အနည်းလိုအာဟာရ သုံးစွဲနည်းစနစ်များထဲမှ......

05/03/2018 15:43 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အရွက်မှ ပတ်ဖျန်းသုံးစွဲခြင်း
ဖွံးဖြိုးပြီးနိုင်ငံတွေမှာရော၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ ရွက်ဖြန်းမြေဩဇာ သုံးစွဲမှုဟာ တစ်နှစ်ထက်တစ်နှစ် များလာပါ တယ်။ ရွက်ဖြန်းသုံးရာမှာ အပင်ကအများဆုံး လိုအပ်တဲ့ချိန် အပင်ဖြစ်မှုအဆင့်ကို သိရှိဖို့လိုပါတယ်။ အပင်ရဲ့ အရွက် ကို မလောင်စေနိုင်မယ့် အတိုင်းအတာကို သိဖို့လိုပါတယ်။ သုံးစွဲတဲ့အာဟာရရဲ့ အပင်ကိုအကျိုးဖြစ်စေနိုင်မှုကိုလည်း နားလည်ရပါမယ်။

သုံးစွဲတဲ့ အနည်းလိုအာဟာရ ရွက်ဖြန်းမြေဩဇာဟာ တစ်ခြား ဆေး/ပေါင်းသတ်ဆေးတွေနဲ့ ရောစပ်ရတာ အဆင်ပြေ၊ မပြေ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ တောင်သူအများစုက တစ်ကြိမ်တည်းနဲ့ ဆေး/မြေဩဇာတွေကို ထည့်ဖြန်း တတ်ကြလို့ပါ။ အပင်ကို မြေက ထိန်းချုပ်ကန့်သက်ချက်ရှိတဲ့ အနည်းလိုအာဟာရတွေ သုံးချင်ရင် ရွက်ဖျန်းက သင့်တော်ပါတယ်။ (ဥပမာ) ဩဂဲနစ်များတဲ့မြေမှာ အပင်က ကော့ပါးရနိုင်ဖို့ ခဲယဉ်းတယ်။ ထုံးဓာတ်များတဲ့မြေ၊ အငန် ဓာတ်များတဲ့ မြေတွေမှာရှိတဲ့ အပင်ကအပွင့်သီးတွေ ဝေဝေဆာဆာဖြစ်ချိန်မှာ အာဟာရလိုအပ်ချက်က တအားများ လာတယ်။ အိုလာတဲ့အမြစ်တွေက လိုသလောက်အာဟာရကို မြေထဲကစုတ်ယူပေးပို့နိုင်စွမ်း အလွန်နည်းသွားတတ် တယ်။ မြေတွင်း အစိုဓာတ်ကလဲနည်း၊ အေးတဲ့ကာလလည်း ဖြစ်မယ်ဆိုရင် အခြေအနေက ပိုဆိုးပါတယ်။ ဒီလို အခြေ အနေမှာ အနည်းလိုအာဟာရကို အရွက်က ပက်ဖျန်းပေးတဲ့စနစ်က အသင့်တော်ဆုံးပါပဲ။ 

Foliar ရဲ့အားနည်းချက်ကတော့ တစ်ကြိမ်မှာ နည်းနည်းသုံးရတဲ့အတွက် အပင်လိုအပ်ချက် ပြည့်မီအောင် တစ်ကြိမ် တည်းဖျန်းရုံနဲ့ မပြည့်စုံနိုင်တာပါပဲ။ အနည်းဆုံး (၃ - ၄) ကြိမ်ဖျန်းရတယ်။ ကုန်ကျစရိတ် ပိုလာပါတယ်။ တောင်သူ အများစုကတော့ ကုန်ကျတာသက်သာအောင် ပိုးသတ်ဆေးဖျန်းချိန်မှာ ရောစပ်ဖြန်းကြပါတယ်။

အပင်ဖြစ်ထွန်းမှု (Growth stage) အဆင့်ဆင့်မှာ အာဟာရလိုအပ်ချက် အနည်းအများရှိပါတယ်။ နှံစားသီးနှံ (cereals) တွေမှာ အနည်းလိုအာဟာရပါ ရွက်ဖြန်းမြေဩဇာကို ပင်ပွားချိန်၊ အနှံသန္ဓေတည်ချိန်နဲ့ နို့ရည်တည်ချိန် မှာသုံးရင် တုံ့ပြန်မှုကောင်းပြီး အထွက်ပိုစေပါတယ်။ ကောပါးနဲ့ဘိုရွန်ကို ဂျုံ အလံရွက်ထွက်ချိန် ဖြန်းပေးရင် ဝတ်မှုံ ကူးစက်မှုကောင်းစေလို့ အစေ့အဆံပိုအောင်တယ်။ စပျစ်မှာ ပန်းမပွင့်မီ (၂) ပတ်အလိုမှာ ဇင့်ရွက်ဖြန်းမြေဩဇာ သုံးစွဲတာဟာ အသီးအခိုင် ဖြစ်ထွန်းကောင်းမွန်စေတယ်။ သံဓာတ်က အပင်တွင်း အလွန်နှေးကွေးစွာ ရွေ့လျားလို့ ဖြန်းရတဲ့အကြိမ် ပိုများပါတယ်။ ဘိုရွန်ဟာ အပင်တွင်းရွေ့လျားမှု နှေးတဲ့ထဲပါသော်လည်း သီးနှံအလိုက် ကွဲပြားမှု ရှိတယ်။ almond ပင်ထဲမှာ ရွေ့လျားမှု မြန်ပါတယ်။ တခြားအပင်တွေကျတော့ အလွန်နှေးပါတယ်။ ဘိုရွန်ဖျန်းရင် ဘိုရွန်က တစ်ပင်လုံးအနှံ့ ရောက်ပါတယ်။ တကယ်အာဟာရပြည့်ဝတဲ့ အချိန်ကျတော့ မရွေ့လျားပြန်ဘူး။

အရွက်မှာ အမွှေး(hair)၊ အကြေး(Scale)တွေပါတယ်။ ဖယောင်း၊ ကျူတင်၊ စီရင်(risin)တွေ ဖုံးနေတယ်။ ဆေးဖျန်းတဲ့အခါ အရွက်မှာ မတင်၊ အရွက်တွင်းမရောက်အောင် ကာကွယ်ပေးထားသလို ဖြစ်နေပါတယ်။ ရွက်ဖြန်း ဆေး အရွက်ပေါ်တင်အောင် ကာကွယ်ပေးထားသလို ဖြစ်နေပါတယ်။ ရွက်ဖြန်းဆေးအရွက်ပေါ်တင်အောင်၊ အရွက်ထဲ စိမ့်ဝင်အောင် ကော်ဆေး၊ ကပ်ဆေးနဲ့ ပုလဲမြေဩဇာ စတာတွေတွဲပြီး သုံးမှ အာနိသင် ပိုထိရောက်ပါတယ်။

ပတ်ဝန်းကျင်အခြေအနေမူတည်ပြီး အပင်က ရွက်ဖြန်းအာဟာရ ရရှိနိုင်တာအနည်းအများရှိပါတယ်။ စိုထိုင်းဆများ ချိန်မှာ ရွက်ဖြန်းဆေးဟာ အရွက်ပေါ်တင်ကျန်တာများလို့ အပင်ကအာဟာရပိုရပါတယ်။ နံနက်ပိုင်း ဒါမှမဟုတ် ညနေပိုင်းဖျန်းတာက ပိုထိရောက်ပါတယ်။ ရွက်နုတွေက ရွက်ရင့်တွေထက် ရွက်ဖြန်းအာဟာရကို ပိုရယူနိုင်တယ်။ အာဟာရ ရယူနိုင်တဲ့ စတိုမာ (Stoma) တွေက အရွက်အောက်ခြေမှာ များပါတယ်။ ဒါကြောင့် အရွက်အောက် မျက်နှာပြင်က အာဟာရကို ပိုရယူနိုင်စွမ်းရှိတယ်။

ကောပါး၊ ဇင့်နဲ့ မဂ္ဂနိ ကို အရွက်မှ ဖျန်းတာဟာ အာဟာရချို့တဲ့မှုကို ထိရောက်စွာ ဖြည့်ပေးနိုင်ပါတယ်။ အသုံးများတဲ့ ရွက်ဖြန်းမြေဩဇာတွေကတော့ ကော့ပါး၊ အောက်ဆာလဖိတ်( MnSO4) နဲ့ ဇင့်ဆာလဖိတ် ဖြစ်ပါတယ်။ သုံးစွဲတဲ့နှုန်း တွေကတော့ ၀.၅ - ၄ ပေါင် ကော့ပါး/ဧက၊ ၁ - ၅ပေါင် မဂ္ဂနိ / ဧက နဲ့ ၁ - ၂ပေါင် ဇင့်/ဧက ဖြစ်ပါတယ်။ ရှောက်၊ သံပုရာ မျိုးနွယ်တွေမှာ မဂ္ဂနိဆာလဖိတ် သုံးတာဟာ မဂ္ဂနိကီလိတ်(EDTA) သုံးတာထက် ပိုအာနိသင်ပြတာ တွေ့ရပါ တယ်။ ကော့ပါးဆာလဖိတ် (CuSO4) က များလာရင် အပင်ကိုလောင်စေတတ်တယ်။ ထုံးနဲ့ ရောပြီးမှ ပက်ဖျန်းသင့် တယ်။ အခုပြောခဲ့တဲ့ Cu, Zn နဲ့ မဂ္ဂနိဟာ ရောဂါဖြစ်မှိုသတ်စွမ်းရည်ရှိလို့ ရောဂါဖြစ်မှိုတွေကို လျော့နည်းစေပါတယ်။ 

ချဉ်တဲ့မြေ/ သဲဆန်မြေတွေမှာ ချို့တဲ့တတ်တဲ့ မိုလစ်ဒီနမ် (Mo) ကို အရွက်ကဖြန်းရင် ဆိုဒီယံမိုလစ်ဒီနိတ် ဒါမှမဟုတ် အမိုနီယံ မိုဒီနိတ် တစ်ဧက ၂၅ - ၇၅ ဂရမ် ခန့်သာ သုံးဖို့လိုပါတယ်။ စားကျက်မြေ၊ မုံလာထုပ်၊ ခါကျစ်၊ ခရမ်းချဉ်၊ ဆေးရွက်ကြီးတို့မှာ သုံးရင် တုံ့ပြန်မှုအား ကောင်းပါတယ်။ မိုလစ်ဒီနံက အပင်မှာ အရွက်ကနေ အမြစ်ထဲမှာရှိတဲ့ ဘက်တီးရီးယား မြစ်ဖုလေးတွေထိ ရောက်ရှိနိုင်လို့ ပဲမျိုးနွယ်တွေ အထွက်တိုးစေပါတယ်။ ဒါ့အပြင် မိုလစ်ဒီနမ်ဟာ စပျစ်သီးကို အရွယ်အစား ကြီးမားဖွံ့ဖြိုးစေပါတယ်။ အရည်အသွေးလည်း တိုးတက်စေပါတယ်။

သွင်းရေဖြင့် အာဟာရပေးခြင်း
ဆည်ရေ ဒါမှမဟုတ် အစက်ချရေပေးစနစ်ကို ရေပေးချိန်မှာ ရေပျော်တဲ့အာဟာရတွေ ထည့်ပေးပြီး အပင်အထွက် ရစေတာကို Fertigation လို့ခေါ်ပါတယ်။ Sprinkler (ရေဖျန်းတဲ့စနစ်) နဲ့ ပေးရာမှာလဲ ထည့်လို့ရပါတယ်။ ထည့်တဲ့ အနည်းလို အာဟာရဟာ ရေမှာကောင်းစွာ ပျော်ဝင်တည်ရှိနေရပါမယ်။ တစ်ခြား အများလိုအာဟာရချည်းသီးသန့် ထည့်ရပါတယ်။ ညီညီညာညာ ပြန့်နှံ့တာမို့လို့ အသုံးပိုတည့်ပါတယ်။ ဘိုရွန်ကတော့ ဘယ်ပုံစံနဲ့ ဖြစ်ဖြစ် Fertigation မှာ အဆင်ပြေပါတယ်။ ကွန်ပေါင်းနဲ့ အနည်းလိုအာဟာရ ပေါင်းတာတွေမသုံးသင့်ပါ။ ပါဝင်တဲ့ အာဟာရတွေရဲ့ ပျော်ဝင်နှုန်းက မတူကွဲပြားခြားနားတာကြောင့်ပါ။ 

မျိုးစေ့နယ်လူးစနစ်
ပဲမျိုးနွယ်တွေမှာ မိုလစ်ဒီနမ်ကို မျိုးစေ့နဲ့လူးနယ် စိုက်စနစ်ရှိပါတယ်။ မိုလစ်ဒီနံ ၀.၅ ဂရမ်ကို ရေ(၁) လီတာနဲ့ (၈) နာရီကြာ စိမ်ပြီးစိုက်တဲ့ ကုလားပဲမှာ အထွက်နှုန်း ၂၂% ထိတိုးလာတာတွေ့ရပါတယ်။ (Johansen etal 2005) သုံးတဲ့မိုလစ်ဒီနမ် Na2MO4, 2H20 ဖြစ်တယ်။

အခြားနည်းစနစ်များ
အပင်အမြစ်ကို အနည်းလို အာဟာရဖျော်ရည်မှာ နှစ်ပြီးစိုက်တာတွေ၊ အပင်အကိုင်း၊ ပင်စည်မှာ ထိုးထည့်တာတွေ (Injection) ကတော့ အခြာနည်းတွေပါ။ စပါးမှာ ပျိုးပင်တွေကို မစိုက်ခင် (၂ - ၄ %) ဇင့်အောက်ဆိုက်ဖျော်ရည်မှာ နှစ်ပြီးစိုက်တာ ထိရောက်မှုရှိတာ တွေ့ရပါတယ်။

ဦးကျော်စိုး(Soil Scientist)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်