စွန့်ပစ်ပစ္စည်းများက မြေဩဇာဖြစ်နိုင်ပါသလား

09/01/2018 12:50 PM တွင် ဦးဖရက်သိန်းဖေ ဦးဖရက်သိန်းဖေ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငါး သဲခြောက်၊ ပုဇွန် နိုင်လွန်ခြောက်
ငါးခြောက် သဲခြောက်၊ နိုင်လွန်ခြောက်များကို (၂)ပိဿာ (သို့) (၃) ပိဿာခန့်ကို မိုးဗြဲဒယ်ကြီးများအတွင်း ရေများများထည့်၍ မီးပူပေးပြီး အချိန်အတော်ကြာကျိုရသည်။ (၅) နာရီ (၆) နာရီခန့် ကျိုသောအခါ ငါးခြောက်များ ကြေမွသွားသည်။ အချို့ရေပျော်ဝင်သွားသည်။ ထိုနောက်ပိတ်စိမ်းပါးဖြင့် စစ်၊ ညှစ်ပြီး စစ်ဖတ် များကို တိရိစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သည်။ သို့မဟုတ် ရေစိမ်၊ အပုပ်ခံပြီး မြေဩဇာပြုလုပ်နိုင်သည်။ စစ်ရည်ကိုကား မိုးပြဲဒယ်အတွင်းပြန်ထည့်ပြီး အရည်ပျစ်သွားသည်အထိ ပြန်ကျိုရသည်။ ပျားရည်ထက် အနည်းငယ် ပိုပျစ်သောအခါ ပိုတက်စီယမ်နိုက်ထရိတ် Potassium Nitrate KNO3 ကို ထိုအရည်အလေးချိန်၏ (၁) မှ (၂) ရာနှုန်းအထိ ထည့်ပြီး ရောမွှေပေးပါ။ ထိုငါးအရည်စားပွဲတင် ဇွန်းတစ်ဇွန်းကို ရေ(၁) လီတာနှုန်းရော၍ အရွက်ဖျန်း မြေဩဇာအဖြစ်အသုံးပြုနိုင်သည်။ ဤသဘာဝအရွက်ဖျန်းမြေဩဇာမှာ အလွန်ကောင်းမွန်သော သဘာဝအရွက်ဖျန်း မြေဩဇာတစ်မျိုးဖြစ်ပေသည်။

ငါးများ
လူတို့စားသုံး၍မရသောငါးအမျိုးမျိုးနှင့်စွန့်ပစ်ပစ္စည်းများကို ငါးမြေဩဇာအဖြစ် ပြုလုပ်သုံးစွဲနိုင်ပါသည်။ စဉ့်အိုး တစ်လုံး၊ ပလပ်စတစ်ပုံးတစ်ပုံးတွင် ငါးအပိုင်းအစများကိုထည့်ပြီး ရေထည့်အပုတ်ခံထားပါက အချိန်ကြာသော အခါ အတော်များများ ကြေပျက်အရည်ပျော်သွားမည်ဖြစ်သည်။ ထိုငါးပုတ်ရည်ကို အချို့သော စိုက်ပျိုးသူများက မြေဩဇာအဖြစ် အသုံးပြုကြသည်။ ထိုငါးပုတ်ရည်၏ အထူးကောင်းမွန်သောအာနိသင်ကို စိုက်ပျိုးသူ အတော်များများက သတိပြုမိကြပါသည်။ သို့သော် ငါးပုတ်အနံ့မှာ အလွန်ဆိုးဝါးသောကြောင့် စိုက်ပျိုးသူကို သာမက ဝန်းကျင်ရှိလူများအတွက်ပါ အခက်အခဲ ဖြစ်စေပါသည်။ အကယ်၍ ထိုအနံ့ကို လျော့နည်းပပျောက် အောင် ပြုလုပ်နိုင်ပါက ပို၍တွင်ကျယ်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ ဤသည်မှာလည်း အခက်အခဲကြီးမားစွာ မရှိပါ။ ဝက်ချေးများအတွင်းသို့ လေမှုတ်သွင်းသကဲ့သို့ ငါးပုတ်ရည်အတွင်းသို့ လျှပ်စစ်မော်တာများဖြင့် လေကို စဉ်ဆက်မပြတ် မှုတ်သွင်းပေးပါက အနံ့ဆိုးများပျောက်ပြီး ကောင်းစွာအသုံးပြုနိုင်ပါသည်။
အချို့ကလည်း ငါးအလေးချိန်၏ တစ်ဆခန့်ရှိသော ထန်းလျက်ကြံသကာကဲ့သို့ အချို့ပစ္စည်းတစ်မျိုးမျိုးကို ထည့် ပြီး ရေစိမ်ထားခြင်းဖြင့် ငါးပုတ်နံ့ကို သက်သာစေသည်။ ငံပြာရည်ကဲ့သို့ ငါးနှင့် အချိုပေါင်းစပ်နေသော အရည် မှာလည်း အာနိသင်ကောင်းမွန်သော သဘာဝမြေဩဇာကောင်းတစ်မျိုး ဖြစ်သည်။ အရွက်ဖျန်းမြေဩဇာ အဖြစ် လည်း ကောင်းစွာအသုံးပြုနိုင်သည်။ ဤသို့ဖြင့် နိုင်ငံခြားမှလာသော အနံ့ဖျောက်ထားသည့် ဈေးကြီး မြေဩဇာ များအစား ဈေးသက်သက်သာသာဖြင့် မြေဩဇာကောင်းတစ်မျိုးကို စိုက်ပျိုးသူကိုယ်တိုင် ပြုလုပ်သုံးစွဲ နိုင်ပါ သည်။

ဆီကြိတ်ဖတ်များ (Oil Cake) ပဲဖတ်၊ နှမ်းဖတ်
မြန်မာ့စိုက်ပျိုးသူများအနေနှင့် ပဲဖတ်၊ နှမ်းဖတ်ကဲ့သို့၊ ဆီကြိတ်ဖတ်များကို ရေစိမ်အပုတ်ခံပြီး၊ မြေဩဇာအဖြစ် အသုံးပြုတတ်ကြပါသည်။ ထိုအပုတ်ရည်များမှာ အပင်များ၏ ကြီးထွားဖွံ့ဖြိုးခြင်းကို အထူးကောင်းမွန်ကြောင်း တွေ့ရှိရသည်။ ကြိတ်ဖတ်ပုတ်များ၏ အဓိကအားနည်းချက်မှာ အနံ့ဆိုးဝါးလွန်းခြင်းဖြစ်သည်။ ထိုအနံ့များမှာ လက်များ၌ စွဲကပ်သွားပါက ဆပ်ပြာနှင့် အကြိမ်ကြိမ်ဆေးသည့်တိုင်အောင် အနံ့ဆိုးမပျောက်ကြပေ။ ထိုအနံ့ဆိုး များ ပပျောက်ရန် သို့မဟုတ် သက်သာစေရန်မှာ ကြံသကာ၊ ထန်းလျက်၊ တင်လဲရည်၊ သကြားကဲ့သို့ အချိုပစ္စည်း တစ်မျိုးမျိုးကို အသုံးပြုရန် လိုအပ်သည်။ ယနေ့စိုက်ပျိုးရေးဈေးကွက်တွင် ထိုသို့ပြုလုပ်ထားသော သဘာဝမြေဩ ဇာများကို တွေ့နိုင်ပေသည်။ သို့သော် တံဆိပ်အမျိုးမျိုးဖြင့်ရှိနေသော နိုင်ငံခြားမှ ရောက်လာသည့် မြေဩဇာများ မှာ သာမန်စိုက်ပျိုးသူများ၊ လက်လှမ်းမမှီနိုင်အောင် ဈေးကြီးလှသည်။ အကယ်၍ အသုံးပြုသောသီးနှံ ဈေးမ ကောင်းပါက အသုံးပြုရန် ပို၍ခက်ခဲမည်ဖြစ်သည်။ စိုက်ပျိုးသူများအနေနှင့် မိမိတို့အသုံးပြုမည့် မြေဩဇာ များကို ကိုယ်တိုင်ပြုလုပ် သုံးစွဲခြင်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။

ပဲဖတ်ကဲ့သို့ လူများစားသုံးခြင်း၊ တိရစ္ဆာန်များ စားသုံးခြင်းကြောင့် စိုက်ပျိုးသူများအသုံးပြုရန် ခက်ခဲလာပါ သည်။ ဤနေရာတွင် ရရာအခြားဆီကြိတ်ဖတ်အမျိုးမျိုးကို စားသုံးပြုနိုင်ပါသည်။

သွေးများ
သွေးများကိုလည်း သဘာဝမြေဩဇာများအဖြစ် အသုံးပြုနိုင်သည်။ သွေးကို မစားသောနိုင်ငံများတွင် မြေဩဇာ အဖြစ် တွင်ကျယ်စွာ အသုံးပြုကြသော်လည်း မြန်မာနိုင်ငံကဲ့သို့ တိုင်းပြည်တွင် လူအချို့က သွေးကိုစားသုံးကြ သဖြင့် သွေးများ၏ဈေးမှာ မြေဩဇာဈေးထက်မြင့်နေတတ်သည်။ သို့သော် တန်ဘိုးကြီးသီးနှံများအတွက် အထူး မြေဩဇာအဖြစ်နှင့်ကား အသုံးပြုနိုင်သော အတိုင်းအတာအထိ ရှိနေပါသေးသည်။ သွေးများမှာ အဖိုးတန် အာဟာရများဖြစ်သော အမိုင်နိုအက်ဆစ်များ၊ အိုင်းရွန်း ခေါ် သံဓာတ်ကြောင့် အလေးထား အသုံးပြုကြရသည်။ သွေးများကို အရွက်ဖျန်းမြေဩဇာရည်အဖြစ်စိမ်ကာ အသုံးပြုကြရသည်။ သွေးများကို အရွက်ဖျန်းမြေဩဇာရည် အဖြစ် စိမ်အသုံးပြုသောအခါ နှစ်ကာလကြာရှည်သွားသည့်တိုင်အောင် အနီရောင်ကျန်ရှိနေပါက သုံးစွဲသူများ အတွက် စိတ်ဝင်စားဘွယ် အကြောင်းတစ်ရပ်ဖြစ်သည်။ အမဲသွေး၊ ဝက်သွေးများကို စဉ့်အိုးများ၊ ပုလင်းကြီးများ အတွင်းရေစိမ်ထားသောအခါ တစ်ဖြည်းဖြည်းအရည်ပျော်သွားပြီး အနီရောင်အရည်အဖြစ် ရရှိနိုင်ပါသည်။ သစ်ခွ နှင့် တန်ဖိုးကြီးဘယဆေးပင်များ၊ အလှပင်များတွင် အထူးမြေဩဇာအဖြစ် အသုံးပြုနိုင်ပေသည်။
နိုင်ငံခြား တိုင်းပြည်ကြီးများ၏ သားသတ်ရုံမှ ထွက်လာသော သွေးများကို အခြောက်ခံ၊ အမှုန့် ပြုလုပ်ပြီး သဘာဝမြေဩဇာ အဖြစ်အသုံးပြုကြသည်။

သစ်ရွက်ဆွေးမြေဩဇာ
နည်းအမျိုးမျိုးဖြင့်ရရှိသော သစ်ရွက်စိမ်း၊ သစ်ရွက်ခြောက်များသာမက ရာသီအလိုက် အမြောက်အများ ကြွေကျ သော သစ်ရွက်များကို သစ်ရွက်စိမ်းမြေဩဇာအဖြစ် ပြုလုပ်သုံးစွဲကြသည်။ အရှေ့တိုင်းသားများအနေဖြင့် ဤ လုပ်ငန်းမျိုးကို အလေးထားမပြုလုပ်သော်လည်း အနောက်တိုင်းသားများကမူ အလေးထား ပြုလုပ်သုံးစွဲလျက် ရှိသည်။ ယင်းကို သဘာဝမြေဩဇာ တစ်မျိုးအဖြစ်သာမက၊ အလေးထားစိုက်ပျိုးသော အဖိုးတန်အပင်များ၊ ဥယျာဉ်တွင်းစိုက်ပျိုးသော အပင်များအတွက် စပ်မြေပြုလုပ်ရာတွင် အလေးထား အသုံးပြုလျက်ရှိသည်။ ယင်းတို့ ကို ပြုလုပ်ရာတွင်လည်း သာမန်သစ်ဆွေးမြေ compost များ ပြုလုပ်ပုံနှင့် ကွဲပြားသည်။ သစ်ရွက်များကို မြေဆီ လွှာအတွင်းရှိ မှိုများဖြင့် ဆွေးမြေ့စေခြင်းဖြင့် ရရှိသောသစ်ရွက်ဆွေးများသာဖြစ်သည်။ သာမန်သစ်ဆွေးမြေကဲ့သို့ အခြားပစ္စည်းများ ပါဝင်ခြင်းမရှိပေ။

ပီလောပီနံကဲ့သို့ သီးနှံပင်များကို ဥတူးဖော်သောအခါ အရွက်များတစ်ဧကလျှင် (၂) တန်ခန့် ထွက်ပေါ်လာမြဲဖြစ် သည်။ ယင်းတို့ကို အမှိုက်များအဖြစ် ယူဆကြသည်။ အချိန်အခါအလိုက် ရာသီအလိုက်ရရှိသော သစ်ရွက်များကို (၂) တင်းဝင်၊ (၃) တင်းဝင် ပလတ်စတစ်အိတ်၊ မြွေအရေခွံအိတ်များအတွင်း စုသိမ်းပြီး အပေါ်ယံမြေဆီလွှာ Top Soil တစ်ကီလိုခန့်ဖြင့် ရောစပ်ပြီး အိတ်ကိုပိတ်ထားသိုလှောင်ထားခြင်းသာ ဖြစ်သည်။ မြေဆီလွှာအတွင်း ပါလာ မြဲဖြစ်သော သဘာဝမှိုမျာကြောင့် အစိုဓာတ်လည်း အနည်းငယ်ရှိသေးသော သစ်ရွက်များကို လအနည်းငယ် အတွင်း ဆွေးမြေ့သွားစေမည်ဖြစ်သည်။ ဆွေးမြေ့မှုမြန်ခြင်း၊ နှေးခြင်းမှာဝန်းကျင် အပူချိန်(၂၂) ဒီဂရီစင်တီဂရိတ် ခန့်တွင် (၆) လ အတွင်း ဆွေးမြေ့နိုင်ပါသည်။ အကယ်၍ ထိုဆွေးမြေ့မှုကို ပို၍မြန်စေလိုပါက ဇီဝနှိုးဆွပစ္စည်းများ Activator’s ဖြစ်သော ဖွဲနု၊ ကြက်ချေး၊ နွားချေးတို့ကို အနည်းငယ်ရောစပ်ပေးထားနိုင်သည်။ ထိုအိတ်များကို သိုလှောင်ရာတွင် နေရောင်ရရှိရန်မလို၊ အရိပ်ရှိသော နေရာတစ်နေရာတွင် စုပုံ၍လည်းကောင်း၊ ထပ်ထား၍ လည်းကောင်း သိုထားနိုင်သည်။

သစ်ရွက်ဆွေးမြေဩဇာသည် မြေစိုက်သစ်ခွများ၊ အဖိုးတန် ဘယဆေးပင်များ၊ အလှပင်များ စိုက်ပျိုးရာ စပ်မြေ များတွင် ရောစပ်အသုံးပြုနိုင်သည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်