ဆည်ရေလှောင်တမံများ၌ ငါးမွေးမြူခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူး

30/08/2024 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ကမ္ဘာပေါ်ရှိ ဆည်ရေလှောင်တမံ၊ ဆည်ကြီး ၃၅၀၀၀ ခု၏ ဆည်ရေပြင်ဧရိယာ(၁၂၁.၆)သန်းဧကတွင် ငါးထုတ်လုပ်မှုအနေဖြင့် တစ်နှစ်ပိဿာချိန် သန်း(၁၂၀၀၀)ကို ထုတ်လုပ်လျက်ရှိရာ ဆည်ဧရိယာတစ်ဧကလျှင် ငါးပိဿာချိန်(၁၀၀)အထိသာ ထုတ်လုပ်နိုင်ပြီး ထိုထုတ်လုပ်နိုင်မှုမှာ သမားရိုးကျ ဖမ်းဆီးထုတ်လုပ်ခြင်းသာဖြစ်ပါသည်။ ယခုအခါ နိုင်ငံတကာ၌ ကုန်းတွင်းတည်ရှိ အရင်းအမြစ်ဖြစ်သည့် ဆည်တာတမံများအတွင်းတွင် ငါးမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်လာကြရာ၌ ဆည်ငါးထုတ်လုပ်မှုမှာ ယခင်ကထက်လျင်မြန်စွာ တိုးတက်ထုတ်လုပ်နိုင်လျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ ဆည်တာတမံ၊ ရေလှောင်ကန်ဟုဆိုရာတွင် စိုက်ပျိုးရေးနှင့် ရေအားလျှပ်စစ်ထုတ်ယူသည့် ဆည်များသာမက သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ကန်ကြီးများလည်း ပါဝင်ပါသည်။

ဆည်ရေလှောင်တမံများအတွင်း ငါးမွေးမြူရေးလုပ်ငန်းများအဖြစ် ယင်း၊ လမု(ဝါး၊ ပိုက်စ)များ ကာရံ၍ မွေးမြူသည့် Pen Culture စနစ်နှင့် လှောင်အိမ်ဖြင့် မွေးမြူသည့် Cage Culture စနစ်တို့ဖြင့် မွေးမြူနိုင်ကြသည်ကို လေ့လာတွေ့ရှိရပါသည်။ Pen Culture စနစ်သည် တစ်ပိုင် တစ်နိုင် ဒေသခံများမှ ဆောင်ရွက်နိုင်သည့်စနစ်ဖြစ်ပြီး လှောင်အိမ်ဖြင့် မွေးမြူသည့် Cage Culture စနစ်မှာ စီးပွားဖြစ် ငွေကြေးရင်းနှီးမြှုပ်နှံမှုများသည့် မွေးမြူနည်းစနစ်တစ်ခု ဖြစ်ပါသည်။ 

ဆည်အတွင်း ငါးမွေးမြူခွင့်ပြုရာတွင် ဆည်၏ လျှိုလက်တက်ကျဥ်းသည့် နေရာများတွင် ယင်းတားစနစ်ဖြင့် ယင်း၊ ပိုက်ကာရံ၍ ငါးသန်အဆင့်ရှိ ငါးသားပေါက်များကို ထည့်သွင်းမွေးမြူပါက အစာကိုလည်း များစွာကျွေးရန် မလိုအပ်ဘဲ ဆည်အတွင်း၌ အလိုအလျောက်ဖြစ်ပေါ်နေသည့် အပင်မျှောလှေး(Phytoplankton)၊ သတ္တမျှောလှေး(Zooplankton)များကို စားသုံးခြင်းဖြင့် မွေးကန်များတွင် မွေးမြူခြင်းထက် ကြီးထွားနှုန်း မြန်နိုင်ပါသည်။

ထို့အပြင် အသီးအရွက်စားငါးမျိုးများကို အဓိကထား မွေးမြူခြင်းဖြင့် ဆည်အတွင်း ပေါက်ရောက်သည့် ဒိုက်၊ ရေမှော်၊ ရေညှိများကို စားသုံးခြင်းဖြင့်လည်း ကန်ရေပြင်တိမ်ကောမှုကို ထိန်းသိမ်းရာရောက်မည် ဖြစ်ပါသည်။ ဆည်အတွင်း ရေနက်ပိုင်း၌ ပိုက်လှောင်အိမ်(Net Cage Culture)စနစ်ဖြင့် ရေပြင်ကျယ်နေရာများ၌ မျှောလှေးစားငါးမျိုးစိတ်များကို မွေးမြူခြင်းသည် ဆည်၏ အရည်အသွေး၊ ရေပို့လွှတ်မှု၊ ဆည်၊တာတမံများ၏ အရည်အသွေးကို ထိခိုက်မှု မရှိသဖြင့် ခွင့်ပြုပေးသင့်ပါသည်။

Pen Culture စနစ်ဖြင့် ငါးမွေးမြူခြင်းသည် - သဘာဝရေပြင်တွင် ခြံခတ်၍ ငါးများကို လှောင်မွေးမြူသည့်စနစ်ဖြစ်ပါသည်။ များသောအားဖြင့် ရေငန်ပိုင်းတွင် ဒီရေတောများ မပျက်စီးစေဘဲ မွေးမြူသည့်စနစ်ဖြစ်ပြီး အင်းရေပြင်များ၌ ဖမ်းဆီးရေးကို အခြေခံသည့် မွေးမြူနည်းစနစ် အဖြစ် ဆောင်ရွက်ကြပါသည်။ ခြံခတ်ရာတွင် ဝါးယင်းဖြင့် ဖြစ်စေ၊ ပိုက်ဖြင့် ဖြစ်စေ လျှိုကြား၌ တစ်ဘက်ပိတ်၍ လည်းကောင်း၊ ရေပြင်ကျယ်တွင် ပုံစံအမျိုးမျိုးဖြင့် ကာရံ၍လည်းကောင်း မွေးမြူ လေ့ရှိကြပါသည်။

ထိုသို့ မွေးမြူခြင်းအားဖြင့် ဆည်အတွင်း သဘာဝရေပြင်မှ ပေါကြွယ်ဝသည့်အစာကြောင့် ငါးများကြီးထွားနှုန်းမြန်၍ အချိန်တိုအတွင်း ကန်များတွင် မွေးမြူခြင်းထက် ငါးထုတ်လုပ်မှု ပိုမိုရရှိနိုင်ပါသည်။ရေတိမ်သည့် လျှိုလက်တက်များ၌ ဆောင်ရွက်နိုင်ပါသည်။ တစ်ဧကထွက်ရှိမှုမှာ တစ်နှစ်ပိဿာ(၁၃၀၀)အထိ ထွက်ရှိနိုင်ပါသည်။

အများအားဖြင့် မြက်စားငါးကြင်း၊ ရွှေဝါငါးကြင်းနှင့် ထိုင်းငါးခုံးမကြီး၊ ငါးမြစ်ချင်းများကို ဦးစားပေးမွေးမြူနိုင်ပါသည်။ ရေအနေအထားပေါ်မူတည်၍ နှစ်ပေါက်ဖြစ်စေ၊ ကာလတိုဖြစ်စေ မွေးမြူနိုင်ပါသည်။ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များမှ ဆောင်ရွက်နိုင်သည့် လုပ်ငန်းဖြစ်ပါသည်။

Cage Culture စနစ်ဖြင့် ငါးမွေးမြူခြင်းသည်- ပိုက်လှောင်အိမ်ဖြင့် မွေးမြူသည့်စနစ်(ပေါလောပေါ်စနစ်)ဖြစ်သည်။ သဘာဝမြစ်ချောင်း၊ ပင်လယ်၊ ရေပြင်ကျယ်များတွင် မွေးမြူသည့်စနစ်တစ်ခုဖြစ်ပြီး ဆည်ရေလှောင်တမံများတွင် မွေးမြူကြပါသည်။ ၄င်းစနစ်မှာ သိပ္ပံနည်းကျအထွက်တိုးစနစ်တစ်ခုဖြစ်ပြီး ငါးကောင်ရေများများဖြင့် ကန်ကြပ်အထွက်တိုး မွေးမြူနိုင်ပါသည်။သို့ရာတွင် အဆိုပါစနစ်တွင် သဘာဝအစာဖြင့် မွေးမြူ၍ မရဘဲ ဖြည့်စွက်အစာကျွေးမွေးရန် လိုအပ်ချက်၊ ပိုက်လှောင်အိမ်တန်ဖိုးကြီးမြင့်မှုတို့ကြောင့် ရင်းနှီးမြှုပ်နှံမှုများ၍ တစ်ပိုင်တစ်နိုင်သမားများ ဆောင်ရွက်မှုမရှိကြပါ။(၂၀)ပေ ပတ်လည်လှောင်အိမ်တစ်ခုလျှင် တစ်နှစ်(၃)တန်အထိ ထွက်ရှိအောင် မွေးမြူနိုင်ပါသည်။ ငါးတန်၊ ငါးခူ၊ ငါးရံ့ကဲ့သို့သော ငါးမျိုးများ၊ ကကတစ်၊ ငါးမုတ်နှင့် အခြားရေချိုငါးမျိုးစိတ်များကိုလည်း မွေးမြူနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်