်

      ကဖင်းဓာတ် အများစုရဲ့ မူလရင်းမြစ်ဟာ ချောကလက်ကဆိုတာ လူတိုင်း နီးပါး မသိကြပါဘူး။ ညဘက်တွေ အိပ်မပျော်မှာ စိုးလို့ ကော်ဖီ မသောက်ဘူး ချောကလက်ပဲ စားတော့မယ်ဆိုတဲ့ လူတွေဟာ အနည်းငယ်တော့ မှားနေပါတယ်။ အိပ်မပျော်မှာ စိုးလို့ ကော်ဖီ မသောက်ရင် ချောကလက်ပါ မေ့လိုက်ပါ။ ပါဝင်တဲ့ ကဖင်းဓာတ်ဟာ အတူတူပါပဲ။

၇။ အရက်

      ညဘက်တွေမှာ ဝိုင်နီ ၂ခွက် သောက်ပေးခြင်းဟာ အဆီကျစေတယ်လို့ သိထားကြပါတယ်။ ဒါပေမယ့် အယ်ကိုဟောဓာတ် အများအပြား ပါဝင်ရင်တော့ မကောင်းတော့ပါဘူး။ ရင်ပူစေပြီး ခဏ ခဏ နိုးနေပါလိမ့်မယ်။ နောက်နေ့မှာတော့ မကြည်သာတဲ့ အချိန်တွေကို ရစေတတ်ပါတယ်။

၈။ ငရုတ်သီး

  ညဘက်တွေမှာ မြန်မာတွေကတော့ လက်ဖက်စားရင်း စားတာဖြစ်ဖြစ် တခြား အသုပ်တွေ စားလို့ပဲ ဖြစ်ဖြစ် ငရုတ်သီးကို စားဖြစ်ကြပါတယ်။ ငရုတ်သီးဟာ ကာဗွန်ဟိုက်ဒရိတ်ကိုတင် ဖြည့်တာမဟုတ်ဘဲ ကယ်လိုရီကိုလည်း မြင့်မားစေပါတယ်။ ညဘက်တွေမှာ စားမယ်ဆိုရင်တော့ ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ဘူးလို့ သုတေသီတွေက ပြောထားပါတယ်။

       မြန်မာပြည်အတွက် ထည့်ဖြည့်ချင်တာကတော့ လက်ဖက်ရည်၊ လက်ဖက်သုပ်တို့ပဲ ဖြစ်ပါတယ်။ မျက်စိကြောင်ပြီး အိပ်ချင်နေရင်တောင် လုံး၀ အိပ်မပျော်ဖြစ်စေတတ်လို့ပါ။ လှပတဲ့ အိပ်မက်တွေနဲ့ ပြည့်စုံတဲ့ ညလေးတွေကို ပိုင်ဆိုင်ကြပါစေ။

MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်