အစိမ်းရောင်လမ်းရဲ့ ဂုဏ်ပြုဆုငွေပေးအပ်ခြင်းအစီအစဉ်

15/01/2026 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

🏆စိုက်ပျိုး၊ မွေးမြူရေးပညာရှင်များအတွက် ဂုဏ်ပြုဆုကြေးငွေပေးအပ်ခြင်း အစီအစဉ် 

မင်္ဂလာပါရှင် 🙏

ကျွန်မတို့ အစိမ်းရောင်လမ်း App မှာ တောင်သူတွေရဲ့ အခက်အခဲတွေကို နေ့စဥ်မမောနိုင်မပန်းနိုင် ဖြေကြားပေးနေကြတဲ့  ပညာရှင်ဆရာ၊ ဆရာမများနဲ့ 

ကိုယ့်ရဲ့အတွေ့အကြုံတွေကို မျှဝေပေးနေကြတဲ့ မိတ်ဆွေတောင်သူများကို ကျေးဇူးတုံ့ပြန့်တဲ့အနေနဲ့ ဂုဏ်ပြုဆုကြေးငွေပေးအပ်ခြင်းအစီအစဉ်ကို အစိမ်းရောင်လမ်းက နှစ်သစ်ကူးလက်ဆောင်အနေနဲ့ စီစဉ်ထားတဲ့အကြောင်း မိတ်ဆက်ပေးပါရစေ 🎉

၂၀၁၆ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ အစိမ်းရောင်လမ်းဆော့ဝဲရဲ့ အမေးအဖြေကဏ္ဍမှာ ပညာရှင် ဆရာ၊ ဆရာမတို့ရဲ့ အဖြေတစ်ခုချင်းစီက တောင်သူတွေအတွက် အရမ်းကို အားထားရပြီး တန်ဖိုးရှိတာမို့လို့ အစိမ်းရောင်လမ်းက ဒီအစီအစဉ်လေးကို အကောင်အထည်ဖော်ချင်နေတာမှာ ကြာမြင့်နေပြီဖြစ်ပြီး ယခု ၂၀၂၆ ခုနှစ်မှာတော့ စတင်ပြီး မိတ်ဆက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်.. 

ဆိုတော့ ဂုဏ်ပြုဆုငွေကို ပွင့်လင်းမြင်သာမှုရှိအောင် ဘယ်လိုတွက်ချက်မလဲဆိုတဲ့အပိုင်းလေးလည်း ပြောပြချင်ပါတယ် 

✅ အဖြေအရေအတွက် - ဆရာတို့ ဘယ်လောက်များများ ဝင်ရောက်ဖြေပေးလဲ။

✅  Like အရေအတွက် - ဖြေလိုက်တဲ့အဖြေကို တောင်သူတွေက ဘယ်လောက် ကြိုက်နှစ်သက်လဲ။

✅ Vote ပေးမှု - အဖြေက အသုံးဝင်နောက်တစ်နည်းနဲ့ အကဲဖြတ်မယ့် ထောက်ခံမဲ (Vote) ဘယ်လောက်ရလဲ။

✅ Solved (အဖြေမှန်) - မေးခွန်းရှင်ကိုယ်တိုင်က ဆရာ့အဖြေဟာ သူ့ပြဿနာကို ပြေလည်စေတယ်ဆိုပြီး 'Solved' လို့ သတ်မှတ်တာ ခံရမှု ဘယ်လောက်ရလဲ?

✅ View Count - ဆရာ့ရဲ့ အဖြေကို လာရောက်ဖတ်ရှုသူ ဘယ်လောက်များလဲ... စတဲ့ အချက် (၅) ချက်ပေါ်မူတည်ပြီး တွက်ချက်ပေးသွားမှာ ဖြစ်ပါတယ်။

ဆိုလိုတာကတော့... အဖြေများများဖြေပြီး အဖြေက တောင်သူတွေအတွက် တကယ်အကျိုးရှိပြီး တိကျလေလေ... ဆရာတို့အတွက် ခံစားခွင့်တွေ ပိုရလာလေလေ ဖြစ်မှာပါ။ 

‼️‼️ဒီအစီအစဉ်က ယခုအချိန်မှာ အစိမ်းရောင်လမ်းအသုံးပြုသူတိုင်းကို ပေးအပ်နေခြင်းမဟုတ်ဘဲ 

အစိမ်းရောင်လမ်းဆော့ဝဲအကောင့်ဖွင့်ခဲ့စဉ်မှာ စိုက်ပျိုးရေးပညာရှင် ဒါမှမဟုတ် မွေးမြူရေးပညာရှင်အနေနဲ့ မှတ်ပုံတင်ထားသူတွေက သတ်မှတ်ပမာဏ အဖြေ ၁၀၀ ရရှိပြီးတာနဲ့ ဆုကြေးငွေပေးအပ်ခွင့်ရယူရန်အတွက် စတင်လျှောက်လွှာတင်နိုင်မှာ ဖြစ်ပါတယ်။ 

ဆုကြေးငွေ ပေးအပ်ရာမှာလည်း အရေအတွက်ထက် အရည်အသွေးရှိတဲ့ အဖြေတွေကို ဖြေဆိုပေးထားတဲ့ ပညာရှင်တွေက ဆုကြေးငွေပိုမို ရရှိမှာပဲ ဖြစ်မှာမို့လို့

📱 တောင်သူတွေအတွက် အကျိုးပြုရင်း ကိုယ်တိုင်လည်း ဂုဏ်ပြုခံစားခွင့်တွေရရှိဖို့ အစိမ်းရောင်လမ်း App မှာ အခုပဲ မေးခွန်းလေးတွေ ဝင်ရောက်ဖြေဆိုလိုက်ကြပါစို့လားရှင့် 🤩

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်