တောင်သူဦးကြီးများ၏ ရန်သူများနောက်ကွယ်မှ ကြိုးကိုင်သူတွေကို ရှာဖွေပါ

12/11/2020 12:45 PM တွင် သိင်္ဂီလှိုင် သိင်္ဂီလှိုင် မှ ရေးသား

    တောင်သူဦးကြီးများ၏ရန်သူများဟုဆိုလျှင် အပင်ဖျက်ပိုး၊ အပင်ရောဂါ၊ မြေဆီလွှာအာဟာရချို့တဲ့မှု၊ ရာသီဥတု၊ ဈေးကွက်...စသည်တို့ကို ပြေးမြင်မိမှာ အေသအချာပါပဲ။ ဒါပေမယ့် ကျွန်မတို့တောင်သူဦးကြီးတွေကရော ရန်သူတွေရဲ့နောက်ကွယ်က ကြိုးကိုင်နေသောအရာတွေကို မြင်မိပါသလား? တွေးမိပါသလား? စိတ်ဝင်စားကြပါသလား? 

    ကျွန်မအမြင်ဖြင့် ကောက်ချက်ချကြည့်ရရင်ဖြင့် ကျွန်မတို့တောင်သူဦးကြီးတွေဟာ ဈေးကွက်ပြဿနာရဲ့နောင်ကွယ်က ကြိုးကိုင်မှုမှာ ပိုမိုစိတ်ဝင်စားရှာဖွေနေကြတယ်လို့ထင်မြင်မိပါတယ်။ တခြားဖျက်ပိုး၊ ရောဂါ၊ မြေဆီလွှာ၊ ရာသီဥတု စတဲ့ရန်သူတွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ ကြိုးကိုင်မှုတွေကိုတော့ ရှာဖွေကြည့်ဖို့ မေ့လျော့နေတယ်ထင်ပါတယ်။ ဒါမှမဟုတ် ရန်သူတွေကိုဖြစ်ပေါ်စေတဲ့ နောက်ကွယ်က အကြောင်းတရားဆိုတဲ့ ကြိုးကိုင်မှုတွေရှိနေတယ်ဆိုတာကို မသိရှိကြသေးတာလား..?

    ကျွန်မတို့တောင်သူဦးကြီးတွေ ရှေ့ဆက်ပြီး  ဖွံ့ဖြိုးတိုးတက်သော၊ အကျိုးအမြတ်များသော စိုက်ပျိုးရေးအဖြစ် ရေရှည်လုပ်ကိုင်နိုင်ရန်မှာ စိုက်ပျိုးရေးကိုနှောက်ယှက်နေသော ရန်သူများ၏ နောက်ကွယ်အကြောင်းတရားတို့ကို သတိမူဖို့ အလွန်အင်မတန်လိုအပ်လာပါပြီ။

    ဒါကြောင့် ရန်သူတွေထဲမှ စပါးရောဂါတစ်မျိုးကိုဖြစ်စေသော နောက်ကွယ်ကအကြောင်းတရားတွေကို ဖော်ပြမှုဖြင့် ဥပမာပြပါရစေ။

    စပါးသီးနှံဖြစ်စေ၊ တခြား မည်သို့သောအပင်မျိုးမဆို ဖျက်ပိုးကျမှု၊ ရောဂါဖြစ်ပွားမှုတို့ အကြောင်းရင်းမှာ ရာသီဥတု၊ မျိုး၊ မြေဆီလွှာ စသည့်တို့၌ အဓိကအခြေခံပေသည်။ 

    လတ်တလော စပါးစိုက်တောင်သူများ မိုးစပါး၌ စပါးမှိုသီးရောဂါ ကျယ်ကျယ်ပြန့်ပြန့် ကျရောက်လာ၍ အထွက်နှုန်းနှင့် အရည်အသွေးကိုထိခိုက်နေသော အကြောင်းရင်းကို ခြုံငုံသုံးသပ်ရရင်ဖြင့် ပထမဆုံးအနေဖြင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည်လည်း စပါးမှိုသီးရောဂါကိုဖြစ်စေသော အကြောင်းရင်းတစ်ခုပါ။ ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးခေါင်ခြင်းနှင့် မိုးရေချိန်လက်မနည်းခြင်း များခြင်းတို့ကြောင့် စိုက်ပျိုးရေးကို အလွန်ထိခိုက်လာနေပါတယ်။ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စပါးစိုက်တောင်သူများအနေဖြင့် ယခု၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီတွင် မိုးနောက်ကျ၍ မိုးစပါးစိုက်ပျိုးပြီးစီးမှုမှာ ယခင်နှစ်များထက် တစ်လကျော်အထိ နောက်ကျခဲ့ရသည်။ စပါးမှိုသီးရောဂါအကြောင်း စစ်တမ်းကောက်အစီရင်ခံစာများမှ တွေ့ရှိချက်အရ စိုက်ပျိုးချိန်နောက်ကျသော စပါးများသည် စိုက်ပျိုးချိန်စောသောစပါးများထက် စပါးမှိုသီးရောဂါကျရောက်မှု ပိုမိုများကြောင်း တွေ့ရသည်။ ထို့ကြောင့် ရာသီဥတုဖောက်ပြန်၍ မိုးခေါင်ခြင်းသည် စပါးမှိုသီရောဂါကို ပိုမိုကျရောက်စေသော ပထမဆုံးအကြောင်းရင်းတစ်ခု ဖြစ်လာသည်။

    ဒုတိယအနေဖြင့် စပါးမှိုသီးရောဂါကိုဖြစ်စေသော အဓိကအကြောင်းရင်းမှာ ရောဂါဒဏ်ကို ခံနိုင်ရည်နည်းသောမျိုးများကြောင့်ဖြစ်သည်ဟု သုံးသပ်ချင်သည်။ ရေတာရှည်မြို့နယ်အတွင်း စိုက်ပျိုးထားရှိသော စပါးမျိုးများကို စစ်တမ်းကောက်၍ သုံးသပ်ရရင်ဖြင့် တစ်ရာသီမှ တစ်နှစ်၊ နှစ်နှစ်အတွင်း စတင်စိုက်ပျိုးလာသော မျိုးသစ်များတွင် စပါးမှိုသီးရောဂါကျရောက်ပြန့်ပွားမှု ပိုမိုများ၍ ၅ နှစ်မှ ၁၀ နှစ်ဝန်းကျင်ခန့် စိုက်ပျိုးလာသော ရတနာတိုး၊ ဗျော့ထွန်း၊ ကောက်ကြီးဘေးကြားကဲ့သို့မျိုးများမှာ ဒေသမျိုးများကဲ့သို့ဖြစ်လာကာ မှိုသီးရောဂါကျရောက်မှုမရှိကြောင်း တွေ့ရသည်။ စပါးမှိုသီးရောဂါပြန့်ပွားမှုကို အားပေးသောအခြေအနေမှာ စိုထိုင်းဆမြင့်မား၍ မိုးရေချိန်ပမာဏမြင့်ခြင်းတို့ဖြစ်သော်လည်း ကျွန်မတို့ဒေသတွင် မိုးခေါင်၍ မိုးရေပမာဏ အလွန်နည်းသည့်အပြင် စိုထိုင်းဆလည်း နိမ့်ပါလျှက်နှင့် မှိုသီးရောဂါကျရောက်မှုမှာ ပြင်းထန်နေတာ တွေ့ရသည်။ အကြောင်းရင်းမှာ တစ်နှစ်ထက်တစ်နှစ် မျိူးသစ်များမှာ သက်တမ်းတို၍ အထွက်နှုန်းကောင်းသောလက္ခဏာများကို ဦးစားပေးထုတ်လုပ်လာကြခြင်းသည် ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်အလွန်နည်းလာကြသောကြောင့် ဖြစ်ပေသည်။ 

    နောက်အကြောင်းရင်းတစ်ခုမှာ ယခုစိုက်ပျိုးလာသော မျိုးသစ်များမှာ အထွက်နှုန်းကောင်းမျိုးများဖြစ်သောကြောင့် မြေသြဇာထည့်သွင်းရသောနှုန်းမှာလည်း ပိုမိုမြင့်တက်လာသည်။ ဤတွင် ကျွန်မတို့တောင်သူတွေအနေဖြင့် အများစုမှာ အာဟာရမျှတအောင် မြေသြဇာကျွေးနည်းဗဟုသုတတွင် အားနည်းနေသေးသောကြောင့် ပုလဲ ခေါ်  ယူးရီးယားမြေသြဇာကိုသာ အဓိကအထူးပြု ထည့်သွင်းတာကို တွေ့ရပေသည်။ ထို့ကြောင့် မြေကြီးထဲတွင် နိုက်ထရိုဂျင်ပါဝင်မှုပမာဏ များနေသောကြောင့် အပင်ရောဂါဖြစ်ပွားမှုကို ပိုမိုအားပေးနေသည်။ 

    ထို့ကြောင့် တောင်သူများအနေဖြင့် ရောဂါကျမှ ဆေးဖျန်း၍နှိမ်နင်းခြင်းထက် ရောဂါဖြစ်စေသော နောက်ကွယ်မှအကြောင်းရာများကို ရှာဖွေ၍ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း သည် ပိုမိုထိရောက်မည်ဟု သုံးသပ်ပါရစေ။ 

    ကျွန်မတို့ တောင်သူများအနေဖြင့် ပြောင်းလဲလာသောရာသီဥတုနှင့် ချိန်ဆ၍ ပိုးမွှာရောဂါဒဏ်ခံနိုင်သောမျိုးများ စိုက်ခြင်း၊ မြေသြဇာ စနစ်တကျသုံးစွဲခြင်း၊ စိုက်ပျိုးနည်းစနစ်များ ချိန်ဆပြောင်းလဲခြင်းတို့ကို လုပ်ဆောင်ရန် လိုအပ်လာရုံတင်မကပါဘူး ရေရှည်တည်တံ့သော စိုက်ပျိုးရေးလုပ်ကိုင်နိုင်ရန်မှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၏ အကြောင်းရင်းများကို ရှာဖွေကာ တစ်ဦးတစ်ယောက်ချင်းစီမှ ပြုပြင်ပြောင်းလဲရန် ထိန်းသိမ်းရန် လိုအပ်လာပါပြီဟု အကြံပြုပါရစေ။ 

လေးစားစွာဖြင့် 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်