မြန်မာ့ရေထွက်ပို့ကုန်များတွင် ရောဂါပိုးတွေ့ရှိသည်ဟုဆိုကာ ဆော်ဒီနိုင်ငံသို့တင်ပို့ခွင့် ယာယီရပ်ဆိုင်းခံထားရမှု သုံးလ ကြာမြင့်သည်အထိ ထူးခြားမှုမရှိ

27/06/2018 15:14 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆော်ဒီနိုင်ငံသို့ တင်ပို့နေသည့် မြန်မာ့ရေထွက်ပို့ကုန်များတွင် ရေဂါပိုးတွေ့ရှိသည်ဟုဆိုကာ ဧပြီ  ၁ ရက်မှစတင်ပြီး တင်ပို့ခွင့် ယာယီရပ်ဆိုင်းခံထားရမှုသည် လက်ရှိအချိန်ထိ ပြန်လည်တင်ပို့ခွင့် ထူးခြားမှုမရှိသေးကြောင်း မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ဆော်ဒီနိုင်ငံသို့ တင်ပို့နေသည့် အအေးခန်းနှင့်မွေးမြူရေးကန်များကို ဆော်ဒီဘက်မှ လာရောက်စစ်ဆေးရန် မေလ တွင် အကြောင်းကြားထားသော်လည်း လက်ရှိအချိန်တွင် စစ်ဆေးမည့်ရက် အတိအကျသိရှိရန် အကြောင်းကြား စာ မရောက်ရှိသေးကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

“မွေးမြူရေး ငါးဈေးကွက်အခြေအနေက ဈေးမကောင်းဘူး။ ဈေးမကောင်းဘူးဆိုပေမယ့် အဆိုးဆုံးအခြေအနေ ကို ထိုးကျမသွားတာက ပင်လယ်ငါးတွေက ငါးမဖမ်းရရာသီ ပိတ်ထားတယ်။ မေ ၁၅ ရက်ကနေ သုံးလတိတိ ပိတ်ထားတော့ ပင်လယ်ကငါးက ကုန်တက်သိပ်မရှိဘူး။ ခုချိန် မွေးမြူရေးငါးကိုပဲ ပြည်တွင်းမှာ အားကိုးနေရတယ်။ အဲ့ဒီအတွက်ကြောင့် ငါးရှားနေတော့ ဈေးကွက်က အဆိုးရွားဆုံးအခြေအနေအထိ ပြုတ်ကျမသွားဘူး။ မွေးမြူသူတွေအတွက်ကတော့ အကျိုးအမြတ်မရှိတော့ပဲ တွက်ခြေမကိုက်ဘူး။” ဟု ဦးဝင်းကြိုင်ကဆိုသည်။

ယခင်က မြန်မာ့မွေးမြူရေးငါး၏ နိုင်ငံခြားတင်ပို့မှု ၃၀ ရာခိုင်နှုန်းနှင့် ငါးမြစ်ချင်းတင်ပို့မှု ၄၁ ရာခိုင်နှုန်းသည် ဆော်ဒီနိုင်ငံသို့ တင်ပို့နေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

“တင်ပို့ခွင့်သာ ပြန်မဖွင့်ခဲ့ဘူးဆိုရင် ပင်လယ်ငါးကလည်း ငါးမဖမ်းရ ရာသီလွတ်သွားလို့ စက်တင်ဘာလလောက်မှာ ပင်လယ်ငါးကလည်း ပြန်တက်လာမယ်။ အင်း၊ အိုင်ငါးတွေလည်း ပြန်တက်လာရင် မွေးမြူရေး ငါးတွေက တင်ပို့ခွင့်လည်းမရှိဘူးဆိုရင် အခြေအနေက အများကြီးဆိုးသွားနိုင်တယ်။ ဆော်ဒီကပိတ်လိုက်တာက မွေးမြူရေးငါးတွေမှာ ငါးမြစ်ချင်းတွေဖြစ်တယ်။ ငါးမြစ်ချင်းအစား တခြားဈေးကွက်ဝင်ငါးတွေ ပြောင်းမွေးရမှာပေါ့။ အဲ့ဒါမျိုးတွေက ကြိုးစားနေတုန်းပဲ။ ချက်ချင်းကြီး အောင်မြင်မှုတော့ရမှာ မဟုတ်သေးဘူး။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့တော့ ငါး၊ ပုစွန်မွေးမြူရေးမှာ နိုင်ငံတကာဈေးကွက်တွေကဝယ်တဲ့ ဈေးကွက်ဝင် အမျိုးအစားတွေကို မွေးဖို့၊ မွေးမြူ ရေးကာလတိုပြီး ကုန်များများထွက်တာတွေမွေးဖို့၊ ပြောင်းပြီးမွေးဖို့ ကြိုးစား နေပါတယ်။ ငါး၊ ပုစွန်မွေးမြူရေး စီမံကိန်းတွေမှာ အမျိုးအစားတွေပြောင်းဖို့အတွက်  ကြိုးစားနေတယ်” ဟု ဦးဝင်းကြိုင်က ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ နှစ်နိုင်ငံသံအမတ်များ တွေ့ဆုံမှုတွင် ဆော်ဒီမှ ကုန်သွယ်မှု ပိတ်ထားမှုတွင် မည်သည့်နိုင်ငံမှ ကုန်သွယ်မှု ခွင့်ပြုခြင်းမရှိခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှု ပြန်လည်ခွင့်ရန်ကြာမြင့်မည့် အခြေအနေတွင်ရှိသည်ကို မှတ်ချက်ပြုထားကြောင်း သိရသည်။ ဆော်ဒီနိုင်ငံက ရေထွက်ပစ္စည်းတင်သွင်းခွင့် ပိတ်မှုသည် ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့ကိုပါ တင်သွင်းခွင့်ပိတ်ထားသည်ဟု သိရသည်။

Source – Eleven Media 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်