ရေလွှမ်းနစ်မြုပ်ခဲ့သည့် စိုက်မြေများကို ပြန်လည်ပြုပြင်ပေးရမည့် အချက် (၉) ချက်

18/10/2023 13:00 PM တွင် ဖုန်းမဏ်တိုး ဖုန်းမဏ်တိုး မှ ရေးသား

ယခုအချိန်သည် မုတ်သုံရာသီနှင့် မိုလွန်ရာသီအကူးအပြောင်းဖြစ်သည့်အတွက် တိုင်းနယ်ပြည်နယ်အတော်များများမှာ မိုးကြီး ရေလျှံတာမျိုးများ ကြုံတွေ့နေကြရပါသည်။ ထို့ကြောင့် တချို့ဒေသရှိ စိုက်ပျိုးမြေအတော်များများ ပျက်စီးသွားကြသည်ကို မိတ်ဆွေတို့ အသိပါ။

ဆိုတော့ စိုက်ပျိုးသူဦးကြီးတို့အနေဖြင့် ပျက်စီးသွားသော စိုက်ပျိုးမြေများကို မည်သို့ပြုပြင်ပြီး နောက်ရာသီသီးနှံများကို မည်ကဲ့သို့စိုက်ပျိုးသင့်သည်ဆိုသည့် အကြောင်းအရာများကို ဖော်ပြပေးလိုက်ရပါသည်။

  • ဦးကြီးတို့၏စိုက်ခင်းထဲတွင် ရောက်ရှိလာသော အရာများ (ဥပမာ - သစ်သားတုံး) ကြောင့် အပင်ပေါက် မညီခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့်ရေစီးကြောင်းနှင့် အတူမျောပါလာသော အန္တရာယ်ဖြစ်နိုင်သည့် အရာဝတ္ထုများဖြစ်သည့် သံမှိုပါသော သစ်သားတုံးများ၊ သစ်ကိုင်းများ၊ အမှိုက်များ၊ ပေါင်းပင်များအား လူတို့ကို ထိခိုက်မှုမရှိစေရန် ပထမဦးဆုံး ကောက်ယူဖယ်ရှားပေးပါ။ 
  • ရေလွှမ်းခံရသည့် မြေဆီလွှာသည် ဖွာပြီးခြောက်သွားခြင်း (သို့) စေးသွားခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ထိုအချိန်တွင် ထယ်နက်နက်ထိုးခြင်းကို မပြုလုပ်သင့်ပါ။ ဘိုကာရှီမြေသြဇာ (သို့) အော်ဂဲနစ်မြေဆွေး၊ အပင်ထွက် စွန့်ပစ်ဆွေးမြည့်ပစ္စည်း (သို့) နွားချေး၊ ကြက်ချေးများ ထည့်သွင်းပေးပါ။
  • ခုတ်ဖုံးစနစ် မဟုတ်ခဲ့သော ရေလွှမ်းမြေတွင် စက်ထွန်ပါကလည်း မြေသား၏ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှု များမည်ဖြစ်သဖြင့် ထယ်နက်ခြင်း၊ ထယ်ရေးအကြိမ်များများထိုးခြင်းကို ဂရုပြုရှောင့်ရှားသင့်ပါသည်။
  • မြေဆီလွှာမျက်နှာပြင်ခြောက်သွေ့နေလျှင် နိုက်ထရိုဂျင် (ပုလဲ) နှင့် ပိုတက်စီယမ် ပါဝင်သော ဓာတ်မြေသြဇာများ သဘာဝအနေဖြင့် စက်ဖွဲပြာနှင့် ကြက်ချေးမြေဆွေးများ၊  မြေဆီလွှာကို ပြန်လည်ပြုပြင်ပေးသော ဒိုလိုမိုက်၊ ဂျစ်ပဆမ် မြေသြဇာများစသည်တို့ကို ပြန်လည်ထည့်သွင်းပေးသင့်ပါသည်။ 
  • စပါးခင်းတွင် စပါးအရွက်/အပင်အား ထိခိုက်မှုမရှိပါက ရွက်ဖျန်းမြေသြဇာများ ဖျန်းပေးနိုင်ပါသည်။
  • မြေဆီလွှာထဲရှိ အပင်အတွက် အကျိုးပြုသော အဏုဇီဝပိုးများ (Microorganism) များသည် ရေထဲတွင်မျောပါသွားနိုင်ခြင်း၊ သေဆုံးခြင်းများရှိသောကြောင့် ကြက်ချေးမြေသြဇာများ (သို့) အော်ဂဲနစ်ပစ္စည်း (သစ်ဆွေးဓာတ်မြင့်မား) သော သဘာဝမြေသြဇာများကို ထည့်သွင်းပေးသင့်ပါသည်။ ကောင်းစွာဆွေးမြည့်သော ကြက်ချေးနှင့် အီးအမ်ဘိုကာချီသုံးခြင်းတို့သည် တစ်ခြားသော သဘာဝမြေသြဇာများထက် ပိုမိုသင့်တော်ကောင်းမွန်ကြောင်း ရေမြုပ်တတ်သောနိုင်ငံများမှ သုတေသန များတွင် ညွှန်ပြထားကြသည်။ 
  • ထို့အပြင် နောက်တစ်ရာသီစိုက်ပျိုးမည့်သီးနှံဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်းသည် ရေအနည်းငယ်သာ လိုအပ်သော သီးနှံဖြစ်သောကြောင့် စိုက်ခင်းအတွင်း ရေများအလွန်အမင်းကျန်ခဲ့ပါက ရေအနည်းငယ်သာ ချန်၍ ရေထုတ်ပြီး မြေဆီလွှာအစိုဓာတ်အား လျှော့ချပေးထားရန်လိုအပ်ပါသည်။ 
  • ရေအစိုဓာတ်များသောမြေသည် မြေတွင်းအောင်းမှိုရောဂါနှင့် ပျော့ပုပ်ခါးရိများကို အားပေး၍ ပိုမိုကျနိုင်သဖြင့် မျိုးစေ့များကို ကာကွယ်မှိုသတ်ဆေးများဖြင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။ လူးနယ်သင့်သော မှိုသတ်ဆေးအေအိုင်များမှာ - Metalaxyl, Pyraclostrobin, Azoxystrobin တို့ဖြစ်သည်။ မှတ်ချက် ပိုးများသည် ရေလွှမ်းသည့်အချိန်တွင် သေဆုံးနိုင်သဖြင့် ပိုးသတ်ဆေးအေအိုင်များကို ဖော်မပြထားပါ။ 
  • ရေလွှမ်းမြေများတွင်  ရိုင်ဇိုဘီယမ် ခေါ် ပဲမြစ်ဖု (နိုင်ထရိုဂျင်ဖမ်းသော အကျိုးပြု အဏုဇီဝဘတ်တီးရီးယား) များ အထူးလျော့ပါးနိုင်သဖြင့် ပဲမြစ်ဖု ဇီဝမြေဩဇာများ (Rhizobium inoculant) များကိုလည်းလူးနယ်သင့်သည်။ မြေဆောင်မှိုများကို ကာကွယ်လျှော့ချပေးသော ထရိုင်ခိုဒါးမားမှိုကိုလည်း လူးနယ်စိုက်ပျိုးနိုင်သည်။ အထက်ဖော်ပြပါ မှိုသတ်ဆေးအေအိုင်များဖြင့် ယခု ဖော်ပြသော အကျိုးပြုအဏုဇီဝ ပိုး (၂) မျိုးမှာ တည့်ပါသည်။ 

အစကောင်းမှ အနှောင်းသေချာစေသည့်အတွက် ပဲများအထွက်တိုးစေရန် အစကတည်းက ကြိုတင်ပြင်ဆင်သင့်ပါကြောင်း။

ဖုန်းမဏ်တိုး (ရေဆင်းရနံ့)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်