အီသီယိုးပီးယားရဲ့ အငြင်းပွားဖွယ် ဧရာမဆည်ကြီးက အီဂျစ်နဲ့ ‘ရေ’စစ်ပွဲဖြစ်ပွားရန် ခြိမ်းခြောက်လျက်ရှိ

20/09/2023 17:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

နိုင်းမြစ်ဝှမ်းဒေသမှာတော့ ရေအရင်းအမြစ်ကြောင့် စစ်ပွဲဖြစ်ပွားလာနိုင်တဲ့ အခြေအနေတွေကို မြင်တွေ့ရဖို့ အလားအလာ ရှိနေပါတယ်။ 

အီသီယိုးပီးယားနိုင်ငံဟာ ရေအားလျှပ်စစ်ထုတ်လုပ်ဖို့အတွက် ဘလူးနိုင်းမြစ် (Blue Nile River) ပေါ်မှာ အငြင်းပွားဖွယ်ရာ ဆည်ကြီးတစ်ခုကိုတည်ဆောက်နေပြီး ရေလှောင်တံမံတစ်ခုဟာဆိုရင် နောက်ဆုံးအဆင့်ကို ပြီးမြောက်သွားခဲ့ပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အီဂျစ်ပြည်သားတွေက နိုင်းမြစ်ရဲ့ အဖိုးတန်လှတဲ့ရေတွေနဲ့ ပြတ်တောက်သွားမှာကို စိုးရိမ်စိတ်ပျက်နေကြပါတယ်။ ရာသီဥတုပြောင်းလဲလာမှုကြောင့် ဖြစ်ပေါ်လာတဲ့ လောင်စာပြဿနာနဲ့ ပထဝီဝင်နိုင်ငံရေး တင်းမာမှုတွေကြောင့်  အာဖရိကရဲ့ခက်ခဲကြမ်းတမ်းတဲ့ဒေသတွေမှာ ရေရှားပါးမှုပြဿနာဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ပဋိပက္ခကြီးတစ်ခုအသွင်သို့ ယိုဖိတ်သွားနိုင်တဲ့ အလားအလာရှိတယ်လို့ ဆိုနေကြပါတယ်။ 

အီသီယိုးပီးယားဟာ နိုင်ငံရဲ့ ကြီးမားပြင်းထန်လှတဲ့ စွမ်းအင်ပြတ်လပ်မှုကို ဖြေရှင်းဖို့အတွက် မြစ်ရေကိုအသုံးပြုကာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတစ်ခုတည်ဆောက်ဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ Grand Ethiopian Renaissance Dam (GERD) ကို ၂၀၁၁ ခုနှစ်ကတည်းက တည်ဆောက်နေခဲ့တာ ဖြစ်ပါတယ်။ 

စက်တင်ဘာလ ၁၀ ရက်နေ့မှာ GERD ပရောဂျက်ရဲ့ မှတ်တိုင်အသစ်ဖြစ်တဲ့ “Renaissance Dam ၏ စတုတ္ထမြောက်နဲ့ နောက်ဆုံးအဆင့်ရေကာတာအောင်မြင်ပြီးမြောက်ပြီ” ဟု အီသီယိုးပီးယားဝန်ကြီးချုပ် Abiy Ahmed က ဆိုရှယ်မီဒီယာတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

သို့ပေမဲ့လည်း အဆိုပါနောက်ဆုံး လုပ်ဆောင်ချက်ကို အီသီယိုးပီးယားနိုင်ငံရဲ့ အိမ်နီးချင်း မြစ်လမ်းကြောင်းအောက်ဖက်မှာရှိနေတဲ့ အီဂျစ်နိုင်ငံကတော့ လက်ခံကြိုဆိုခြင်း မရှိပါဘူး။

နိုင်းမြစ်အတွင်းမှာရှိတဲ့ ရေအားလုံးရဲ့ ၃ ပုံ ၂ ပုံဟာ အီသီယိုးပီးယားနိုင်ငံရဲ့ ဘလူးနိုင်းမြစ် (Blue Nile River) ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အကယ်လို့များ အီသီယိုးပီးယားနိုင်ငံဟာ မြစ်ရေစီးဆင်းမှုကို ထိန်းချုပ်ဖို့အတွက် စွမ်းအင်ရရှိသွားပြီဆိုပါက ၎င်းဟာ အီဂျစ်နိုင်ငံအတွက် နှစ်ထောင်ပေါင်းများစွာကြာအောင် “အသက်သွေးကြော” အဖြစ် တာဝန်ထမ်းဆောင်ခဲ့ နိုင်းမြစ်အပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။

အီသီယိုးပီးယားနိုင်ငံရဲ့ ရေကာတာတည်ဆောက်မှုကို ဆက်လက်လုပ်ဆောင်နေခြင်းဟာ “နိုင်ငံတကာဥပဒေမူများ” ကို “လျစ်လျူရှုကြောင်း” ပြသနေတာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အီဂျစ်၊ အီသီယိုးပီးယားနဲ့ ဆူဒန်တို့ ချုပ်ဆိုခဲ့ကြတဲ့ သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက Facebook မှာ ပို့စ်တင်ခဲ့ပါတယ်။ 

အီဂျစ်အစိုးရက တင်ခဲ့တဲ့အထဲမှာ “အခြေခံမူများ ကြေညာချက်မှာ ပြဌာန်းထားတဲ့အတိုင်း GERD အား အကောင်အထည်ဖော် လည်ပတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များမစတင်မီ ၎င်းစည်းမျဉ်းများအတိုင်း ၃ နိုင်ငံရဲ့ သဘောတူညီချက်ရရှိဖို့ လိုအပ်ပါတယ်” လို့ အီဂျစ်အစိုးရကနေ ထုတ်ပြန်ခဲ့ပါတယ်။

“အီသီယိုးပီးယားနိုင်ငံရဲ့ တစ်ဖက်သတ်ဆောင်ရွက်ချက်တွေဟာ နိုင်ငံတကာဥပဒေမူများရဲ့ စည်းမျဥ်းတွေကို အာမခံထားသည့်အတိုင်း မြစ်အောက်ပိုင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ ရပိုင်ခွင့်များအပြင် ၎င်းတို့ရဲ့ ရေအရင်းအမြစ် ဖူလုံမှုကိုလည်း လျစ်လျူရှုတာလို့ ယူဆပါတယ်” လို့ ဆိုပါတယ်။ 

အီသီယိုးပီးယားမှာ GERD ပရောဂျက်ကို ပြုလုပ်ဖို့ အဆိုပြုကတည်းက ပြည်နယ်များနဲ့ ပြည်သူ့စစ်များကြားမှာ ရေအရင်းအမြစ် ရရှိဖို့အတွက် “ရေ စစ်ပွဲ” ပဋိပက္ခများဖြစ်ပွားရန် ခြိမ်းခြောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ သမ္မတ Mohamed Morsi အပါအဝင် အီဂျစ်နိုင်ငံရေးသမားတွေဟာ ဆည်ကို ဖြိုဖျက်ပစ်ပြီး အီသီယိုးပီးယားနဲ့ ပဋိပက္ခဖြစ်မလားဆိုတာ ဆွေးနွေးနေကြသည်ကို ကင်မရာနဲ့ ဖမ်းယူရရှိခဲ့ဖူးပါတယ်။ ၎င်းတို့ထဲကမှ တစ်ဦးကတော့ ရေ အရင်းအမြစ်ဖူလုံမှုဟာ အီဂျစ်နိုင်ငံအတွက်တော့ “သေရေး ရှင်ရေးကိစ္စလို အရေးကြီးတယ်” လို့ ဖော်ပြခဲ့ပါတယ်။

သို့သော်ငြားလည်း အီဂျစ်နိုင်ငံရဲ့ ရေ ရရှိမှုနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေဟာ ပိုလို့ပင် ဆိုးရွားလာခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာ အီဂျစ်သမ္မတ Anwar Sadat က “အီဂျစ်နိုင်ငံမှာ နောက်တစ်ကြိမ် စစ်ဖြစ်ပွားစေနိုင်မယ့် တစ်ခုတည်းသောကိစ္စက ရေ ကြောင့်ပဲ” လို့ ဆိုပြီး ပြောခဲ့ဖူးပါတယ်။

ယခုအချိန်မှာတော့ ရာသီဥတု ဖောက်ပြန်မှုက နိုင်းမြစ်ဝှမ်းဒေသကို သက်ရောက်မှုတွေ ရှိလာနေပြီဖြစ်သလို အီဂျစ်ပြည်တွင်းမှာလည်း ရေ ရှားပါးလာမှာကို စိုးရိမ်မှုတွေက အလွန်မြင့်တက်လာနေပါတယ်။

၂၀၁၈ ခုနှစ်က ကမ္ဘာကြီးရဲ့ အနာဂတ်ကာလမှာ ရေကြောင့်ပဋိပက္ခ ဖြစ်ပွားနိုင်တဲ့ နေရာဒေသတွေကို လေ့လာခဲ့ကြရာမှာ Indus Valley နဲ့ Euphrates-Tigris မြစ်ဝှမ်းတို့နဲ့အတူ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေ အများအပြားရှိတဲ့ နိုင်းမြစ်ဝှမ်းဒေသဟာလည်း “ရေအားလျှပ်စစ်နဲ့ နိုင်ငံရေး အပြန်အလှန်တုံ့ပြန်မှု” တွေကြောင့် အကြမ်းဖက်မှုအန္တရာယ် ဖြစ်နိုင်ခြေ မြင့်မားကြောင်း သုတေသီများက တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

GERD ပရောဂျက်ဟာဆိုရင်ဖြင့် ရှေ့ဆက်ကာ အရှိန်အဟုန်နဲ့ လှုပ်ရှားနေပုံရပါတယ်။ ဆိုတော့ သဘောထားကွဲလွဲမှုတွေအပေါ် ငြိမ်းချမ်းစွာစေ့စပ်ညှိနှိုင်းရေး အဆုံးအဖြတ်တွေကတော့ ဝေးကွာနေဆဲဖြစ်ပါတယ်။

ဇင်ထူးနိုင် 

Ref: 

https://www.iflscience.com/ethiopias-controversial-megadam-threatens-a-water-war-with-egypt-70639

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်