ပင်လယ်ရေညှိ ရေမှော်များမှ သဘာဝ​မြေဩဇာထုတ်လုပ်ခြင်း

25/11/2021 13:30 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    ပင်လယ်မှရသော ရေညှိကို စားသောက်ကုန်အမျိုးမျိုးပြုလုပ်ကြသကဲ့သို့ မွန်ပြည်နယ် ကျိုက္ခမီဒေသမှထွက်သော သဘာဝပင်လယ်ရေညှိကိုလည်း ကျောက်ပွင့်ဟုခေါ်ကာ အခြောက်ပြုလုပ်စားသောက်ကြပါသည်။ မွန်ပြည်နယ်မှထွက်သော ဒေသစာ အညိုရောင် ကျောက်ပွင့်သည် အိုင်အိုဒင်းဓာတ်ကြွယ်ဝသောကြောင့် လည်ပင်းကြီးရောဂါရှိသူများအတွက် အထူးသင့်လျော်ကာ ရေစိမ်၍အစိမ်းသုပ်စားခြင်း၊ ထိုအစိမ်းလိုက်ပင် မုန့်ဟင်းခါးထဲထည့်စားခြင်းတို့ လုပ်ကြပါသည်။

    ယခုတွင်မူ ပင်လယ်မှထွက်သော ရေညှိရေမှော်များနှင့် မြစ်ချောင်းများရှိ ကျောက်တုံးကျောက်ဆောင်များတွင်ပေါက်သော ရေညှိများကို သဘာဝမြေဩဇာအဖြစ် အသုံးချတတ်ရန်ဖော်ပြပေးပါမည်။

နည်းလမ်း ၁

    ပင်လယ်မှရသော ရေညှိဖြစ်စေ မြစ်ချောင်းများမှရသော ရေညှိများဖြစ်စေ ယူပါ။ ပင်လယ်ရေညှိဆိုပါက ဆားဓာတ်ပါတတ်သဖြင့် ရေစင်အောင်ဆေးပါ။ ထို့နောက် ရေစစ်ကာ နေလှန်းပါ။ ခြောက်ကြွပ်လာပါက မှုန့်နေအောင်ထောင်းပါ။ ရလာသော ရေညှိမှုန့်ကို အပင်များအတွက် မြေဆွေးနှင့်စပ်၍လည်းကောင်း၊ ပင်​ခြေတွင် မြေဩဇာအဖြစ်ထည့်ပေးခြင်းကိုလည်းကောင်း ပြုလုပ်နိုင်ပါသည်။

နည်းလမ်း ၂

     ရလာသောရေညှိများကို အထက်ပါနည်းအတိုင်းဆေး၍ ကတ်ကြေးနှင့်ညှပ်ကာ ရေငါးဂါလံပုံးတွင် ရေညှိသုံးပုံတစ်ပုံထည့်ကာ ရေအပြည့်ဖြည့်၍ အဖုံးကို မကြပ်တကြပ်အုပ်ပြီး  ၂ ပတ်မှ ၄ ပတ်အထိထားပါ။ ထို့နောက် ရလာသောအရည်ကို ရေသုံးဆ ရေညှိရည် တစ်ဆရောကာ အပင်များကို လောင်းနိုင်သကဲ့သို့ ရွက်ဖျန်းအားဆေးအဖြစ်လည်းသုံးနိုင်ပါသည်။

နည်းလမ်း ၃

    အထက်ပါအတိုင်း ရေညှိကိုရေဆေးကာ ရေညှိ၊ သကြားညိုနှင့် ရေအနည်းငယ်ကိုရောကာ ကြိတ်စက်နှင့်ကြိတ်ရပါမည်။ ရေညှိအချိုးနှင့် သကြားအချိုးသည် ဆတူဖြစ်ရပါမည်။ ထို့နောက် ထိုအရည်အား ပုံးတစ်ခုတွင် အဖုံးမကြပ်စေဘဲ ပတ်၍ တစ်ပတ်မှ ဆယ်ရက်အထိထားကာ ထိုအချဥ်ဖောက်ရည်အား ရေငါးဆ အချဥ်ဖောက်ရည် တစ်ဆရောကာ ရွက်ဖျန်းမြေဩဇာအနေနှင့်လည်းကောင်း၊ ရေဆယ်ဆ အချဥ်ဖောက်ရည် တစ်ဆရောကာ foliar spray အနေနှင့်လည်းကောင်းသုံးနိုင်ပါသည်။

    ရေညှိရေမှော်များတွင်ပါဝင်သော cytokinin သည် အပင်များတွင် အမြစ်၏ ဆဲလ်ကွဲပွားခြင်းကိုဖြစ်စေသော​ကြောင့် အပင်များ၏ အမြစ်များစွာကို တိုးပွားစေပါသည်။

    ရေညှိမြေဩဇာရည်ကို သီးနှံများမခူးဆွတ်မီ ဆယ်ရက်အလိုတွင် သုံးပါက သီးနှံများ၏သက်တမ်းကို ပိုမိုကြာရှည်ခံစေပါသည်

    Cut flower များတွင် ပန်းမခူးမီ နှစ်ရက်ခန့်အလိုတွင် သုံးပေးပါကလည်း ပန်းများကို ပိုမိုအထားခံစေပါသည်။ စားကျက်သီးနှံများတွင်လည်း ရေညှိရည်သုံးပါက ပရိုတင်းပါဝင်မှုကို ပိုများစေပါသည်။ ကိုင်းကူးကိုင်းဆက်လုပ်ငန်းတွင်လည်း cutting ကိုင်းများအား အမြစ်​ထွက်စေရန်စိမ်နိုင်ပါသည်။

    ထို့ကြောင့် မိမိတို့ မြစ်ချောင်း အင်းအိုင်နှင့် ပင်လယ်များမှရသော အစိမ်းရောင်ဖြစ်စေ အဝါ​ေရာင်ဖြစ်စေ အနီရောင်ဖြစ်စေ ရေညှိရေမှော်များကို အကျိုးရှိရှိအသုံးချတတ်စေရန် ရေးသားလိုက်ရပါသည်။

https://www.google.com/url?sa=t&source=web&rct=j&url=https://dengarden.com/gardening/The-Benefits-of-Using-Liquid-Seaweed-Fertilizer&ved=2ahUKEwjX17X7_qb0AhUo7XMBHa0GCcsQFnoECDgQAQ&usg=AOvVaw1nh4xCw7uSDh_fmRjJQPwj


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်