အချိန်မီကာကွယ်သင့်သည့်အန္တရာယ်ရှိသည့် ဖောငမြှောင်တောင်

11/02/2019 16:41 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မူရင်းဒေသအမေရိကမှ ဖောငမြှောင်တောင်သည် ယခုအခါ မြန်မာနိုင်ငံရှိ ပြောင်းစိုက်ခင်းများတွင်လည်း စတင်ကျရောင်ဖျက်ဆီးလျှက်ရှိသည်။ ဖော ငမြှောင်တောင်မျိုးစိတ်အသစ်သည် ပြောင်းနှင့်အခြားသီးနှံများဖြစ်သော စပါး၊ ဟင်းသီးဟင်းရွက်နှင့် ဝါသီးနှံအပါအဝင် အခြားသီးနှံအမျိုးအစားစုစုပေါင်း (၈၀ ) ကျော်တို့တွင် ကျရောက်ဖျက်ဆီးနိုင်သည့်အပြင် တစ်ညအတွင်း ကီလိုမီတာ (၁၀၀) ထိ ပျံသန်းနိုင်စွမ်းရှိသဖြင့် တစ်နေရာမှ တစ်နေရာသို့ လျှင်မြန်စွာ ပျံ့နှံ့ရောက်ရှိနိုင်သည်။

ပြောင်းပင်ကြီးထွားချိန်နှင့်မျိုးပွားချိန်တွင် ဖျက်ဆီးမှု အများဆုံးဖြစ်သည်။ လောက်ကောင်ငယ်အဆင့်တွင် မြင်ရန်ခက်ခဲသော်လည်း နှိမ်နင်းရန် အကောင်းဆုံးအချိန်ဖြစ်သည်။ အပင်ငယ်စဉ် ပထမဆုံးအရွက် အဝိုက်ထွက်လျှင် ထွက်ချင်း ကင်းထောက်စစ်ဆေးခြင်းများ ပြုလုပ်ရသည်။ ဖောငမြှောင်တောင်ပိုးကို အပင်ငယ်စဉ် ထိရောက်စွာမကာကွယ်လျှင် သီးနှံအထွက်နှုန်းကို ထိခိုက်စေသည်။

 

 ဘက်စုံကာကွယ်နှိမ်နင်းနည်းလမ်း

 

ဖျက်ပိုးတစ်ကောင်ကို ဦးစွာနှိမ်နင်းရန် ဦးစွားပထမ ယင်းဖျက်ပိုး၏ သဘာဝဖြစ်စဉ်နှင့် ကျရောက်မှုလက္ခဏာကို သိထားရန် လိုအပ်သည်။

 ဖျက်ဆီးမှုလက္ခဏာ

 

ဖျက်ပိုးကောင်သည် အပင်ငယ်စဉ်မှ ဖူးပွင့်ချိန်အထိ အရွက်ဝိုက်အတွင်း ဝင်ရောက်စားသောက်ဖျက်ဆီးသည်။ အရွက်များစုတ်ပြတ်သတ်နေပြီး အရွက်များပေါ်တွင် စိုစွတ်နေသော မစင်များကို တွေ့နိုင်သည်။ အပင်ငယ်စဉ်တွင် ဆိုးဝါးစွာ ကျရောက်ပါက ခေါင်ညွှန့်သေခြင်း လက္ခဏာများကို ထင်ရှားစွာတွေ့နိင်သည်။

 ဘဝစက်ဝန်း

 

အမသည် ဥဥပြီး နှစ်ရက်သုံးရက်ခန့်အကြာတွင် လောက်ကောက်ငယ်များ ပေါက်လာသည်။ လောက်ကောင်အဆင့် ခြောက်ဆင့်ရှိသည်။ ၎င်းမှတစ်ဆင့် ၁၄ ရက်မှ ၂၂ ရက် အကြာတွင် ရုပ်ဖုံးအဆင့် ဖြစ်ပေါ်ပြီး ၇ရက်မှ ၁၄ ရက်ခန့်တွင် အကောင်ကြီးလာသည်။ ဘဝစက်ဝန်းမှာ ၂၆ ရက်မှ ၄၂ ရက်ခန့် ကြာမြင့်တက်သည်။

 ဘက်စုံကာကွယ်နှိမ်နင်းရေးနည်းလမ်းများ

 

- စိုက်ချိန်စောနိုင်သမျှ စောပါ။

- ဘဝစက်ဝန်း ဆက်လက်မရှင်နိုင်ရန် ပိုးကျထားသော  ပင်ကြွင်းပင်ကျန်များကို မီးရှို့ပါ။

- စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းပင်များကို ရှင်းလင်းပါ။

- သက်တမ်းတူသော မျိုးများကို စိုက်ချိန်တစ်ပြိုင်နက်တည်း စိုက်ပျိုးပါ။

- လောက်ကောင် ရုပ်ဖုံးများ မြေကြီးပေါ်ရောက်လာပြီး သေစေရန် ထယ်ထိုးထွန်မွှေ နက်နက်ထွန်ပါ။ 

- လောက်ကောင်ငယ်စဉ် မြင်နိုင်ရန် ခက်ခဲသော်လည်း နှိမ်နင်းရန် အကောင်းဆုံးအချိန် ဖြစ်၍ အပင်ငယ်စဉ် ပထမဆုံးအရွက်အဝိုက်စထွက်လျှင်ထွက်ခြင်းကင်းထောက်စစ်ဆေးပါ။

- ဥမြုံများနှင့် လောက်ကောင်များကို လက်ဖြင့်ကောက်ယူဖျက်ဆီးပါ။

- လောက်ကောင်များသေစေရန် အရွက်အဝိုက်များအတွင်းသို့ မြေကြီး ဆပ်ပြာမှုန့်၊ ဆေးရွက်ကြီး၊ ပြာ၊ လွှစာမှုန့်များကိုထည့်ပေးပါ။

- မီးထောင်ချောက်များထွန်း၍ ဖလံများကိုဖမ်းယူဖျက်ဆီးပါ။

- သီးလှည့်စိုက်ပျိုးပါ။

အပင်ငယ်စဥ်အချိန်၌ အပင်၅၀တွင် ၁၀ပင်နှင့်အထက် အဖူးဝင်ပြီး အပင်မျိုးပွားချိန်၌အပင်၅၀ တွင် အပင် ၂၀ပင်နှင့်အထက် ကျရောက်ပါက မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားပြီး တရားဝင်ခွင့်ပြုထားသော ထိသေ၊ စားသေပိုးသတ်ဆေးများဖြစ်သည့် ဖလူလန်ဒိုင်ရာမိုက် ၂၄ ရာခိုင်နှုန်း၊ ဒဗလျူဒီဂျီကလိုရန်ထရန်နီလီပရိုး ၅၁.၅ရာခိုင်နှုန်း၊အက်စီ၊ အင်ဒိုဇာကပ်၁၅ရာခိုင်နှုန်း၊ အက်စီ၊ အင်ဒိုဇာကပ် ၁၇ ရာခိုင်နှုန်း+လန်ဘရာဆိုင်ဟေလိုသရင် ၃ ရာခိုင်နှုန်း၊ အက်စီ၊အီမာမက်တင်ဘမ်ဇိုအိတ် ၁၀ ရာခိုင်နှုန်း၊ လန်ဘဒါဆိုင်စေလိုသရင် ၁၅ ရာခိုင်နှုန်း၊ ဒဗလျူပီဆိုင်ပါမီသရင် ၃ ရာခိုင်နှုန်း၊ အီမာမက်တင်ဘမ်ဖိုအိတ် ၀.၂ ရာခိုင်နှုန်း၊ ကလိုဖန်နပါ ၁၀ ရာခိုင်နှုန်းအက်စီအစရှိသည့်ပိုးသတ်ဆေးများကို အရွက်အဝိုက်ထဲဝင်ရန် ထိထိမိမိဖျန်းပါ။

ပိုးသတ်ဆေးများကို မနက်စောစောနှင့်ညနေပိုင်းများတွင်သာ ပက်ဖျန်းပါ။

ပိုးသတ်ဆေးယဥ်ပါးမှုမဖြစ်ပေါ်စေရန်ပိုးသတ်ဆေးညွှန်းစာများ၌ပါရှိသောဆေးနှုန်းထားပြည့်မီစွာပက်ဖျန်းရန်နှင့် မတူညီသောဆေးအုပ်စုကိုအလှည့်ကျသုံးစွဲပါ။

အထက်ဖော်ပြပါ ဘက်စုံကာကွယ်နှိမ်နင်းနည်းများအနက်မှ မိမိစိုက်ခင်းနှင့်သင့်တော်သည့်နည်းလမ်းနှစ်ခု(သို့) သုံးလေးခုပူးတွဲလုပ်ဆောင်ပါက ဖောငမြှောင်တောင်ကျရောက်ဖျက်ဆီးမှုမှ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းရှင်းစွာဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်မည်ဖြစ်သည်။ လိုအပ်ပါက ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ စိုက်ပျိုးရေးဦးစီးဌာနများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။

 ဒေါက်တာခင်ခင်မာလာမြင့်(သီးနှံကာကွယ်ရေး)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်